Alpha Premium

Amazon

The Boarding School: Las Cumbres 7.5
The Boarding School: Las Cumbres (member only) ##unicode ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Boarding school : Las Cumbres ဆိုတဲ့စပိန်ကားလေးပဲဖြစ်ပါတယ် ၂၀၀၇-၂၀၁၀ ခုနှစ်တွေတုန်းက ရေပန်းစားခဲ့တဲ့ El Internado ဆိုတဲ့ဇာတ်ကားကိုပြန်လည်ရိုက်ကူး ထားတာပါ လက်စ်ကမ်ဘာဆိုတဲ့ ဘော်ဒါကျောင်းဟာအကျင့်စာရိတ္တပျက်ပြားတယ် ဆိုးသွမ်းတယ်ဆိုပြီးလူမှုပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့သူတွေ ပြစ်မှုမှတ်တမ်းရှိတဲ့လူငယ်တွေကိုပြန်လည်တည့်မတ်ပေး ပညာသင်ပေးတဲ့ကျောင်းဖြစ်ပါတယ် လက်စ်ကမ်ဘာကျောင်းဟာ လူသူအရောက်ပေါက်နည်းတဲ့ တောတောင်တွေကြားထဲမှာတည်ရှိတာဖြစ်ပြီးတော့ အနီးတစ်ဝိုက်တောတွေထဲမှာထူးခြားပြီးလျှို့ဝှက်တဲ့ ကျီးကန်းမျက်နှာဖုံးနဲ့ ရှေးဟောင်းလူတွေနေထိုင်တယ်လို့ ဆိုကြပါတယ် တစ်နေ့မှာတော့ လက်စ်ကမ်ဘာကနေ ကျောင်းသားတွေထွက်ပြေးရင်းနဲ့ ကျီးကန်းမျက်နှာဖုံးနဲ့လူကိုတွေ့ခဲ့ရပါတယ် ထူးဆန်းတဲ့ရှေးဟောင်းလူတွေတောထဲမှာတကယ်ရှိနေတာလားလက်စ်ကမ်ဘာကျောင်းအနေနဲ့ ဘေးကင်းနိုင်ပါ့မလားဆိုတာ ကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး ##zawgyi ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Boarding school : Las Cumbres ဆိုတဲ့စပိန်ကားလေးပဲဖြစ်ပါတယ် ၂၀၀၇-၂၀၁၀ ခုနှစ်တွေတုန်းက ရေပန်းစားခဲ့တဲ့ El Internado ဆိုတဲ့ဇာတ်ကားကိုပြန်လည်ရိုက်ကူး ထားတာပါ လက်စ်ကမ်ဘာဆိုတဲ့ ဘော်ဒါကျောင်းဟာအကျင့်စာရိတ္တပျက်ပြားတယ် ဆိုးသွမ်းတယ်ဆိုပြီးလူမှုပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့သူတွေ ပြစ်မှုမှတ်တမ်းရှိတဲ့လူငယ်တွေကိုပြန်လည်တည့်မတ်ပေး ပညာသင်ပေးတဲ့ကျောင်းဖြစ်ပါတယ် လက်စ်ကမ်ဘာကျောင်းဟာ လူသူအရောက်ပေါက်နည်းတဲ့ တောတောင်တွေကြားထဲမှာတည်ရှိတာဖြစ်ပြီးတော့ အနီးတစ်ဝိုက်တောတွေထဲမှာထူးခြားပြီးလျှို့ဝှက်တဲ့ ကျီးကန်းမျက်နှာဖုံးနဲ့ ရှေးဟောင်းလူတွေနေထိုင်တယ်လို့ ဆိုကြပါတယ် တစ်နေ့မှာတော့ လက်စ်ကမ်ဘာကနေ ကျောင်းသားတွေထွက်ပြေးရင်းနဲ့ ကျီးကန်းမျက်နှာဖုံးနဲ့လူကိုတွေ့ခဲ့ရပါတယ် ထူးဆန်းတဲ့ရှေးဟောင်းလူတွေတောထဲမှာတကယ်ရှိနေတာလားလက်စ်ကမ်ဘာကျောင်းအနေနဲ့ ဘေးကင်းနိုင်ပါ့မလားဆိုတာ ကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး Review – Phyu Sin File Size – 800MB (per Episode) Format…mp4 Quality ...
7.5
TMDb: 7.5/10 659 votes
tv


2021
DOM (2021) 7.5
DOM (2021) ##unicode အားလုံးပဲ ဒီတစ်ခေါက် စီးရီးကောင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ .. မူးယစ်ဆေးဝါးပညာပေးကားလေးဆိုရင်လည်းမမှားပါဘူး.... ဒီကားလေးက ပက်ထရိုဒွန်ဆိုတဲ့ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ထားကူးတာဖြစ်ပါတယ်... .အလယ်တန်းလောက်မှာ ကိုကင်းကို စမ်းသုံးကြည့်မိတဲ့ ဒွန်တစ်ယောက် သူ့ဘဝ အဲ့ဒီနေ့ကနေ စပြီး မူးယစ်ဆေးဝါးနွံထဲ နစ်ခဲ့ရတယ် ..သူ့သူငယ်ချင်းလီကိုနဲ့ မဖြစ်စလောက် အရွယ်လေးကတည်းကကိုကင်းတွေ သုံးလိုက် ဆင်ခြေဖုံးရပ်ကွက်တွေက ပါတီတွေသွားပြီး ပျော်မွေ့နေလိုက်နဲ့ အချိန်ကုန်နေခဲ့တယ်..နောက်တော့ ၁၀နှစ်သာသာလေး ရှိတဲ့ ဒွန်ဟာ ဆေးသုံးဖို့ အိမ်က ပစ္စည်းတွေ ခိုးတတ်လာတယ် ..တဖြည်းဖြည်း မိဘတွေသိသွားပြီး ပက်ထရိုကို ဆေးဖြတ်ဖို့ အစွမ်းကုန်ကြိုးစားကြတော့တယ်..ဒါပေမယ့်လည်း မူးယစ်နွံထဲ နစ်နေတဲ့ လူတစ်ယောက်ကိုဆွဲခေါ်ဖို့မလွဲကူခဲ့ဘူး..အကြိမ်ကြိမ်ကြိုးစားလိုက်..အကြိမ်ကြိမ်ကျရှုံးလိုက်ပဲ..သို့ပေမယ့် သူ့ရဲ့ မိဘတွေဟာ သူ အသက်ကြီးလာတဲ့ထိ ဆေးဖြတ်ဖို့ကို လက်မလျှော့ခဲ့ဘူး..အသက်ကြီးလာတော့ ရိုးရိုးဆေးသုံးတာကနေ အပေါင်းအသင်းတွေနဲ့ ရာဇဝတ်မှူတွေလုပ်တတ်လာတယ်..ဒီကားလေးကတော့ သူ့ရဲ့ မိဘတွေက သူ့ကို အစွမ်းကုန် ဆေးဖြတ်ဖို့ ကြိုးစားကြတဲ့ ကားမျိုးလေးပေါ့ ဟုတ်ကဲ့ အများကြီးပြောနေရင် ဇာတ်လမ်းပေါ့သွားမယ်ဗျာ ... ဒီကားလေးမှာမိဘတစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားတွေ...သူငယ်ချင်းတွေကြားက သစ္စာရှိမှုတွေ.. ဘဝမှာကောင်းတဲ့ သူငယ်ချင်းလည်း ရှိသလို ကိုယ့်ကို ဖျက်ဆီးမယ့် သူငယ်ချင်းတွေလည်း ရှိတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားတဲ့ ...
7.5
TMDb: 7.5/10 39 votes
tv

DOM (2021)

2021
The Family Man 8
The Family Man ##unicode ဒီတစ်ခါတင်ဆက်ပေးမှာကတော့ The Family Manဆိုတဲ့အိန္ဒိယမှုခင်း Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ် Season 1 က ၂၀၁၉ ခုနှစ်လောက်ကထွက်ရှိထားတာဖြစ်ပြီး Filmfare OTT Awards မှာဆု ၁၁ဆုအတွက်ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ဆု ငါးဆုတိတိရရှိထားတာလည်းဖြစ်ပါတယ် Season 2 မှာတော့ အထူးအေးဂျင့်ရှရီကန့်တီဝါရီဟာအလုပ်ထွက်ပြီး သာမန်ရုံးဝန်ထမ်းဘဝမှာနေထိုင်နေပေမယ့် ဝါသနာနဲ့ဘဝထပ်တူမကျတာကြောင့်အမြဲတစေ စိတ်ဖိစီးမှုတွေများနေရပါတယ် မိသားစုနဲ့လည်းသိပ်အဆင်မပြေတာကြောင့် ရှရီကန့်ဟာနေ့စဉ်ဘဝမှာဖိအားတွေများလာပါတယ် တစ်နေ့မှာတော့အိန္ဒိယနိုင်ငံရဲ့လုံခြုံရေးကို အကြမ်းဖက်တွေက ခြိမ်းခြောက်လာပါတော့တယ် ရှရီကန့်တစ်ယောက်သူနိုင်ငံအတွက် တာဝန်ထမ်းဆောင်မယ့် အေးဂျင့်ဘဝကိုရွေးချယ်မလား သာမန်မိသားစုနဲ့အေးအေးချမ်းချမ်းနေမလားဆိုတာကို ဆုံးဖြတ်ရပါတော့တယ် ရှရီကန့်တစ်ယောက်နိုင်ငံကိုကာကွယ်ဖို့အတွက်တာဝန်ထမ်းဆောင်ရင်း တစ်ချိန်တည်းမှာမိသားစုကို ဘယ်လိုစောင့်ရှောက်သွားမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် ##zawgyi ဒီတစ်ခါတင်ဆက်ပေးမှာကတော့ The Family Manဆိုတဲ့အိန္ဒိယမှုခင်း Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ် Season 1 က ၂၀၁၉ ခုနှစ်လောက်ကထွက်ရှိထားတာဖြစ်ပြီး Filmfare OTT Awards မှာဆု ၁၁ဆုအတွက်ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ဆု ငါးဆုတိတိရရှိထားတာလည်းဖြစ်ပါတယ် Season 2 မှာတော့ အထူးအေးဂျင့်ရှရီကန့်တီဝါရီဟာအလုပ်ထွက်ပြီး သာမန်ရုံးဝန်ထမ်းဘဝမှာနေထိုင်နေပေမယ့် ဝါသနာနဲ့ဘဝထပ်တူမကျတာကြောင့်အမြဲတစေ စိတ်ဖိစီးမှုတွေများနေရပါတယ် မိသားစုနဲ့လည်းသိပ်အဆင်မပြေတာကြောင့် ရှရီကန့်ဟာနေ့စဉ်ဘဝမှာဖိအားတွေများလာပါတယ် တစ်နေ့မှာတော့အိန္ဒိယနိုင်ငံရဲ့လုံခြုံရေးကို အကြမ်းဖက်တွေက ခြိမ်းခြောက်လာပါတော့တယ် ရှရီကန့်တစ်ယောက်သူနိုင်ငံအတွက် တာဝန်ထမ်းဆောင်မယ့် အေးဂျင့်ဘဝကိုရွေးချယ်မလား သာမန်မိသားစုနဲ့အေးအေးချမ်းချမ်းနေမလားဆိုတာကို ဆုံးဖြတ်ရပါတော့တယ် ရှရီကန့်တစ်ယောက်နိုင်ငံကိုကာကွယ်ဖို့အတွက်တာဝန်ထမ်းဆောင်ရင်း တစ်ချိန်တည်းမှာမိသားစုကို ဘယ်လိုစောင့်ရှောက်သွားမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် Review – Phyu Sin File ...
8
TMDb: 8/10 41 votes
tv

The Family Man

2019
Solos 9.2
Solos ##unicode အခုတင်ဆက်ပေးလိုက်တဲ့miniseriesကတော့ Amazon Studiosကရိုက်ကူးထားပြီး နောက်ဆုံးအသစ်ထွက်ရှိထားတာပဲဖြစ်ပါတယ် ဒီseriesလေးက အတော်လေးထူးခြားပြီးအဓိပ္ပါယ်ရှိတဲ့seriesလို့ပြောနိုင်ပါတယ် လူသားတစ်ယောက်ဖြစ်ရတဲ့အဓိပ္ပါယ်တွေကို တစ်ပိုင်းချင်းစီမှာ မတူညီတဲ့လူတစ်ယောက်ချင်းစီနဲ့ ဖော်ပြထားတာဖြစ်ပါတယ် မင်းသားကြီး Morgan Freeman ရယ် Falconမင်းသား နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ် အချိန်ခရီးသွားတဲ့ သိပ္ပံပညာရှင်ရဲ့အကြောင်း ၊ မှတ်ဉာဏ်တွေခိုးယူသွားတဲ့သူရဲ့အကြောင်းတွေ ၊ pandemic ဖြစ်လို့ stay home အနှစ်၂၀တောင်နေခဲ့တဲ့လူအကြောင်း အစရှိသဖြင့် episodeတစ်ပိုင်းချင်းစီက အတွေးတွေအများကြီးပေးနိုင်မှာပဲ ဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် ##zawgyi အခုတင်ဆက်ပေးလိုက်တဲ့miniseriesကတော့ Amazon Studiosကရိုက်ကူးထားပြီး နောက်ဆုံးအသစ်ထွက်ရှိထားတာပဲဖြစ်ပါတယ် ဒီseriesလေးက အတော်လေးထူးခြားပြီးအဓိပ္ပါယ်ရှိတဲ့seriesလို့ပြောနိုင်ပါတယ် လူသားတစ်ယောက်ဖြစ်ရတဲ့အဓိပ္ပါယ်တွေကို တစ်ပိုင်းချင်းစီမှာ မတူညီတဲ့လူတစ်ယောက်ချင်းစီနဲ့ ဖော်ပြထားတာဖြစ်ပါတယ် မင်းသားကြီး Morgan Freeman ရယ် Falconမင်းသား နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ် အချိန်ခရီးသွားတဲ့ သိပ္ပံပညာရှင်ရဲ့အကြောင်း ၊ မှတ်ဥာဏ်တွေခိုးယူသွားတဲ့သူရဲ့အကြောင်းတွေ ၊ pandemic ဖြစ်လို့ stay home အနှစ်၂၀တောင်နေခဲ့တဲ့လူအကြောင်း အစရှိသဖြင့် episodeတစ်ပိုင်းချင်းစီက အတွေးတွေအများကြီးပေးနိုင်မှာပဲ ဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် Review – Hmue File Size – 800MB (per episode) Format…mp4 Quality ...
9.2
TMDb: 9.2/10 6 votes
tv

Solos

2021
Tandav (2021)
Tandav (2021) အားလုံးပဲ မင်္ဂလာပါ ခင်ဗျ... မကြာသေးခင်တုန်းက အမေဇုန်က ထုတ်လွှင့်ခဲ့တဲ့ မင်းသားကြီး ဆေ့ဖ်အလီခန်းရဲ့ နိုင်ငံရေး ကားလေးကို ချစ်ပရိတ်သတ်ကြီးအတွက် အမြန်ဆုံး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်.... ဒီ စီးရီကလေးက မထွက်ခင် Trailer မှာတောင် ကြည့်ရှုသူ သန်းငါးဆယ်အထိ မြင့်တက်ခဲ့ပါတယ်... နိုင်ငံရေးမှာ ကျိန်းသေပေါက် ဖြစ်နေမြဲ ဖြစ်နေတာကတော့ လုပ်ကြံမှုပါပဲ..ပါတီ အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ပါတီတွင်း လုပ်ကြံသတ်ဖြတ်မှူတွေဖြစ်လေ့ရှိပါတယ်.....မိမိရဲ့ပါတီအနိုင်ရဖို့ ကျိန်းသေနေတာတောင် ဘယ်သူ့ကို ဘယ်နေရာပေးမယ် ဘယ်သူ့ကို ဘယ်ဝန်ကြီးခန့်မယ်ဆိုတာတွေနဲ့ ပတ်သတ်ပြီး နေရာလု လုပ်ကြံမှုတွေ ပါတီတွင်းမှာ ဖြစ်နေကြစမြဲပါ..ဒီကားလေးမှာလဲ ဒီလိုပါပဲ သုံးကြိမ်ဆက်တိုက် အနိုင်ရလာတဲ့ ဂျေအယ်လ်ဒီ ပါတီဟာ အခုတစ်ခါ ရွေးကောက်ပွဲမှာလည်း နိုင်ဖို့ကို အသာစီးရနေပါတယ်...ရွေးကောက်ပွဲ ရလဒ် ထွက်ဖို့ တစ်ရက် အလိုအထိကို အပြတ်အသတ် နိုင်တဲ့ အနေအထားရှိနေခဲ့တယ်..ဒါပေမယ့် ဒီလို နိုင်ဖို့ များလေလေ အစိုးရအသစ်ပြန်ဖွဲ့တဲ့အခါ နေရာရကြဖို့ လုပ်ကြံသတ်ဖြတ်မှုတွေ များလေလေပါပဲ... အဲ့ဒီပါတီရဲ့ ဥက္ကဌလည်းဖြစ် ဝန်ကြီးချူပ်လည်းဖြစ်တဲ့ ဒဗ်ခီနန်ဒန်ဟာ ရွေးကောက်ပွဲ ...

Tandav (2021)

2021
Mirzapur 8.4
Mirzapur (ဒီစီးရီး တခြားအိန္ဒိယကားတွေနဲ့ ကွဲပြားလိမ့်မယ်လုိ့ထင်ပါတယ်…Overတွေမပါသလို ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလနဲ့စတင်ပြီး မူးယစ်ဂိုဏ်းတွေ၊လူမိုက်ပေါင်းစုံတွေ ခရိုနီတွေနဲ့ အာဏာရဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားတဲ့သူတွေနဲ့ဖွဲ့စည်းထားပြီး အတော်ကြီးကိုကြမ်းပါတယ်…) တရးဥပဒေစိုးမိုးမှုမရှိတဲ့ မီဇာပူးမြို့မှာမီလျံနာသူဌေးတစ်ဖြစ်လဲ မာဖီယားဂိုဏ်းစတားဖြစ်သူ အခန်ဒနန် ထရီပါသီ ဟာသြဇာအာဏာကြီးမားပြီး တစ်မြို့လုံးကိုချုပ်ကိုင်ထားတယ်… သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်သူ မူနာ ထရီပါသီ ကတော့ အရည်အချင်းမရှိ ဖခင်ဖြစ်သူရဲ့အမွေစရိုက်အရာနဲ့ထိုက်တန်ခြင်းမရှိဘဲ အာဏာပါဝါ မက်မောတမ်းတနေတဲ့လူတစ်ယောက်… သူဟာမင်္ဂလာပွဲတစ်ခုရဲ့အဖြစ်အပျက်တစ်ခုကြောင့် ရိုးဖြောင့်မှန်ကန်တဲ့ရှေ့နေတစ်ဦးဖြစ်သူ ရမခန်ပါဒစ် နှင့် သူ့သားများဖြစ်ကြတဲ့ ဂူဒူနဲ့ဘာလူး တို့မိသားစုနဲ့ရင်ဆိုင်လာရတော့တယ်.. .ဂူဒူနဲ့ဘာလူးတို့ဟာ သူ့အဖေကိုမီပူဇာမြို့ဘုရင်ရဲ့သားဖြစ်သူရဲ့ အနှောင့်အယှက်အန္တရာယ်ပေးမှုအောက်မှ ကာကွယ်ဖို့အတွက် မီပူဇာမြို့ဘုရင် အခန်ဒနန်ထရီပါသီရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်. .ဒီလိုလောကမျိုးကြီးဟာ ဝင်ပြီးရင်ပြန်ထွက်မရဘူးဆိုတာသူတို့သိပေမယ့် အဖေကိုလဲကာကွယ်နိုင် ငွေလဲအလွယ်တကူရှာနိုင်မှာဖြစ်တဲ့အတွက် မျက်စိစုံမှိတ်ကာညီအစ်ကိုနှစ်ယောက် ရှေ့ဆက်တိုးခဲ့ကြတဲ့ပြီး မီပူဇာမြို့ဘုရင်ကြီးရဲ့ ခြင်္သေ့များဖြစ်လာကြတဲ့အခါမှာတော့…  
8.4
TMDb: 8.4/10 39 votes
tv

Mirzapur

2018
The Forgotten Army – Azaadi ke liye 6.6
The Forgotten Army – Azaadi ke liye The Forgotten Army – Azaadi ke liye (2020) ဇာတ်လမ်းတွဲ မြန်မာစာတမ်းထိုး   အစ/အဆုံး (အပိုင်း ၅ ဇာတ်သိမ်း) “သမိုင်းဆိုတိုင်း မှတ်ထားနေဖို့မလိုဘူး သမိုင်းရဲ့တစ်ချို့သော အခန်းတွေကို မေ့သင့်ရင် မေ့ပစ်ရတယ်” တဲ့။ ဒီ စီးရီးကတော့ ၁၉၉၆ ခုနှစ်ကို နောက်ခံထားပြီးရိုက်ကူးထားတာပါ။ ၁၉၉၆ ဆိုတော့ မြန်မာနိုင်ငံမှာ ကျောင်းသားသပိတ်ဖြစ်နေတဲ့ကာလပေါ့။ ၁၉၉၆ ကို နောက်ခံထားသော်လည်း ဇာတ်လမ်းက ဒုတိယ ကမ္ဘာစစ်ကို အဓိက တင်ဆက်ထားတာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဘက်ကနေပြီးတော့ အိန္ဒိယစစ်သားတွေက ပါ၀င်ပြီး တိုက်ပွဲ၀င်ခဲ့ကြရပါတယ်။ ဒါပေမယ့် သမိုင်းတွေထဲမှာတော့ အိန္ဒိယစစ်သားဆိုပြီး ထည့်သွင်းဖော်ပြခြင်းမခံရပဲ မေ့ထားခြင်းကို ခံရတာပါ။ ဒါကြောင့်ပဲ The Forgotten Army ဆိုပြီး ဒီ စီးရီးလေးဖြစ်လာတာပါ။ မြန်မာပြည်ရဲ့ တစ်စိတ်တစ်ဒေသကိုလည်း မြင်တွေ့ရမယ့် စစ်ကားကောင်းလေး တစ်ကားဆိုတာ အာမခံပါတယ်။ စစ်ကားကြိုက်ပြီး သမိုင်းကိုလည်း စိတ်၀င်စားတဲ့သူဆိုရင်တော့ ဒီဇာတ်ကားကို လက်မလွှတ်သင့်ပါဘူး။   Zawgyi *********** The Forgotten Army – ...
6.6
TMDb: 6.6/10 51 votes
tv

The Forgotten Army – Azaadi ke liye

2020
Hunters 7.9
Hunters (10ပိုင္း)စ/ဆံုး ၇၀ ခုနှစ်တွေရဲ့ အငွေ့အသက်တွေ ဖုန်းလွှမ်းနေတဲ့ Amazon Prime ရဲ့ Hunters ဆိုတဲ့ series လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ၁၉၇၀ ခုနှစ်တွေမှာ နာဇီ သုတ်သင်မှုတွေကနေ လွတ်မြောက်လာပြီး ဂျာမန် စတုတ္ထအင်ပါယာ ( Fourth Reich ) ကို ပြန်ထူထောင်ဖို့ ကြံစည်နေကြတဲ့ နာဇီလက်ကျန်တွေဟာ နယူးယော့ခ်မြို့ကြီးမှာ သာမန်လူတွေနဲ့ ရောနှောပြီး လျို့ဝှက် နေထိုင်လျက်ရှိကြပါတယ်။ The Hunt ဆိုတဲ့ နာဇီမုဆိုးအဖွဲ့ကတော့ Meyer Offerman ဆိုတဲ့ နာဇီစခန်းတွေကနေ အသက်ရှင်ခဲ့သူ ဂျူးလူမျိုး သူဌေးကြီးတစ်ယောက်က ဦးဆောင်ပြီး ဖွဲ့ထားတာပါ။ အဲ့ဒီ The Hunt အဖွဲ့ထဲကို သူ့ရဲ့ အဘွား အသတ်ခံလိုက်ရတဲ့ သာမန် ဆင်းရဲသားရပ်ကွက်က Jonas ဆိုတဲ့ ကောင်လေး တစ်ဖြေးဖြေးနဲ့ နွှယ်မှန်းမသိ နွှယ်လာခဲ့တဲ့ အခါမှာတော့...။ ဒီစီးရီးလေးဟာဆိုရင် ၇၀ ခုနှစ်တွေကို ...
7.9
TMDb: 7.9/10 142 votes
tv

Hunters

2020
The Expanse 7.7
The Expanse The Expanse (သို့မဟုတ်) အကောင်းဆုံး အာကာသ ဇာတ်လမ်းတွဲတစ်ပုဒ် ************************************************************** ဒီရက်ပိုင်း Space adventure တွေ ပိုစိတ်ဝင်စားမိလို့ အနီးစပ်ဆုံး၊ သဘောအကျမိဆုံးဖြစ်တဲ့ The Expanse ဇာတ်လမ်းတွဲပြန်ကြည့်ဖြစ်ပါတယ်။ အရမ်း high tech နည်းပညာတွေ ၊ alien တွေနဲ့ ပြည့်နေတတ်တဲ့ ဇာတ်လမ်းတွဲတွေနဲ့ လုံးဝကွဲထွက်နေတဲ့ The Expanse ဟာ အကောင်းဆုံး ဇာတ်လမ်းတွဲတစ်ပုဒ် ဖြစ်နေဆဲပါပဲ။ Space Adventure ဆိုတာနဲ့ မြင်ကြလိမ့်မယ်။ ဂြိုလ်သားတွေ၊ စက်ရုပ်တွေ၊ မိုးပေါ် ပလူပျံနေတဲ့ ယာဉ်ပျံတွေ၊ လူနဲ့ ခွဲမရအောင် တူတဲ့ စက်ရုပ်တွေ၊ လေဆာတွေနဲ့ပစ်ခတ်နေတဲ့ အာကာသ တိုက်ပွဲတွေ စသဖြင့်။ အဲဇာတ်လမ်းတွေ ရုပ်ရှင်တွေဟာ သူ့ဟာနဲ့သူ ကောင်းနေတယ်ဆိုပေမဲ့ တခါတလေတေ ာ့ physics တွေနဲ့ပိုကိုက်တဲ့၊ သဘာဝကျတဲ့ space series တွေ ကြည့်ချင်မိကြမှာပါ။ အဲလိုကြည့်ချင်တယ်ဆိုရင်တော့ အခု ပြောပြမဲ့ The Expanse ဇာတ်လမ်းတွဲကို ညွှန်းရမှာပါ။ 24th Century ...
7.7
TMDb: 7.7/10 978 votes
tv

The Expanse

2015
Paatal Lok Season 1 8.9
Paatal Lok Season 1
8.9
TMDb: 8.9/10 9 votes
tv

Paatal Lok Season 1

2020
Upload 8.3
Upload Upload(2020)ဇာတ်လမ်းတွဲ ************************** Season 1[Complete] အပိုင်း( ၁ မှ ၁၀ ) အထိ [ စ/ဆုံး] ကျွန်တော်တို့ဟာ ယခုအသုံးပြုနေတဲ့ အင်တာနက် Data Stream ထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေသိမ်းဆည်းလေ့ရှိတဲ့ Cloud တစ်ခုခုထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေ Upload Download လုပ်ကြသလိုမျိုး ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကိုလည်း လုပ်နိုင်မှာပဲ၊ လူတွေပြောပြောနေတဲ့ နတ်ပြည် ငရဲပြည်ဆိုတာဟာ Cloud Service ကြီးတစ်ခုများလားလို့ စိတ်ကူးယဉ်ခဲ့ဖူးကြမယ်ဆိုရင် ယခုဇာတ်ကားက အဲဒီစိတ်ကူးကိုအခြေခံပြီး လက်ရှိ သတ္တလောကနဲ့ ခေတ်လွန်နည်းပညာကြားကို ယုတ္တိဆန်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလို့ ညွန်းပါရစေ ၂၀၃၃ ခုနှစ်မှာ နေရာတကာမှာ AI စနစ်တွေ အသုံးများလာတဲ့အပြင် လူတွေဟာအရမ်းကို သက်တောင့်သက်သာနေနိုင်လာကြပါတယ် လူတွေဟာ ယနေ့ခေတ်လို သေရင်နောင်ဘဝရောက်တာမျိုးအပြင် မိမိတို့စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ်တမလွန်ဆီကိုလည်း Upload တင်နိုင်လာကြပါတယ်။ ဆိုတော့ကာ… ရောဂါတစ်ခုကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာလို့ပဲဖြစ်ဖြစ် သေဆုံးချိန်နီးလာရင် ရှေးရှေးတုန်းကအတိုင်း ပုံမှန်အတိုင်းသေဆုံးမလား ဒစ်ဂျစ်တယ်တမလွန်ကို ရွေးချယ်မလားက အရေးကြီးလာပါတယ် တကယ်တော့ ...
8.3
TMDb: 8.3/10 116 votes
tv

Upload

2020