Alpha Premium

BBC Studios

Peaky Blinders Season 1+2+3+4+5 Complete 8.5
Peaky Blinders Season 1+2+3+4+5 Complete အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ပြောကြမယ်ဆိုရင် Peaky Blinders စီးရီးကိုလည်း ထည့်ပြောရမှာပါပဲ။ ဒီဇာတ်လမ်းကတော့ ဂန်းစတားဇာတ်လမ်းတွဲပါ။ Peaky Blinders ဆိုတဲ့ လူဆိုးအဖွဲ့က အင်္ဂလန်မှာ တကယ်ရှိခဲ့ဖူးပါတယ်။ ခေတ်ကတော့ ပထမကမ္ဘာစစ်အပြီး ကာလပါပဲ။ ဒါပေမယ့် ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပါ။ အရင်ဆုံးက Peaky Blinders ဆိုတဲ့ နာမည်အဓိပ္ပါယ်ကနေ စမိတ်ဆက်ရမယ်ထင်ပါတယ်။ Peaky ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲက ရှဲလ်ဘီ မိသားစုတွေ ဆောင်းကြတဲ့ နံပြားဦးထုပ်၊ လျှာထိုးဦးထုပ်အပျော့လေးတွေကို ခေါ်တာပါ။ Blinders ဆိုတာကတော့ အဲဒီခေတ်အသုံးအနှုန်းမှာ တစ်နေရာရာမှာ တော်တဲ့တတ်တဲ့၊ စမတ်ကျကျ၊ ကြည့်ကောင်းကောင်းသူတွေကို ခေါ်တာမျိုးပါ။ ဒီတော့ နံပြားဦးထုပ်နဲ့ ဆရာကြီးတွေ လို့ ပြောရမှာပေါ့လေ။ Blinders ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်သွားတဲ့ ထူးခြားချက်ကလည်း ရှိပါတယ်သေးတယ်။ သူတို့ရဲ့ ဦးထုပ်တွေထဲမှာ ဓားသွားတွေ ထည့်ထားပြီး ရန်ဖြစ်တာနဲ့ မျက်နှာကို ခုတ်ချလိုက်တာမျိုးက ပိကီဘလိုင်ဒါတွေရဲ့ မူပိုင်ကွက်ပါပဲ။ ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သူတို့တွေရဲ့ ငွေကြေးအမျိုးအစားနဲ့ တန်ဖိုးလေးတွေကို သိထားရင် ပိုအဆင်ပြေပါတယ်။ အဲဒီခေတ်ကတော့ ဂီနီ၊ ပေါင်၊ သျှီလင်တွေကို သုံးကြပါတယ်။ ဂီနီကတော့ အခုခေတ်မှာ မသုံးတော့တဲ့ ဒင်္ဂါးတွေပါ။ တစ်ဂီနီ ...
8.5
TMDb: 8.5/10 1061 votes
tv

Peaky Blinders Season 1+2+3+4+5 Complete

2013
One of Us 7
One of Us One of Us (Retribution) ===================== အဖြစ်အပျက်တွေဟာ အလွန်ဆိုးရွားတဲ့ သတင်းတစ်ခု သယ်ဆောင်လာတဲ့ မနက်ခင်း တစ်ခုကနေ စတယ်။ Elliot မိသားစုနဲ့ Douglas တို့ မိသားစုအတွက် ရင်ကျိုးရတဲ့နေ့ပဲ။ သတင်းဆိုးက အိမ်နီးချင်း ငယ်သူငယ်ချင်းကနေ အိမ်ထောင်ပြုဖြစ်သွားကြတဲ့ Adam Elliotနဲ့ Grace Douglas တို့ Honeymoonကအပြန် Edinburghက အိမ်မှာ အသတ်ခံလိုက်ရတယ် ဆိုတာပါပဲ။ အသတ်ခံရတဲ့ အချိန်မှာ Grace ဟာ ကိုယ်ဝန်ကြီးနဲ့။ Elliot Family နဲ့ Douglas Familyဟာ အိမ်နီးနားချင်းတွေ။ ခြံနီးနားချင်းတွေလို့ ပြောရင် ပိုမှန်မယ်။ Scotlandရဲ့ Highlands ဘက်မှာ ခြံတွေဆိုတာ အတော်ကျယ် မြို့ထဲနဲ့ဝေးပြီး တစ်သီးတစ်သန့် အေးအေးချမ်းချမ်းနေကြတာ။ ဒီမိသားစု နှစ်ခုကတော့ ဟိုးအရင်ကတည်းက ခြံနီးနားချင်းတွေဖြစ်တဲ့ အပြင် အခြားအိမ်လည်း ပတ်ဝန်းကျင်မှာ မရှိ၊ ခမည်းခမက်လည်းတော်တဲ့အတွက် အမြဲ ...
7
TMDb: 7/10 34 votes
tv

One of Us

2016

Release year

Genres

Release year