The Queen’s Gambit နောက်ပိုင်းထွက်သမျှ Netflix original show တွေထဲမှာ Alice in Borderland ကအားရစရာအကောင်းဆုံးပဲ။
Spoiler free review မို့စိတ်ချလက်ချဖတ်နိုင်ပါတယ်။
Alice in Borderland ဂျပန်ရုပ်ပြဝတ္ထုကိုအခြေခံထားပြီး ဂျပန်သရုပ်ဆောင်တွေနဲ့ပဲရိုက်ကူးထားတာပါ။ Death Note လိုအနောက်တိုင်းသရုပ်ဆောင်တွေနဲ့ပြန်မရိုက်တာတော်သေးတယ်လို့ပြောရမယ်။
အဲ့ဒီနေရာကသူတို့နေခဲ့တဲ့ Tokyo နဲ့တထေရာတည်းတူပေမယ့် လူသူကင်းမဲ့ပြီးခြောက်ကပ်နေတယ်။ ဖုန်းအပါအဝင် လျှပ်စစ်ပစ္စည်းတွေအသုံးပြုလို့မရတော့ဘူး။ သူတို့အသိမိတ်ဆွေတွေကိုလိုက်ရှာပေမယ့် ရှာလို့မတွေ့တော့ပါဘူး။
သူတို့ရဲ့အခြေအနေကို အဖြေရှာနေတုန်းမှာပဲညရောက်လာတော့ တစုံတယောက်က LED ဆိုင်းဘုတ်ကြီးတွေကနေတဆင့် ကစားပွဲတခုမှာပါဝင်ဖို့ညွှန်ကြားတာကိုကြားလိုက်ရတယ်။
သူတို့လည်းဆိုင်းဘုတ်ကြီးတွေလမ်းညွှန်တဲ့အတိုင်းလျှောက်သွားတော့ အဆောက်အအုံတခုကိုရောက်သွားပြီး သူတို့လိုပဲဂိမ်းကစားဖို့ညွှန်ကြားလို့ရောက်လာတဲ့အမျိုးသမီး ၂ယောက်နဲ့ဆုံပါတယ်။ အဲ့ဒီထဲက Shibuki ဆိုတဲ့အမျိုးသမီးဟာသူတို့အနေနဲ့အမည်မသိအသံရှင်ပြောတဲ့စည်းကမ်းတွေအတိုင်းဂိမ်းကစားရမှာဖြစ်ကြောင်း၊ game arena ထဲဝင်ပြီးရင်ပြန်ထွက်လို့မရအောင်လေဆာရောင်ခြည်တွေနဲ့ပိတ်ထားကြောင်းရှင်းပြတယ်။
သူတို့ပထမဆုံးကစားရတဲ့ဂိမ်းရဲ့ difficulty ကို Three of Clubs (ညှင်း ၃ပွင့်) လို့သတ်မှတ်ထားပြီး အခန်းတခန်းထဲဝင်သွားတာနဲ့ Live နဲ့ Die ဆိုတဲ့တံခါးပေါက် ၂ခုထဲကတခုကို သတ်မှတ်ချိန်အတွင်း ရွေးရပါတယ်။ ပထမပွဲစဉ်ပြီးသွားတဲ့အခါမှာတော့ သူတို့ဟာလူ့အသက်တွေနဲ့လောင်းကြေးထပ်ထားတဲ့ ကစားပွဲတခုထဲပိတ်မိနေကြောင်းသိလိုက်ရပါတော့တယ်။
ခေတ်ပျက်ကြီးတခုထဲမှာရှင်သန်မှုအတွက်ကစားပွဲတွေကစားရတာကိုကြည့်ပြီးတချို့က Japanese Hunger Games လို့ခေါ်ကြတယ်။ ဒါပေမယ့် ဒီလိုခေါ်တာမတရားဘူးလို့တွေးမိပါတယ်။ ဘာလို့လဲဆိုတော့ Alice in Borderland မှာ Hunger Games နဲ့မတူတဲ့ဇာတ်လမ်းနဲ့ကစားပွဲပုံစံတွေရှိပြီး တပိုင်းပြီးတာနဲ့နောက်တပိုင်းဆက်ကြည့်ချင်အောင်ဆွဲဆောင်နိုင်လို့ပါပဲ။
Season 1 မှာ episode ၈ခုပါပြီး Season 2 ထပ်ရိုက်မရိုက်ကြေညာတာတော့မတွေ့သေးဘူး။ Netflix က show အသစ်တခုထုတ်ပြီးတိုင်းပရိသတ်စိတ်ဝင်စားမှုရှိမရှိတလစောင့်ကြည့်လေ့ရှိတော့ နောက်လလောက်ဆိုရင်တော့ကြေညာမယ်ထင်တယ်။ ဒါပေမယ့်ကမ္ဘာ့နိုင်ငံတော်တော်များများက Netflix Top 10 list တွေမှာနေရာယူထားလို့ Season 2 ထပ်ရိုက်ဖြစ်ဖို့များပါတယ်။
Season 2 မှာသူတို့အဲ့ဒီကမ္ဘာကိုဘယ်လိုရောက်လာလဲဆိုတာရှင်းပြသွားမယ်လို့မျှော်လင့်ရပါတယ်။ Season 1 ကြည့်ပြီးအရမ်းစိတ်ဝင်စားတယ်ဆိုရင်တော့ manga နဲ့ anime တွေဖတ်ထားကြည့်ထားပေါ့နော်။
Leave a Reply