Beyond the clouds (2014)
==========================
(16ပိုင္း)စ/ဆံုး
ဇာတ်လမ်းအကျဉ်း –
မင်းသား က နိုင်ငံခြားရာထူးဝန်စာမေးပွဲဖြေဖို့ ပြင်ဆင်နေရင်း အချိန်ပိုင်းအလုပ်တွေအများကြီးလုပ်နေတဲ့ သူတစ်ယောက် … ပြောရရင်တော့ ဘဝကိုရိုးရိုးသားသားနေဖို့ ဆန္ဒရှိပြီး အလုပ်သိပ်ကြိုးစားတဲ့ လူငယ်လေးတစ်ယောက်ပေါ့ဗျာ …
ဒါပေမယ့် မင်းသားအဖေက ကျတော့ ခိုးဆိုးလိမ်ညာမှုတွေမကင်းတဲ့ ရာဇဝတ်သားတစ်ယောက် … လောလောဆယ် ထိုင်းမှာပုန်းခိုနေပြီး အကြီးစားစိန်ခိုးမှုအရေးအခင်းထဲ ပါဝငပတ်သက်ဖို့လုပ်နေတဲ့သူတစ်ယောက် …
အဲ့လို မင်းသားအဖေကနေမှ သားတစ်ယောက်လိုပျိုးထောင်ပေးထားတဲ့ မင်းသားရဲ့ညီအစ်ကို တစ်ယောက်ရှိသေးတယ် … သူကကျတော့ မင်းသားအဖေဆီကနေ မှောင်ခိုကုန်ကူးမှု လှည့်ကွက်တွေသင်ယူတတ်မြောက်ထားတဲ့ ကျောက်မျက်မှောင်ခိုခေါင်းဆောင် တစ်ယောက် …
အဲ့လိုနဲ့ ဘန်ကောက်က ကျောက်မျက်အရောင်းပြပွဲမှာ ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ မတော်တဆဖြစ်ပြီး မင်းသားအဖေ သေဆုံးသွားတယ် … ဖြစ်ချင်တော့ မင်းသားကလည်း တခြားသူတစ်ယောက်ပစ်သတ်ခံလိုက်ရတဲ့ မှုခင်းနေရာမှာရှိနေတာနဲ့ တရားခံအဖြစ်စွပ်စွဲခံရပြီး အဖမ်းခံလိုက်ရတယ် …
ဒီလိုနဲ့ ထိုင်းအကျဉ်းထောင်မှာ ငါးနှစ်ထောင်ကျပြီး ပြန်လွတ်လာတော့ မှတ်ပုံတင်အတုနဲ့ သူ့အဖေလိုမျိုး လူလိမ်တစ်ယောက်ဖြစ်လာပါလေရော … အဲ့နောက်မှာ သူ့ညီအစ်ကိုလိုဆိုတဲ့ မှောင်ခိုသမားနဲ့ လက်တွဲမိသွားတော့တာပေါ့ …
ဒါပေမယ့် သူ့ညီအစ်ကိုဆက်ဆံရေးရှိတဲ့ တစ်ယောက်က အရင်တည်းက သားအရင်းဖြစ်တဲ့ မင်းသားကိုမနာလိုခဲ့ဘူး … အဲ့မှာမှ သူကြိုက်နေတဲ့ ကောင်မလေးကပါ မင်းသားကိုကြွေဆင်းသွားတော့ သွားရော … နှစ်ရှည်လများ မသိစိတ်မှာ ကိန်းအောင်းနေတဲ့ မနာလိုမှုတွေက ပေါ်လာတော့မှာပေါ့ …
ဒီလိုနဲ့ ဇာတ်လမ်းပြန်စရရင် အပေါ်က မင်းသားသတ်လိုက်တယ်ဆိုတဲ့ တစ်ယောက်က မင်းသမီးရဲ့ သတို့သားလောင်းဖြစ်နေရော … မင်းသမီးကကျ ကျောက်မျက်ရတနာ ဘရန်းတစ်ခုရဲ့ အမွေခံ သူဌေးသမီး … သူ့သတို့သားလောင်းသေဆုံးပြီးတဲ့နောက်မှာ သူ့စိတ်ကိုသူပိတ်လှောင်ထားရင်း သွေးအေးတဲ့သူတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာတဲ့ မိန်းကလေး …
ဒီလိုနဲ့ သူတို့နှစ်ယောက် ဆုံတွေ့ကြရင်း ဘဝဒဏ်ရာတွေကိုယ်စီနဲ့နှစ်ယောက်သား ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ….
ကိုယ်တိုင်ပဲဆက်လက်ခံစားပေးကြပါဦးဗျာ …
Leave a Reply