Alpha Premium
Black Summer

Black Summer

1 Seasons 8 Episodes
Returning Series

Black Summer

6.4
TMDb: 6.4/10 86 votes

General information

Original nameBlack Summer

Backdrops

Black Summer
Black Summer
Black Summer
Black Summer

Synopsis of Black Summer

ဇာတ်လမ်းအကျဉ်း

ဒီကားမှာတော့ စစခြင်း ဘာဖြစ်တာမှန်း မသိအောင် ရိုက်ထားပါတယ်။

ရောဂါလား ရေဒီရို ဓါတ်သင့်တာလား Government project လား

ဝေခွဲ လို့မရအောင် အစပျိုးထားပါတယ်။

မြို့သေးသေးလေးမှာ မို့ Zombie တွေကို အပြွတ်လိုက်မမြင်ရပေမဲ့

တွေ့ဖူးသမျှ Zombie တွေထဲမှာ ဥာဏ်တော်တော်ရှိပြီး အားသန်တာတွေ ပါပါတယ်။

ပထမဆုံး ဇာတ်ကောင် Rose ရဲ့ အကြောင်းကို Rose ဆိုပြီး ကဏ္ဍ ခွဲပြီးရှင်းပြတာကို

ထူးဆန်းစွာတွေ့ရမှာပါ

သူ့သမီးရယ် သူ့ယောကျာ်းရယ်နဲ့ အန္တရာယ် ကင်းတဲ့နေရာ ကို ထွက်ပြေးမဲ့ အချိန်မှာ

မထင်မှတ်တဲ့ ကိစ္စကြောင့် သူ့သမီးလေးနဲ့သူ ကွဲရသလို

သူ့ယောကျာ်းလဲ Zombie ဖြစ်သွားခဲ့တယ်။

zombie တွေဟာ တကောင်နဲ့တကောင် ကိုက်တာက မဟုတ်ပဲ

သေဆုံးရင်လဲ Zombie ဖြစ်တာကို ကြည့်ခြင်းအားဖြင့်

ရေဒီယို ဓါတ်သင့်တာ ဖြစ်နိုင်တယ်လို့ပိုထင်ပါတယ်။

ဇာတ်ကားထဲမှာ “black clouds” လို့ပဲ ညွှန်းထားတာကြောင့်

ဘာဖြစ်မှန်းတော့မပါခဲ့ပါဘူး ။

ဇာတ်လမ်း ဇာတ်ညွှန်း ကျောရိုးနဲ့ ရိုက်ကူး ပုံတွေကတော့ တော်တော် weird ဖြစ်စေပါတယ်။

Rose လိုပဲ အခြားဇာတ်ကောင်တွေဖြစ်တဲ့ Spears , Lance, Barbara တို့ကိုလဲ ပြထားပါတယ် ။

lance ကတော့ Zombie ဇာတ်ကောင်ပါ။

Reviews
Zombie ဇာတ်ကားတွေဟာ Apocalypse & Survival ဇာတ်ကားတွေအနက်

ယနေ့ထိ တိုင် ခေတ်စားနေတဲ့ Genre တစ်မျိုးပါ။

World War Z တို့ 28 Weeks Later တို့ Resident Evil တို့လို

Zombie ကားတွေက နေ စတင်ပြီးအမျိုးအစား မတူအောင်

အမျိုးမျိုး ဖန်တီးရိုက်ကြပြီး ယနေ့ အထိ Train To Busan လို ကားမျိုးတွေအထိပါ အောင်မြင်နေဆဲပါ ။

ယခုလဲ Netflix ကနေ Black Summer ဆိုတဲ့ Zombie Series တို တစ်ခုကို ထုတ်လွှတ်ထားပါတယ်။

Walking Dead နောက်ပိုင်း Zombie ဇာတ်လမ်းတွဲတွေဟာ ထင်သလောက်နေရာ မရပဲ
Walking Dead ရဲ့ လွှမ်းမိုးမှု့အောက်က မကျော်နိုင်တာ နှစ်တွေတော်တော်ကြာ ပါပြီ။

ဒီဇာတ်ကားဟာ Low Budget ဆိုတာ ကြည့်တာနဲ့သိသာပါတယ်။

ဒါပေမဲ့ Low Budget ဘောလိဝုဒ်ဇာတ်လမ်း တွဲGhoul တုန်းက

တော်တော် အောင်မြင်ခဲ့တဲ့ အရှိန်အဝါကြောင့် low budget တိုင်းလဲ အထင်မသေးရဲပါဘူး။

စကြည့်တုန်းက Poster ကြောင့် Ghoul လို Dark လိမ့်မယ်ထင်ခဲ့ပေမဲ့

ဒီကားက တော်တော်ကြီး Weird ဖြစ်တာ ။

Weird ဖြစ်တဲ့ feeling ကိုကြိုက်တဲ့ လူတွေ အတွက်တော့ Series ကောင်း တခု ဖြစ်နေနိုင်ပေမဲ့

သာမာန် ကြည့်တဲ့ လူတွေအတွက်တော့ တော်တော် ကြီး စိတ်ကသိကအောက်နိုင်ပါတယ်။

ကိုယ်ကတော့ Weird ဖြစ်တဲ့ Seriesတွေကို သဘောကျတဲ့ လူမို့ ဒီဇာတ်လမ်းလေးကို အကြိုက်တွေ့ပါတယ်။
Rating ကလဲ 6.5 မို့ ကြည့်သင့်တဲ့ထဲ ပါပါတယ်။

Zombie ဇာတ်လမ်းတွဲကို ဘာနဲ့မှ မတူပဲ Weird and Lonely ဖြစ်တဲ့ ခံစားချက်တွေနဲ့

ဇာတ်သိမ်း ကို ရောက်မှန်း မသိရောက်အောင်ဆွဲ ခေါ် သွားမဲ့ ဇာတ်လမ်းကောင်းတစ်ခု အနေ နက် review ရေးလက်ပါရစေ 

Airs On
Production
Release Year
Firt air date
Last air date2019-04-11
TypeScripted
Episode runtime45 min
Home PageBlack Summer
Popularity10.167
TV StatusReturning Series

Seasons and episodes

1 Black Summer - Season 1

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *