Alpha Premium
Crackdown

Crackdown

1 Seasons 8 Episodes
Returning Series

Crackdown

no data

General information

Original nameCrackdown

Backdrops

Crackdown

Synopsis of Crackdown

မင်္ဂလာပါ ဒီတစ်ခေါက်ကားလေးကတော့ မကြာသေးမီက ထွက်ရှိထားတဲ့ India web series လေးပါ…
ဇာတ်လမ်းရဲ့သဘောသဘာဝကိုပြောပြရမယ်ဆိုရင် အိန္ဒိယရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ RAW(အာအေဒဘလျူ)(Research and Analysis Wing)လက်အောက်မှာDO(ဒီအို)(Directorate of Operations)ဆိုတဲ့ စစ်ဆင်ရေးအဖွဲ့တစ်ခုရှိတယ်..

အဲ့ဒီ အဖွဲ့ဟာ တစ်နေ့မှာ နာမည်ကြီးအကြမ်းဖက်သမား ဇဟီးလ် နဲ့
သူ့ရဲ့ အဖွဲ့တစ်ချို့ အိမ်တစ်လုံးမှာ ပုန်းအောင်းနေတယ်လို့ သတင်းအတိအကျရတဲ့အတွက်
သူတို့ရဲ့ လူတွေနဲ့ အဲ့ဒီအိမ်ကို ဝင်စီးတာပေါ့..အဲ့ဒီအချိန်မှာ ရထားတဲ့ သတင်းက မပြည့်စုံတဲ့အတွက်ကြောင့် မထင်မှတ်ပဲ ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်..
ဇဟီးလ်ကို လည်း အရှင်ဖမ်းဖို့ ရည်ရွယ်ထားပေမယ့်အကြောင်းတစ်ခုကြောင့် သတ်လိုက်ရတယ်..
ပြီးတော့ ကောင်မလေးက သူတို့ကို တွေ့တွေ့ချင်း အပေါ်ထပ်က နေခုန်ချပြီး ကိုယ့်ကိုယ်သတ်သေလိုက်တယ်.

.အဲ့လို နဲ့ အဲ့ဒီကောင်မလေး ကို စစ်ဆေးကြည့်တော့ ကောင်မလေးဆီမှာ အချက်အလက်တွေ ထည့်ထားတဲ့ ကဒ်တစ်ခု ရှာတွေ့တာပေါ့..အဲ့လိုနဲ့ ကောင်မလေးရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်တော့..ကောင်မလေးရဲ့ ချစ်သူဟောင်းက ဂျီဟက်ဒီ(ဘာသာရေး အစွန်းရောက်)တစ်ယောက်ဖြစ်နေပြီး ကောင်မလေးကလည်းဇဟီးလ်တို့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်မှု ရှိတယ်လို့ သတိထားမိခဲ့တယ်.

.နောက်ပြီး ကဒ်ထဲမှာပါတဲ့ အချက်အလက်တွေကိုစစ်ဆေးကြည့်တဲ့အခါမှာ မထင်မှတ်ထားပဲ RAW နဲ့ပတ်သတ်တဲ့ အရေးကြီးလျှို့ဝှက်အချက်အလက်တွေနဲ့ အေဂျင့်တွေရဲ့ကိုယ်ရေးအကျည်းပါတဲ့စာရင်းတွေ ဖြစ်နေတယ်..
အဲ့ဒီ အချိန်မှာ သူတို့အတွက် မေးခွန်းထုတ်စရာဖြစ်လာတာက..ဒီ အချက်အလက်တွေကို ဘယ်လိုလုပ် ရသွားတာလဲနဲ့ RAW ထဲမှာ သူလျှိုတွေ ရှိနေပြီလားဆိုတာပဲ.

.နောက်ပြီး ဇဟီးလ် ရဲ့ ညီ ဟာမစ်ဆိုတဲ့သူကလည်း သူ့လိုပဲ နာမည်ကြီး အကြမ်းဖက်သမားပဲ..ဆိုတော့ သူတို့ စဉ်းစားပြီးလေ ..ဒီအချက်အလက်တွေသာ ဟာမစ်ဆီမှာ ရောက်နှင့်ပြီးပြီဆိုရင် သူတို့ တော့ အမြန်ဆုံး ဟာမစ်ကို ဖမ်းမှ ဖြစ်တော့မယ်..
တကယ်လို့မရောက်သေးဘူးဆိုရင်လည်း အချက်အလက်တွေပါတဲ့ ကဒ်နဲ့ ဟာမစ်ကို မျှားခေါ်ဖို့ သူတို့ ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်တယ်..

အဲ့ဒီအချိန်မှာ သူတို့ အတွက် ကံတရားက မျက်နှာသာပေးတာကတော့..RAWကအရာရှိတစ်ယောက် တက်ခဲ့တဲ့ မင်္ဂလာပွဲ တစ်ခုမှာ ဒန်းဆိုးတဲ့ ကောင်မလေးက သေသွားတဲ့ ကောင်မလေးတစ်ထပ်တည်း တူနေတာပါပဲ..ဒါကြောင့် စစ်ဆင်ရေးကို အစပျိုးဖို့ ကောင်မလေးကို ရအောင် စည်းရုံးတော့တယ်…

အဲ့ဒီကနေ စပြီး ဇာတ်လမ်းရဲ့ အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျတွေက ထင်တောင် မထင်ထားတဲ့အရာတွေဖြစ်လာတော့တာပဲ..
စစ်ဆင်ရေးကအောင်မြင်သွားမှာလား.
.အောင်မြင်သွားရင်ရော အဲ့လောက်နဲ့ ပဲ ပြီးသွားမှာလား..

ဇာတ်လမ်းက သိပ်ကို လှည့်ကွက် များသလို ကြည့်ရှုသူ ပရိတ်သတ်တွေကို လှည့်စားထားတယ်..episode ၈ပိုင်း ရှိတဲ့ အနက် တစ်ပိုင်းစီမှာ ကြီးမာတဲ့ မြှပ်ကွက် တစ်ခုစီ ပြသွားတယ်..Review ရေးသူ အနေနဲ့ ကြည့်ဖြစ်အောင် ကြည့်ဖို့ recommand ပေးချင်ပါတယ်..
ဘာလို့ဆို ဒီကားက စစ်ဆင်ရေးကားဆိုပြီး စစ်ဆင်ရေးတွေချည်းပဲ လှိမ့်လုပ်နေတာမဟုတ်လို့ပဲ..အိမ်ထောင်ရေးတွေ….မိသားစုရေးရာ တွေနဲ့ တစ်ခြားသော လူမှုအဖွဲ့အစည်းရဲ့ အတုယူစရာအနှစ်သာရတွေ အပြည့်ရှိလို့ပါပဲ….

##zawgyi









Review – Aye Htut Ko
File Size – (1Episode 500MB around)
Format…mp4
Quality : 1080p WEB-DL
Duration… 30min
Genre : Action&Aventure,Crime,Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Aye Htut Ko
Encoded by Arrow
Airs On
Release Year
Firt air date
Last air date2020-09-23
TypeScripted
Popularity2.166
TV StatusReturning Series

Seasons and episodes

1 Crackdown - Season 1

Videos

No data available

Comments

Leave a Reply

Your email address will not be published. Required fields are marked *