Curon (2020)
=================================
အားလပ်ရက် မိုးအေးအေးလေးမှာ ကော်ဖီလေးနဲ့ Chill လို့ရအောင် Netflix က အသစ်ထွက်တဲ့ Mystery, Thriller ဆန်ဆန် ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါရစေ ။ အခု Season 1 မှာတော့ 7 ပိုင်းပဲပါပြီး ၇ ပိုင်းလုံး အစအဆုံးတင်ပေးလိုက်ပါတယ်။
၁၇ နှစ်ကြာပြီးမှ အမျိုးသမီးတစ်ယောက်က သူမရဲ့မွေးရပ်မြေကို ဆယ်ကျော်သက်အမွှာနှစ်ယောက်နဲ့တစ်ခေါက်ပြန်လာခဲ့ပါတယ်။ ငယ်ရွယ်စဥ်အခါကတည်းက ဒီအိမ်ကနေ ထွက်သွားခဲ့ရတဲ့ သူမဟာ တစ်ခေါက်ပြန်ရောက်တဲ့အခါမှာ ဟိုတယ်ပိုင်ရှင်ဖြစ်သူ သူမရဲ့အဖေနှင်ထုတ်ခြင်းကိုခံရပါတော့တယ်။ သူမရဲ့မွေးရပ်မြေ Curon ဆိုတဲ့မြို့လေးမှာ ရေကန်ထဲမှာ ထီးထီးကြီးရှိနေတဲ့ ခေါင်းလောင်းတာဝါတစ်ခုလဲရှိနေပါတယ်။ လူအများကဒီတာဝါနဲ့ ပတ်သက်ပြီးပြောကြတဲ့ ဒဏ္ဍာရီဇာတ်လမ်းလေးကလဲရှိပါသေးတယ်။ တစ်နေ့မှာတော့ ထူးထူးဆန်းဆန်း သူမပျောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူမရဲ့ ကဆယ်ကျော်သက်အရွယ်အမွှာနှစ်ယောက်က ဘာကြောင့်ပျောက်သွားရတယ်ဆိုတာကို စူးစမ်းကြရပါတော့တယ်။
ဒီ Series လေးကတော့ Italy ဇာတ်လမ်းတွဲလေးပဲဖြစ်ပြီး Thriller Drama အမျိုးအစားဖြစ်ပါတယ်။ ဒီလ ၁၀ ရက်နေ့ကမှထွက်ထားတဲ့ အသစ်စက်စက်စီးရီးလေးဖြစ်တဲ့အတွက် သည်းထိတ်ရင်ဖိုနဲ့ ထူးထူးဆန်းဆန်းလေးတွေ သဘောကျတဲ့ ပရိသတ်တို့ ကြည့်ရှုခံစားပေးကြပါဦး။
Leave a Reply