(App only)
##unicode
ဒီတစ်ခေါက်မှာတော့ အိန္ဒိယ Horror Web series လေးတစ်ခုကိုရွေးချယ်ပေးထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ရှီလာပူရာမြို့လေးဟာဆိုရင်ဝိဉာဉ်တွေကျက်စားတယ် ကျိန်စာသင့်တယ်ဆိုပြီး
အများကပြောကြတဲ့မြို့တစ်မြို့ဖြစ်ပါတယ် ဟိုးအရင်ဘုရင်တွေစိုးစံတဲ့အချိန်ကခေါင်းဖြတ်ပြီးလုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ရီဒီရာကန်ဆိုတဲ့
မှော်ဆရာဟာအငြှိုးစိတ်တွေနဲ့ရှီလာပူရာမြို့မှာလက်ရှိအချိန်အထိရှိနေတယ်ဆိုပြီးအဲဒီဒေသခံတွေကယုံကြည်ကြတာပေါ့
အဲဒါကြောင့်ရှီလာပူရာမှာရှိတဲ့တောင်တန်းတွေ ကျောက်တွင်းတွေမှာဒေသခံတွေကဘယ်သူ့ကိုမှအလုပ်ပေးမလုပ်ကြပါဘူး
တစ်ဖက်မှာတော့ IASအရာရှိအာဗန်နီရွတ်ဟာရှီလာပူရာမြို့မှာမိုင်းလုပ်ငန်းလုပ်ဖို့အတွက်အခက်အခဲဖြစ်နေတဲ့
ကော်ပိုရေးရှင်းလုပ်ငန်းတစ်ခုကိုကူညီဖို့အတွက်မြို့ကိုရောက်လာခဲ့ပါတယ်
အာဗန်နီကတော့ကျိန်စာတွေ ဝိဉာဉ်တွေဆိုတဲ့အကြောင်းအရာအားလုံးဟာမြို့တိုးတက်မှာကိုမနာလိုတဲ့သူတွေဖြန့်တဲ့ကောလဟာလ
စကားသပ်သက်လို့ပဲတထစ်ကျယုံကြည်ထားပါတယ် အဲဒါကြောင့်အာဗန်နီကတော့ဒေသခံတွေရဲ့စကားရော ကျိန်စာဆိုတာတွေရောမယုံကြည်ဘဲ
သူလုပ်စရာရှိတာကိုဆက်လုပ်တာပေါ့ ဒီလိုနဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေအာဗန်နီတို့သားအမိဆီမှာဖြစ်လာတဲ့အခါ….
ရီဒီရာကန်ဆိုတဲ့ဒေသခံတွေယုံကြည်ထားတဲ့ကျိန်စာကပဲတကယ်ဖြစ်လာတာလား
အာဗန်နီတို့သားအမိဘယ်လိုအန္တရာယ်တွေကြုံတွေ့ရဦးမှာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦး
##zawgyi
Review – Phyu Sin
File Size – 500MB
Format…mp4
Quality : 1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Thant Sin Hnin
Encoded by Arrow
==========================================================================================================
====================================================================================
App ဒေါင်းရန်
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply