Alpha Premium
Ehd e Wafa

Ehd e Wafa

1 Seasons 24 Episodes
Returning Series

Ehd e Wafa

9
TMDb: 9/10 1 votes

General information

Original nameEhd e Wafa

Backdrops

Ehd e Wafa

Synopsis of Ehd e Wafa

စ/ဆံုး (25ပိုင္း)

“မင်းရဲ့ မမက ထက်မြက်တဲ့မိန်းမ ရစ်တတ်တယ်ဆိုတာ

မ နဲ့ မအပ်စပ်တဲ့ကိစ္စ မင်းဘေးက စကီတွေတော့ မမ ပစ်သတ်မယ် စိတ်ချ”

(ကာရန်မိအောင် စပ်ထားတာ)

ကဲ ကိုရီးယားက ဗိုလ်ကြီးများ ဘေးဖယ်တော့နော်

ပါကစ္စတန်က ဗိုလ်ကြီးမမ လာပါပြီ ။

ဒီတစ်ခါ Channel Myanmar က တင်ဆက်ပေးမှာကတော

Ehd-E-Wafa ဆိုတဲ့ ဒရာမာ နဲ့ ဟာသ ပါကစ္စတန် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။

ဒီစီးရီးဟာ ပါကစ္စတန်နိုင်ငံရဲ့ လူကြိုက်အများဆုံး စီးရီးတစ်ခုအဖြစ် အောင်မြင်ခဲ့ပြီး

Ehd-E-Wafa ကို အဓိပ္ပါယ်ဖွင့်ဆိုရရင်

Promise of Loyalty (သစ္စာတရားရဲ့ ကတိကဝတ်) လို့ အဓိပ္ပါယ်ရပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ဗိုလ်ကြီးမမ အဖြစ် Akizeh Shah က သရုပ်ဆောင်ထားပြီး

Ahad Raza Mir နဲ့ Ahmed Ali Akbar လို မင်းသားချောတွေလည်း ပါဝင်ထားပါတယ်

ဒီစီးရီးလေးမှာ မတူညီတဲ့ မျှော်လင့်ချက်တွေ ပန်းတိုင်တွေနဲ့ ရည်မှန်းချက်တွေရှိကြတဲ့

ကျောင်းနေဖက် သူငယ်ချင်းလေးယောက်ဟာ နာမည်တွေကလည်း

အကုန် S နဲ့ စ ကြတာမို့ သူတို့ကို Special S Gang (SSG)လို့ ခေါ်ကြပါသတဲ့။

ကျောင်းအုပ်ကြီးက ခေါ် သတိပေးရတဲ့အထိ

လေးယောက်ပေါင်း လောင်းကျော်တဲ့ အဖွဲ့ပေါ့လေ။

ဒါပေမယ့် အဲဒီလို သူငယ်ချင်းတွေဟာ ဘဝရဲ့ အလှည့်အပြောင်းတွေကြားမှာ

သူတို့ချင်း ထားရှိခဲ့တဲ့ ကတိကဝတ်တွေ သူငယ်ချင်း သံယောဇဉ်တွေ

ဘယ်လိုတွေ ပြောင်းလဲသွားမလဲ

သူတို့တွေ ဘာတွေကို ရင်ဆိုင်ကြရမလဲ ဆိုတာကို

အပြိုင်ဇာတ်ရုပ်တွေနဲ့ ကြည့်ရှုခံစားကြရမှာပါ။

ဟာသ ဒရာမာ ဆိုပေမယ့် ကြည့်ရှုသူတွေရဲ့ ရီဗျူးတွေအရ

တော်တော်လေး ဆွဲဆောင်မှုရှိပြီး နိုင်ငံမှာ ဖြစ်ပျက်နေတဲ့

အကျင့်ပျက်ခြစားမှုတွေကိုလည်း မီးမောင်းထိုးထားပြသေးတယ်လို့ဆိုပါတယ်။

စပွိုင်လာတွေ သိပ်မပြောတော့ဘူးနော် အရသာပျက်သွားမှာစိုးလို့ !!

ဘာပဲဖြစ်ဖြစ် အိမ်တွင်းအောင်းကြမယ့် CMပရိတ်သတ်တွေအတွက်

ဒီဇာတ်လမ်းတွဲလေးက မပျင်းရအောင် ရသစုံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အိမ်မှာနေမယ့် ကိုကြီးတို့ ဗိုလ်ကြီးမမကို ဝန်းရံလို့ရပါပြီနော်။

 

Airs On
Release Year
Firt air date
Last air date2020-03-01
TypeScripted
Episode runtime35 min
Popularity0.759
TV StatusReturning Series

Seasons and episodes

1 Ehd e Wafa - Season 1

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *