(16ပိုင်း)စ/ဆုံး
ဇာတ်လမ်းအကျဉ်း –
နာမည်ကျော် hollywood series ကို remark ပြန်ရိုက်ကူးထားတာဖြစ်ပြီး ၊ အနုပညာအသိုင်းအဝိုင်းက ဘဝဇာတ်ခုံတွေအကြောင်း အဓိကဖော်ကျူးထားပါတယ် …
– Cha Young Bin (Seo Kang Joon) ကတောင်ကိုးရီးယားမှာ လက်ရှိနာမည်ကြီးနေတဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပြီး
သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ရယ် ၊ အေဂျင်စီရဲ့ CEO တစ်ယောက်ရယ်နဲ့ စုစုပေါင်းအမျိုးသား ငါးယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ …
ငယ်သူငယ်ချင်းတွေအနေနဲ့
– ချာ ရဲ့ မန်နေဂျာလည်းဖြစ်တဲ့ သူငယ်ချင်း
Lee Ho Jin (Park Jung Min)
– ချာရဲ့ ညီအစ်ကိုတစ်ဝမ်းကွဲလည်းဖြစ် ၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ Cha Joon (Lee Kwang-soo)
– ငယ်ပေါင်းကြီးဖော်သူငယ်ချင်း Geobuk (Lee Dong-hwi) တို့နဲ့အတူ
– ချာ့ အေဂျင်စီရဲ့ CEO Kim Eun gab (Cho Jin-woong) တို့ကနေပြီး
မင်းသားချော ချာလေး ကို ဘယ်လိုမျိုးကူညီထောက်ပံ့ ၊ ပံ့ပိုးပေးသွားမလဲဆိုတာတွေ … အနုပညာငွေကြယ်ပွင့်တွေကြားက အမှန်တရားတွေ … အနုပညာလောကနဲ့စီးပွားရေးလုပ်ကွက်တွေအကြောင်းကို ခံစားကြည့်ရှုကြရမယ့် ဇာတ်လမ်းတွဲလေးပါ ….
– စုစုပေါင်း (16) ပိုင်းပါဝင်တဲ့ Comedy, Melodrama အမျိုးအစားဖြစ်ပြီး ၊ မင်းသား၊ မင်းသမီးတွေကိုတော့ အထူးမိတ်ဆက်မပေးတော့ပါဘူး …
ဇာတ်လိုက်တွေကအစ ဧည့်သည်သရုပ်ဆောင်တွေအဆုံး နာမည်ကြီးတွေအများကြီး ပါဝင်ပေးထားကြလို့ ဇာတ်ကားကြည့်ရင်းနဲ့မှ ကျွန်တော်တို့ အတူတူငေးကြတာပေါ့နော် 😁✌✌
Leave a Reply