မြန်မာစာတန်းထိုး အစ/အဆုံး
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့
9×9 အဖွဲ့ဝင်တွေပါဝင် သရုပ်ဆောင်ထားပြီး
My Drama List မှာ Rating 8.4 ထိ ရရှိထားတဲ့
ကားကောင်းလေးပဲ ဖြစ်ပါတယ်


ဇာတ်လမ်းအကျဉ်းလေးကတော့ ….
Great Men Academy ဆိုတဲ့ခမ်းနားလှတဲ့ကျောင်းကြီးရဲ့
ဝင်ခွင့်အမှတ်ကမြင့်လွန်းတဲ့အပြင် ဒီကျောင်းမှာ
တက်ရောက် ခွင့်ရတဲ့သူတွေက အလုပ်အကိုင်ကောင်းကောင်း နဲ့ လစာကောင်းကောင်းရကြပါတယ် ….
ဒီကျောင်းမှာ တနှစ်တစ်ခါ The Greatest ပြိုင်ပွဲ
ကျင်းပပြီး တစ်နိုင်ငံလုံးကို Live လွှင့်ကာ အတော်ဆုံးသူတစ်ယောက်ကို ရွေးချယ်ပေးပါတယ် …..
အတော်တကာ့အတော်ဆုံးသူသာ ဒီပြိုင်ပွဲမှာ
အနိုင်ရလေ့ရှိပါတယ် ….
အနိုင်ရတဲ့သူကသာ Unicorn ဆီကဆုတစ်ခု
တောင်းခွင့်ရှိမှာဖြစ်ပါတယ် ….
Great Men Academy ကျောင်းကြီးဘေးမှာ
ရေကန်ကြီးတစ်ကန်ကြီးရှိပြီး ရေကန်ဘေးမှာ
ထင်းရှူးတောအုပ်လေးတစ်ခုရှိပါတယ် ….
ရေကန်ကြီးရဲ့ တစ်ဖက်တောအုပ်လေးထဲမှာနေတဲ့
လက်ဖ် ဆိုတဲ့ကောက်မလေးတစ်ယောက်
The Greatest ပြိုင်ပွဲကိုကြည့်မိပြီး ၂နှစ်ဆက်တိုက်
အနိုင်ရရှိခဲ့တဲ့ ဝီယာ့ ကိုသဘောကျသွားခဲ့တယ် ….
တစ်နေ့ ရေကန်ဘေးမှာ လမ်းလျှောက်နေတုန်း
ဆူးစူးနေတဲ့ Unicorn ကိုကူညီပေးခဲ့လို့ ဆုတစ်ခု
တောင်းခွင့် ရခဲ့တယ် ….
အချစ်ရေးမှာကံကောင်းပါရစေဆိုတဲ့
သူမရဲ့ ဆုတောင်းကြောင့် ယောကျာ်းလေးတစ်ယောက်အဖြစ် ပြောင်းလဲနိုင်သွားတော့တယ် ….
ချွင်းချက်အနေနဲ့ သူမဟာ ညသန်းခေါင်မတိုင်ခင်
ရေကန်ထဲဆင်းပြီး မိန်းကလေးအဖြစ်ပြန်ပြောင်းပေး
ရမှာဖြစ်ပါတယ် ….
ဝီယာနဲ့ ဆုံစည်းခွင့်ရဖို့အတွက် ယောကျာ်းလေးခန္ဓာကိုယ်နဲ့ Great Men ကျောင်းကို တက်ဖို့ဖြစ်လာ
ပါတော့တယ် ….
လက်ဖ်တစ်ယောက် ဝီယာနဲ့ နီးစပ်ခွင့်ရပါ့မလား
Leave a Reply