Alpha Premium
Hunters

Hunters

1 Seasons 10 Episodes
Returning Series

Hunters

7.9
TMDb: 7.9/10 142 votes

General information

Original nameHunters
Created by

Backdrops

Hunters
Hunters
Hunters

Synopsis of Hunters

(10ပိုင္း)စ/ဆံုး

၇၀ ခုနှစ်တွေရဲ့ အငွေ့အသက်တွေ ဖုန်းလွှမ်းနေတဲ့ Amazon Prime ရဲ့ Hunters ဆိုတဲ့ series လေးနဲ့ မိတ်ဆက်ပေးပါရစေ။

၁၉၇၀ ခုနှစ်တွေမှာ နာဇီ သုတ်သင်မှုတွေကနေ လွတ်မြောက်လာပြီး ဂျာမန် စတုတ္ထအင်ပါယာ ( Fourth Reich ) ကို ပြန်ထူထောင်ဖို့ ကြံစည်နေကြတဲ့ နာဇီလက်ကျန်တွေဟာ နယူးယော့ခ်မြို့ကြီးမှာ သာမန်လူတွေနဲ့ ရောနှောပြီး လျို့ဝှက် နေထိုင်လျက်ရှိကြပါတယ်။

The Hunt ဆိုတဲ့ နာဇီမုဆိုးအဖွဲ့ကတော့ Meyer Offerman ဆိုတဲ့ နာဇီစခန်းတွေကနေ အသက်ရှင်ခဲ့သူ ဂျူးလူမျိုး သူဌေးကြီးတစ်ယောက်က ဦးဆောင်ပြီး ဖွဲ့ထားတာပါ။

အဲ့ဒီ The Hunt အဖွဲ့ထဲကို သူ့ရဲ့ အဘွား အသတ်ခံလိုက်ရတဲ့ သာမန် ဆင်းရဲသားရပ်ကွက်က Jonas ဆိုတဲ့ ကောင်လေး တစ်ဖြေးဖြေးနဲ့ နွှယ်မှန်းမသိ နွှယ်လာခဲ့တဲ့ အခါမှာတော့…။

ဒီစီးရီးလေးဟာဆိုရင် ၇၀ ခုနှစ်တွေကို ဇာတ်အိမ်တည်ထားတဲ့ အလျောက် ၇၀ ခုနှစ်က movie theme တွေ၊ သီချင်းတွေ၊ classic car အလန်းစားကြီးတွေနဲ့ ၇၀ ခုနှစ်တွေဆီ ရောက်သွားသလို အငွေ့အသက် အပြည့်ရမှာဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်ကလမ်း ရှယ်ခိုင်တာကြောင့် တစ်ချက်မပျင်းပဲ အဆုံးထိ ဆက်တိုက်ဆွဲခေါ်သွားမှာပါ။

Cast တွေအနေနဲ့ကလည်း မင်းသားကြီး Al Pacino တို့၊ ပါစီဂျက်ဆန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Logan Lerman တို့၊ How I met Your Mother မှာ Ted လို့ အားလုံးသိကြတဲ့ Josh Radnor တို့လို ဆရာကြီးတွေက main role တွေမှာ သရုပ်ဆောင်ထားကြပါတယ်။

ဒီစီးရီးမှာ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ၊ အက်ရှင်ခန်းတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေ ပါ၀င်တာကြောင့် ၁၆ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ကြည့်ဖို့ အဆင်မပြေပါဘူးခင်ဗျ။

Airs On
Release Year
Firt air date
Last air date2020-02-21
TypeScripted
Episode runtime60 min
Home PageHunters
Popularity18.83
TV StatusReturning Series

Seasons and episodes

1 Hunters - Season 1

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *