##unicode
ဒီတစ်ခေါက်မှာတော့ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အိန္ဒိယဇာတ်လမ်းတွဲလေးတစ်ခုကိုရွေးချယ်ပေးထားပါတယ်
ဇာတ်လမ်းအကြောင်းအရာလေးကတော့ရူဟီဆာဒါဆိုတဲ့မိန်းကလေးဟာဆိုရင်စာတော်တဲ့ဆေးကျောင်းသူကောင်မလေးတစ်ယောက်ပါ
ပညာသင်ဆုရနိုင်ဖို့အတွက်ကြိုးစားနေတဲ့သူဖြစ်ပြီး မိသားစုကချို့တဲ့တဲ့အတွက်အလုပ်လုပ်ရင်းကျောင်းတက်နေရတဲ့သူဖြစ်ပါတယ်
တစ်နေ့လပ်ကီးဆိုတဲ့အတန်းထဲကကောင်လေးတစ်ယောက်ကိုသဘောကျရာကနေရူဟီရဲ့ဘဝကအပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်
လပ်ကီးဟာဆိုရင်ရူဟီနဲ့လုံးဝကိုဆန့်ကျင်ဘက်ပါလူငယ်ဆန်ဆန်ပျော်ပျော်နေတတ်ပြီးဘာကိုမှစိုးရိမ်ကြောင့်ကြမရှိဘဲ
လွတ်လပ်စွာနေတတ်တဲ့ကောင်လေးတစ်ယောက်ပါ တစ်နေ့မှာတော့လပ်ကီးဟာရူဟီကိုမထင်မှတ်ထားတဲ့ကိစ္စတစ်ခုကမ်းလှမ်းလာပါတယ်
အဲ့တာကတော့ပြည်နယ်အဆင့်ဝင်ခွင့်စာမေးပွဲဖြေတဲ့သူတွေ စာမေးပွဲအောင်မြင်ဖို့မသေချာတဲ့အခါ
သူတို့အစားသွားဖြေပေးဖို့လူတွေငှားရမ်းတဲ့စီးပွားရေးမှာအတူလုပ်ဖို့ရူဟီကိုကမ်းလှမ်းလာတာပါ
ရှင်းရှင်းပြောရရင်တော့ပညာရေးနယ်ပယ်မှာလိမ်စားတာပေါ့ အစကတော့သိပ်ပြီးစိတ်မပါပေမယ့်
ပိုက်ဆံလိုနေတာရော လပ်ကီးကိုသဘောကျတာရောကြောင့်နောက်ဆုံးမှာသဘောတူလိုက်ပါတယ်
ရူဟီဆာဒါတစ်ယောက်ဘယ်လောက်အထိဖုံးကွယ်ပြီးလိမ်ညာမှုတွေကိုလုပ်နိုင်မလဲ
ဒီနယ်ပယ်မှာရောဘယ်လိုလျှို့ဝှက်ချက်မကောင်းမှုတွေရှိနေနိုင်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာ
ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 600MB (per episode)
Format…mp4
Quality :,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
=================================================================================================================
Episode 1 (600MB) 1080p
Episode 2 (600MB) 1080p
Episode 3 (600MB) 1080p
Episode 4 (600MB) 1080p
Leave a Reply