ဇာတ်သိမ်းပိုင်း
ဇာတ်လမ်းအကျဥ်းကတော………..
Ga Yeol Chan(Park Hae Jin) ဟာဘွဲ့ရပြီးတဲ့နောက် ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်လုပ်တဲ့အခါ အလုပ်ထဲက သူရဲ့အထက်လူကြီး Lee Man Sit(Kim Eung Soo) ကသူ့ကို မျိုးစုံနှိပ်စက်ပြီး အလုပ်ထွက်တဲ့အထိဖိအားတွေပေးခဲ့ပါတယ်
Yeol Chan ဟာသတ်သေဖို့အထိတောင်တွေးခဲ့ပြီးနောက်ဆုံးမှာတော့ ခေါက်ဆွဲကုမ္ပဏီမှာအလုပ်ရခဲ့ပြီး သူ့ရဲ့အပြင်းအထန်ကြိုးစားအားထုတ်မှုကြောင့် ကုမ္ပဏီရဲ့အဓိကနေရာဖြစ်တဲ့ Sale and Marketing Department ရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်
တစ်နေ့မှာတော့ သူ့ရဲ့ ဌာနကို အသက်ကြီးကြီးဝန်ထမ်းတစ်ယောက်ရောက်လာတဲ့အခါ အဲ့ဒီ့ဝန်ထမ်းကသူ့ကို ဒုက္ခကောင်းကောင်းပေးခဲ့တဲ့ Lee Man Sit ဖြစ်နေတဲ့အချိန်မှာတော့ Ga Yeol Chan တစ်ယောက် Lee Man Sit ကိုဘယ်လိုတွေ ပြန်ကလဲ့စားချေမလဲ ပညာတွေပြမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါနော်……..
ရုံးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေ စီနီယာတွေက ဂျူနီယာတွေကို ခိုင်းစားတတ်တာလေးတွေကိုဟာသလေးတွေနဲ့ထည့်သွင်းရိုက်ကူးထားတဲ့ဒီကားကိုတော့ ဒါရိုက်တာ Nam Sung Woo ကရိုက်ကူးထားပြီး Shin So Ra ကဇာတ်ညွှန်းရေးထားပါတယ်….
Main Lead တွေအနေနဲ့ Park Hae Jin, Lee Man Sit, Park Ki Woong, Han Ji Eun တို့ကသရုပ်ဆောင်ထားပြီး
Supporting တွေအနေနဲ့ Noh Jong Hyun , Park Ah In , Go Geon Han, Hong Seung Bum တို့ကပါဝင်အားဖြည့်ပေးထားပါတယ်
Leave a Reply