Alpha Premium
Mindhunter

Mindhunter

2 Seasons 19 Episodes
Returning Series

Mindhunter

7.8
TMDb: 7.8/10 805 votes

General information

Original nameMindhunter
Created by

Backdrops

Mindhunter
Mindhunter
Mindhunter
Mindhunter
Mindhunter

Synopsis of Mindhunter

Plot

1977 ခုနစ်မှာပါ။ FBI က Special Agent Holden Ford ဟာ ပြန်ပေးဆွဲသမားတွေနဲ့ ညှိနှိုင်းနည်းစနစ်တွေ သင်ကြားပေးနေတဲ့ ဆရာတစ်ယောက်။ နိုင်ငံတစ်ဝန်းလှည့် ရဲစခန်းတွေကိုသင်တန်းလိုက်ပေးနေရင်းနဲ့ သူတွေးမိတာက ဒီအသစ်တွေ့ကြုံလာရတဲ့ လူသတ်မှုတွေက ဟိုးအရင်လို အဖြုအမည်း ဆိုးတယ်ကောင်းတယ်ဆိုတာပဲ မရှိတော့ဘူး။ အရင်က မကျေနပ်လို့ သတ်တယ်ကွာ၊ မုန်းလို့သတ်တယ်ကွာ၊ လိုချင်တာရှိလို့ သတ်တယ်ကွာဆိုတာတွေ ရှင်းပေမဲ့ အခုနောက်ပိုင်းပေါ်လာတဲ့ လူသတ်သမားတွေက ဘာမှမဆိုင်ဘဲ သက်သက်ကို သတ်ဖြတ်တယ်၊ မုဒိမ်းကျင့်တယ်၊ အလောင်းတွေကို ရုပ်ပျက်ဆင်းပျက်ကို ဖြစ်အောင် လုပ်ပစ်ကြတယ်။ ဒါတွေကို ဘာကြောင့်လုပ်ရတာလဲ။ ပျော်လို့လုပ်တာလား၊ လုပ်ချင်လို့ကို လုပ်တာလား။ ဒီလိုရက်စက်တဲ့ အပြုအမူမျိုးလုပ်ရလောက်အောင် သူ့ကို ဘာတွေက လှုံ့ဆော်ခဲ့လို့လဲ ၊ ဒီအချက်တွေကို ကြိုတင်သိထားခဲ့လို့ရှိရင် လူသတ်သမားတွေဖြစ်မလာအောင် တားဆီးနိုင်လေမလား စတဲ့ မေးခွန်းတွေကို တွေးခေါ်လာခဲ့ပါတယ်။ ဒါနဲ့ပဲ Holden Ford ဟာ partner ဖြစ်သူ Special Agent Tench နဲ့အတူ နိုင်ငံအလှည့် သင်တန်းပေးရင်း အားတဲ့အချိန်တွေမှာ ထောင်တွေထဲသွား၊ “စိတ္တဇဆန်တဲ့” လူသတ်သမားတွေကို အင်တာဗျူးလုပ်ရင်း ဒီထူးဆန်းတဲ့ လူသတ်ကောင်တွေရဲ့ အတွေးအခေါ်တွေကို သိဖို့၊ မှတ်တမ်းတင်ဖို့ ကြိုးပမ်းပါတော့တယ်။

Review

ဒီဇာတ်လမ်းဟာ FBI အဖွဲ့ကြီးထဲက တကယ့် Legend ကြီးတစ်ယောက်ဖြစ်တဲ့ John Douglas ရဲ့ MindHunter စာအုပ်ကိုအခြေခံပြီး ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အထဲကဇာတ်လိုက်ကတော့ Doughlas အစား Holden Ford ဖြစ်သွားတာပေါ့။

Plot ဖတ်ကြည့်ရင် ဘာလဲဟ၊ ဒါတွေက ဘာထူးဆန်းလို့လဲလို့ တွေးမိချင် တွေးမိမှာပါ။ ဒါပေမဲ့ 1977 တုန်းက ဒီနေ့ခေတ် အတွေးအခေါ်နဲ့ယှဉ်ရင် US က FBI မှာတောင်မှ တော်တော်ကို အမြင်ကျဉ်းနေခဲ့တာဖြစ်ပါတယ်။ ခေတ်ကွာမယ်မှန်းသိပေမဲ့ အဲဒီလောက်ကွာမယ် ထင်မထားခဲ့တာ အမှန်ပဲ။ Straight to the point လို့ပြောရရင် Serial Killer ဆိုတာ ဒီကားထဲက Holden Ford တို့ စခေါ်မှ ဖြစ်လာခဲ့တာပါ။ ဒီထဲက အဖြစ်အပျက်တွေ နောက်ပိုင်းမှ လူသတ်သမားနဲ့ ဒုစရိုက်သမားတွေဟာ မလွယ်မှန်းသိလာကြသလို ပိုပြီးလည်း လေးလေးနက်နက် တွေးတော ရှာဖွေလာတယ်လို့လည်း ပြောရမှာပါ။

ဒီဇာတ်လမ်းတွဲ ဘယ်လောက်ကြမ်းသလဲ၊ ဘယ်လောက်ထိ dark ဖြစ်သလဲဆိုတာ ပြောပြဖို့အတွက် အထဲက ဇာတ်လမ်းနည်းနည်းပြောပြပါမယ်။ Spoiler ရယ်တော့မဟုတ်ပါဘူး။ ဒီထက်ပိုကြမ်းတာတွေ အများကြီးပါပါတယ်။ မဖတ်ချင်ရင်တော့ အောက်က တစ်ပိုဒ် ကျော်သွားပေါ့ဗျ။

[Spoiler starts]
အဲခေတ်က FBI အပါအဝင် ရဲတွေအားလုံးနီးပါးက ကောင်းတယ်ဆိုးတယ် ဆိုတာကို အဖြူအမဲ လိုမြင်ခဲ့ကြပါတယ်။ တစ်ခုခုလိုချင်လို့သတ်တာ မဟုတ်ရင် ရုးနေလို့ သတ်တာ ပဲတွေးကြတယ်။ Holden Ford ကတော့ ဒီထက်ပိုပြီး အချက်ကျ လက်ကျ တွေးချင်တယ်။ သိချင်တယ်။ အဘွားကြီးတစ်ယောက် အသတ်ခံရတယ်။ ဘာရန်သူမှမရှိဘဲ သူ့ဟာသူ အေးအေးဆေးဆေးနေတတ်တဲ့ အေးချမ်းလှတဲ့ အဘွားကြီး။ ဘာလို့သတ်တာလဲ။ ဘယ်လိုလူက သတ်တာလဲ။ နောက်ထပ်တစ်ခေါက် ဒီလိုအဘွားကြီးတစ်ယောက် အသတ်ခံရပြန်တယ်။ ဒါဆို ဒါဟာ တိုက်ဆိုင်မှု မရှိဘူး။ လူသတ်သမားက ဒီလိုအဘွားကြီးတွေကိုမှ ရွေးသတ်တာဆို တစ်ခုခုတော့ မှားနေပြီ။ နောက်ဆုံးသိလိုက်ရတာက လူသတ်ကောင်ဟာ အဖေမရှိတော့ဘဲ သူ့အမေနဲ့နေရတယ်။ အမေက သူ့ကို အမြဲအရှက်တွေခွဲ၊ ဆဲဆိုပြီး နှိမ်တယ်။ သူ့ရည်းစားဗိုက်ကြီးသွားတော့လည်း အဲဒီအမေကပဲ နင်အသက်ငယ်သေးတယ်ဆိုပြီး ကလေးအတင်းဖျက်ချခိုင်းတယ်။ (အဲအချိန် သူက အသက် ၂၀ ကျော်နေပြီ။ သူတို့ဆီမှာ ၂၀ ဆို ကလေးမဟုတ်တော့ဘူး)။ နောက်တော့ သူ့အမေက bar မှာတွေ့တဲ့ ကောင်တစ်ကောင်နဲ့ အီစီကလီဖြစ်၊ အိမ်ခေါ်လာတယ်။ သူတို့က အခန်းထဲမှာ ဇာတ်လမ်းတွေခင်းနေတဲ့အချိန် သားဖြစ်သူက ဧည့်ခန်းထဲမှာ အိပ်ရတယ်။ ဒါနဲ့ပဲ သားလုပ်တဲ့သူက အမေကိုမုန်းတယ်။ ဒါပေမဲ့ သတ်ရလောက်အောင်လည်း သူ့အမေကို ချစ်နေပြန်သေးတယ်။ အဲအတွက် သူ့အမေနဲ့တူတဲ့ အရွယ်ချင်းဆင်တဲ့ အဘွားကြီးတွေကို လိုက်သတ်ပါလေရော။

[Spoiler Ends]

ဒီလို သာမန်မဟုတ်ဘဲ ရှုပ်ထွေးတဲ့ အမှုတွေကို ဖြေရှင်းဖို့အတွက်ဆို ဒီ လူသတ်ကောင်တွေအကြောင်း နားလည်မှ ရပါတော့မယ်။ သူတို့ဘယ်လို တွေးသလဲ၊ ဘယ်လို ခံစားကြသလဲ။ ဒါတွေကို သိဖို့ Holden Ford က ကြိုးပမ်းပါတယ်။ ဒါပေမဲ့ အများနဲ့တစ်ယောက်လည်းဖြစ်၊ သူ့နည်းက တစ်ခါတစ်လေ မေးခွန်းထုတ်စရာတွေလည်း ဖြစ်တော့ တော်တော်ရုန်းကန်ရတာပေါ့။ ပြီးတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဆိုင်တဲ့ ပြဿနာတွေက ရှင်းဖို့ အခက်သားဗျ။ ဥပမာ မူလတန်း ကျောင်းဆရာက ကျောင်းသား ကျောင်းသူတွေကို ဒဏ်ပေးတဲ့အခါ ဖိနပ်ချွတ်ပြီး ကလိပဲ ထိုးတယ်တဲ့။ ထိုးပြီး ကလေးက ရယ်တယ် ပျော်တယ်ဆို မုန့်ဖိုးပေးတယ်။ သူကတော့ ဘာသဘောမှ မပါဘူး ကလေးတွေ ပျော်အောင်လို့ပဲ ပြောတယ်။ ဒါပေမဲ့ ဒါဟာ ဘယ်ကိုဆက်သွားနိုင်မလဲ။ သူတို့ပြောသလို ဖိနပ်မချွတ်ဘဲ တခြားဟာ ချွတ်ခိုင်းလာရင်ရော။ ဆရာကလည်း တကယ်ပဲ ကလေးတွေကိုချစ်တာပဲ သိလို့ ဒါတွေကို နားမလည်ပဲ သူမှန်တယ်ဆိုပြီး လုပ်နေတာပဲ ဖြစ်နိုင်မလား။ မေးစရာတွေ အများကြီးဖြစ်လာတယ်။

ဒီလို psychology နဲ့ဆိုင်တဲ့ ပြဿနာတွေကို အမြဲလိုက်နေရတဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက်၊ လူသတ်သမားတွေကလည်း သတ်တယ်၊ ဖမ်းတယ် ဆိုတာမျိုးမဟုတ်ဘဲ ဘာကြောင့်သတ်တယ်၊ ဘယ်လိုမျိုးတောင် သတ်တယ်၊ သူတို့ကလည်း ဘယ်လိုတောင် ခံယူထားတယ်ဆိုတဲ့ အရမ်းကို ဆိုးသွမ်းပြီး အပြင်မှာ ကိုယ်တိုင်ကြုံရဖို့မပြောနဲ့၊ ရုပ်ရှင်မှာ ကြားလို့တောင် မကောင်းလောက်တဲ့ ပြစ်မှုတွေကိုပဲ လိုက်နေရတဲ့အတွက် ဒီ series ဟာ ကြည့်ရတာ တော်တော်ပင်ပန်းပါတယ်။ ဇာတ်ကောင်တွေကလည်း ကြာတော့ လစ်လာတာပေါ့။ သူတို့လည်း လူတွေပဲ။ သာမန် Cheesy စုံထောက်ကားတွေလို ဇာတ်လိုက်က ဆရာကြီးဆိုတာမျိုးမဟုတ်တော့ သူတို့မှာလည်း ပေးဆပ်ရတာတွေ ရှိလာတာပေါ့။ ဒါတွေကို ပုံဖော်ထားတာလည်း တော်တော်မိုက်ပါတယ်။ Character development တွေမိုက်တယ်။ မင်းသားတွေလည်း သရုပ်ဆောင်ကောင်းတယ်။ Pacing လည်းမိုက်တယ်။

Season 1 ထွက်ထားပြီး အပိုင်း ၁၀ ပိုင်းပါတယ်။ အထဲက ရှေ့ဆုံး ၂ ပိုင်း နောက်ဆုံး ၂ ပိုင်းကို စုံထောက် mystery thriller ကားတွေနဲ့ ကျွမ်းတဲ့ David Fincher ဝင်ရိုက်ထားတယ်။ အဲအတွက် တစ်တွဲလုံးက Fincher ရဲ့ အငွေ့အသက်တွေ တော်တော်များများတွေ့ရမှာပါ။

ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့အတွက် အထဲက လူသတ်ကောင်တွေကလည်း တကယ်ရှိခဲ့တဲ့ ကောင်တွေချည်းပဲ။ သရုပ်ဆောင်ရွေးတာတွေလည်း လန်ထွက်။ ရုပ်ကလည်း တကယ့်ကောင်နဲ့ ချွတ်စွပ် တွေ ရွေးထားသလို acting တွေကလည်း on point တွေ။ လိုက်တယ်ကွာ၊ ဖမ်းတယ်ကွာ ဆိုတဲ့ fast paced စုံထောက်ကားတွေ၊ အက်ရှင်ဆန်ဆန် ကားတွေမဟုတ်ဘဲ deep and dark ဖြစ်တဲ့ ဇာတ်လမ်း၊ စုံထောက်ကား ကြမ်းကြမ်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ Mindhunter ကို လုံးဝသဘောကျမှာပါ။ အခုရေးနေတဲ့အချိန်အထိ Season 1 ပဲထွက်ထားပါသေးတယ်။ ဒါပေမဲ့ Aug 16 ရက် (သောကြာနေ့) မှာ Season 2 လာပါတော့မယ်။ Netflix မှာ ကြည့်လို့ရပါတယ်။

ကြည့်ပြီးသူတွေ ဘယ်လိုမြင်သလဲ မန့်သွားကြပါဦး။

Airs On
Release Year
Firt air date
Last air date2019-08-16
TypeScripted
Episode runtime50 min
Home PageMindhunter
Popularity23.353
TV StatusReturning Series

Seasons and episodes

1 Mindhunter - Season 1

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *

2 Comments