Alpha Premium
Mum Bhai

Mum Bhai

1 Seasons 12 Episodes
Returning Series

Mum Bhai

6
TMDb: 6/10 1 votes

General information

Original nameMum Bhai

Backdrops

Mum Bhai

Synopsis of Mum Bhai

ကဲ..
Mum-Bhai ဆိုတဲ့စီးရီးလေးလာပြီ…

မွမ်ဘိုင်းဆိုတဲ့ ကားနာမည်ဆိုတဲ့ အတိုင်း မွမ်ဘိုင်းရဲ့ အရှုပ်တော်ပုံတွေကို သေချာရိုက်ပြထားတဲ့
မြှုပ်ကွက်ပေါတဲ့ ဇာတ်ကားလေး..မွမ်ဘိုင်းလို့ မြို့ကို မခေါ်တွင်ခင် ဘုံဘေ လို့ခေါ်တွင်ကတည်းက
မြို့ရဲ့ လမ်းမတွေပေါ်မှာ ဂိုဏ်းရန်ပွဲတွေ အလောင်းတွေ လုယက်မှုတွေနဲ့ မြို့ကြီးဟာ ညစ်ပတ်ပြီး
စည်းလွတ်ဝါးလွတ်ဖြစ်နေတာပေါ့..

အစိုးရဟာ ဟန်ပြသက်သက်ဖြစ်နေခဲ့ပြီး..ဥပဒေဟာ ဒုစရိုက်လောကသားတွေရဲ့
လက်ထဲမှာရှိနေခဲ့တယ်…အဲ့ဒီအချိန် မှာ ရဲတွေထဲကမှ ဘုံဘေမြို့ကို ပြန်ပြီး သန့်ရှင်းအောင်လုပ်ဖို့..
အထူး တပ်ဖွဲ့ အေတီအက်စ်ကို ဖွဲ့စည်းလိုက်တော့တယ်.

အေတီအက်စ်ရဲ့ ခေါင်းဆောင်က ကရီကာဆိုတဲ့ ဘဲကြီးပေါ့..သူတို့ရဲ့ ဆောင်ပုဒ်က
” မဖမ်းဆီဘူး..အသေပစ်သတ်တာ”ဆိုတာပဲ..
အဲ့ဒီအချိန်မှာ မင်းသား ကလည်းဘက်စကာဆိုတဲ့ ကလေးလေးပဲရှိသေးတာပေါ့…
သူ့မြို့ကသူ့ကိုစာသင်တဲ့ဆရာက သူ့အမေကို ထိကပါးရိကပါးလုပ်လို့ဆိုပြီး
လက်ကိုအချွန်နဲ့ ထိုးကာ ဘုံဘေမြို့ကို ထွက်ပြေးလာတော့တယ်…

သူတို့မိသားစုနဲ့ အရမ်းရင်းနှီးတဲ့ ရာမဆိုတဲ့ သူဆီကိုပေါ့..ရာမနဲ့သူဟာ ညီအကိုအရင်းလိုသိပ်ချစ်ကြတယ်..
ရာမက သူ့ကို အရွယ်မရောက်ခင် အလုပ်လုပ်လို့ရအောင်ဆိုပြီး သူ့အသိရဲ့စားသောက်ဆိုင်မှာ
သန့်ရှင်းရေးအလုပ်အပ်ပေးခဲ့တယ်..အဲ့ဒီမှာဆိုင်ကို လာတဲ့ ရဲတစ်ယောက်နဲ့ ဘက်စကာနဲ့တွေ့ပြီး
ပညာဆက်သင်ခွင့်ရတော့တယ်..ဘက်စကာဟာ စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်း ပညာရှာရင်းကနေ နောက်ဆုံးတော့
ရဲအရာရှိတစ်ယောက်ဖြစ်လာတဲ့အပြင် သူ့ရဲ့ လက်ဖြောင့်ချကိတွေကြောင့် အေတီအက်စ် အထူးတပ်ဖွဲ့ ဝင်ပါဖြစ်လာတော့တယ်…

အဲ့လိုနဲ့ သူနောက်တော့ သိလိုက်ရတာဟာ…
သူ့နဲ့ ညီအကိုလို သံယောဇဉ်ကြီးလှပြီးသူ့အပေါ် သွေးရင်းလိုချစ်တဲ့ ရာမဟာ
မွမ်ဘိုင်းမြို့ရဲ့ လူဆိုးဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းဝင်တစ်ယောက်ဆိုတာပဲ…

အဲ့ဒီလိုနဲ့ ဘက်စကာတစ်ယောက် တာဝန် နဲ့ စိတ်ခံစားမှုကြားမှာ ဘယ်လောက်တောင် သစ္စာတရားက
ပြာယာခတ်နေမလဲဆိုတာ ဇာတ်လမ်းက ကျွန်တော်တို့စိတ်ကို ခုန်စေမှာအမှန်ပါပဲ…

အက်ရှင်အခန်းတွေ သိပ်ကို မိမိုက်နေပြီး..
အိန္ဒိယ ရုပ်ရှင်တို့ရဲ့ ထုံးအတိုင်း မြှုပ်ကွက်လေးတွေ အရမ်းကို စိတ်ဝင်စားစရာကောင်းလှပါတယ်.
.ပြောနေကြာပါတယ်..ပထမတစ်ပိုင်း ကနေ ၁၂ပိုင်းလုံးထိ အပီသာကြည့်ကြပေတော့..

Review – Aye Htut Ko
File Size – 400MB around (per episode)
Format…mp4
Quality : 1080p WEB-DL
Genre : CrimeAction & AdventureDrama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Aye Htut Ko
Encoded by Arrow

==============================================

Episode 1 (400MB)

  mediaifre            /            Alphadrive 

 

Episode 2 (400MB)

mediaifre            /            Alphadrive     

 

Airs On,
Production,
Release Year
Firt air date
Last air date2020-11-12
TypeScripted
Episode runtime26,19,20 min
Popularity1.325
TV StatusReturning Series

Seasons and episodes

1 Mum Bhai - Season 1

Videos

No data available

Comments

Leave a Reply

Your email address will not be published. Required fields are marked *