Alpha Premium
One of Us

One of Us

1 Seasons 4 Episodes
Ended

One of Us

7
TMDb: 7/10 34 votes

General information

Original nameOne of Us

Backdrops

One of Us

Synopsis of One of Us

One of Us (Retribution)
=====================

အဖြစ်အပျက်တွေဟာ အလွန်ဆိုးရွားတဲ့ သတင်းတစ်ခု သယ်ဆောင်လာတဲ့ မနက်ခင်း တစ်ခုကနေ စတယ်။ Elliot မိသားစုနဲ့ Douglas တို့ မိသားစုအတွက် ရင်ကျိုးရတဲ့နေ့ပဲ။ သတင်းဆိုးက အိမ်နီးချင်း ငယ်သူငယ်ချင်းကနေ အိမ်ထောင်ပြုဖြစ်သွားကြတဲ့ Adam Elliotနဲ့ Grace Douglas တို့ Honeymoonကအပြန် Edinburghက အိမ်မှာ အသတ်ခံလိုက်ရတယ် ဆိုတာပါပဲ။ အသတ်ခံရတဲ့
အချိန်မှာ Grace ဟာ ကိုယ်ဝန်ကြီးနဲ့။

Elliot Family နဲ့ Douglas Familyဟာ အိမ်နီးနားချင်းတွေ။ ခြံနီးနားချင်းတွေလို့ ပြောရင် ပိုမှန်မယ်။ Scotlandရဲ့ Highlands ဘက်မှာ ခြံတွေဆိုတာ အတော်ကျယ် မြို့ထဲနဲ့ဝေးပြီး တစ်သီးတစ်သန့် အေးအေးချမ်းချမ်းနေကြတာ။ ဒီမိသားစု နှစ်ခုကတော့ ဟိုးအရင်ကတည်းက ခြံနီးနားချင်းတွေဖြစ်တဲ့ အပြင် အခြားအိမ်လည်း ပတ်ဝန်းကျင်မှာ မရှိ၊ ခမည်းခမက်လည်းတော်တဲ့အတွက် အမြဲ ဝင်ထွက်သွားလာနေကြပေါ့။ အခုတော့ ဒီသတင်းဆိုးဟာ မိသားစုနှစ်ခုလုံးကို ကိုင်ရိုက်လိုက်သလိုပါပဲ။

Douglas မိသားစုအိမ်မှာ အသတ်ခံရတဲ့ သမီးဖြစ်သူGrace၊ သားအငယ် Jamie ၊ အဖေဖြစ်သူ Bill နဲ့အမေ Moiraတို့အပြင် ခြံကအလုပ်သမား Alastair တို့ရှိတယ်။ Elliot မိသားစုမှာ အမေဖြစ်သူ Louise, သမီး Claire ၊ သားအကြီး Rob နဲ့ သေသွားတဲ့ သား Adam တို့ရှိမယ်။ Elliout မိသားစုဟာ အဖေဖြစ်သူနဲ့ ကွဲနေကြတာတော့ အတော်ကြာပြီဖြစ်ပြီး အဆက်အသွယ်တောင် မရှိကြ။

Edinburghမြို့ထဲက နေအိမ်မှာ Adam နဲ့ Graceတို့နေအိမ်ကို ဖောက်ထွင်းခံရပြီး နှစ်ယောက်လုံးကိုလည်း သတ်သွားတယ်ဆိုတဲ့ သတင်းကို ရဲတစ်ယောက်လာအကြောင်းကြားခဲ့တယ်။ အဲဒီနေ့မှာပဲ Edinburghမှာနေတဲ့ Rob နဲ့ ချစ်သူ Anna တို့လည်း သတင်းကြားပြီး ရောက်လာကြတယ်။ နှစ်မိသားစုလုံး စုံစုံညီညီရှိနေပြီး ပူဆွေးဝမ်းနည်းစရာညကို မုန်တိုင်းတစ်ခု ထပ်ရောက်လာခဲ့ပြန်တယ်။ ဒီမုန်တိုင်းနဲ့ အတူ လူ(သူစိမ်း)တစ်ယောက်လည်း ဒီမိသားစုထံကို ရောက်လာတယ်။ မုန်တိုင်းကြောင့် မိုးတွေ သည်းသည်းမည်းမည်းရွာနေချိန် အကုန်လုံး
အိမ်မှာ ရှိနေကြတဲ့ အချိန်မှာ ကားတစ်စီး accident ဖြစ်ပြီး Elliotတို့ မိသားစုအိမ်ခြံထဲမှာ မှောက်သွားတဲ့ အသံကြားလိုက်ရတယ်။

မိုးတွေသည်းနေတဲ့ ညမှာ ကားထဲက လူကို ကယ်ဆယ်ဖို့ ကြိုးစားကြတယ်။ နောက်ဆုံး ဒဏ်ရာတွေနဲ့ လူစိမ်းကို အိမ်ထဲကို ရွေ့ထားလိုက်ကြတယ်။ ဖုန်းဆက် အရေးပေါ်ခေါ်ကြပေမဲ့ မုန်တိုင်းကြားမှာ ဘယ်သူမှ လာလို့မရတော့ မနက်အထိ စောင့်ကြရမယ်။ Douglas မိသားစုအိမ်က ဆေးအကူအညီယူဖို့ ကြိုးစားကြရင်း TV မှာ လာနေတဲ့ သတင်းကို မထင်မှတ်ထားဘဲ မြင်မိကြတယ်။ Adam နဲ့ Graceကို သတ်သွားတဲ့ လူသတ်သမား Lee Walshဆိုတဲ့ သူကို အပူတပြင်းလိုက်ရှာနေကြတဲ့ အကြောင်းနဲ့ တရားခံရဲ့ ပုံပါ TV မှာ ကြေညာထားတယ်။ ဒီတရားခံဟာ အခြားသူမဟုတ်ဘူး ကားမှောက်ပြီး အိမ်ထဲရောက် နေတဲ့ လူစိမ်းပဲ။

ဒီလူစိမ်းဟာ သားနဲ့ သမီးကို သတ်သွားတဲ့ လူသတ်သမားဆိုတာ သိလိုက်ရတဲ့ အချိန်မှာ နှစ်မိသားစုလုံးအတွက် သောကတွေကနေ ဒေါသတွေ အဖြစ်ပြောင်းလဲ သွားတယ်။ သားနဲ့သမီးကို သတ်ထားပြီး သတ်ပြစ်ချင်လောက်အောင် မုန်းတီးရတဲ့ လူသတ်သမားဟာ အခု Elliot မိသားစုအိမ်ရဲ့ ဧည့်ခန်းထဲမှာ
ဒဏ်ရာတွေနဲ့ မေ့မျောနေတယ်။ လူသတ်သမားရဲ့ အင်္ကျီထဲက သူတို့ရဲ့ အိမ်လိပ်စာ post codeကိုရေးထားတဲ့ စာအိတ်တစ်ခုလည်းတွေ့တယ်။ ဘာကြောင့် သူတို့ရဲ့ အိမ်လိပ်စာ post codeက ဒီလူစိမ်း မှာရှိနေတာလဲ။ ဒီကို တမင်လာခဲ့တာ သေချာသလောက်ဆိုရင် ဘာကြောင့်လဲ။ သားနဲ့ သမီးကို သတ်ပြီးမှ ဒီကိုဘာကြောင့် ရောက်လာတာလဲ။ Adamတို့နဲ့ ဒီလူစိမ်းနဲ့ ဘယ်လို ပတ်သတ်နေလဲ။ ဒီလူစိမ်းက သတ်ခဲ့တာကော ဟုတ်ရဲ့လား။ မုန်းတိုင်းတွေကြားမှာ ဘာမှ အဖြေရေရေရာရာမသိရတဲ့အတွက် မနက်ခင်း ဆေးရုံကားနဲ့ ရဲတွေ ရောက်လာတဲ့အချိန်ကို စောင့်ဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။
ဒီလူစိမ်းထွက်မပြေးအောင် ညဘက်မှာ သူတို့အတွက်လည်း လုံခြုံအောင် ဂိုထောင်ကြီးထဲက ခွေးလှောင်အိမ်အဟောင်းထဲ ထည့်ပိတ်ထားလိုက်ကြတယ်။ မနက်အစောရောက်လာမယ့် ဆေးရုံကားနဲ့ ရဲတွေကို စောင့်ရင်း ထိတ်လန့်စရာညကို တစ်ရေးလောက် အိပ်ပြီးကုန်ဆုံးလိုက်ကြတယ်။

နောက်နေ့မနက်…
မုန်တိုင်းလည်း ငြိမ်သွားပြီဖြစ်တဲ့ အပြင် အစောကြီး နိုးနေတဲ့ Claire တစ်ယောက် ဂိုထောင်ထဲက လူစိမ်းကို သွားစစ်ကြည့်တဲ့အခါမှာ လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာနဲ့ လူစိမ်းဟာ သေနေခဲ့ပြီ။ နှစ်မိသားစုလုံး မယုံနိုင်စရာ အဖြစ်နဲ့ အတူ တစ်မိသားစုနဲ့ တစ်မိသားစု သံသယတွေလည်း ဖြစ်လာကြတယ်။ ဆေးရုံက အရေးပေါ်ကားဆိုတာလည်း ရောက်မလာခဲ့ဘူး။ Lee Walsh ဒီရောက်နေတယ်ဆိုတာလည်း ဘယ်သူမှ မသိကြ။ ဒါပေမဲ့ အဓိက အကြောင်းအရင်းက ဘယ်သူသတ် လိုက်တာလဲ။ ညဘက်မှာ ဘယ်သူသတ်လိုက် မှန်းမသိရတဲ့ Lee Walsh ကတော့ သေသွားခဲ့ပြီ။ သေချာတာကတော့ ဒီမိသားစု နှစ်စုကတည်းက တစ်ယောက်ကတော့ သတ်လိုက်တာ သေချာခဲ့ပြီ။ လူသတ်သမားကို သတ်တဲ့ တရားခံဘယ်သူလဲ။…….

မနက်ခင်းမှာ Edinburghကရဲတွေ ရောက်လာပြီး Lee Walsh ကို လိုက်ရှာကြရင်း သတိထားနေကြဖို့ မိသားစုတွေကို လာသတိပေးကြတော့မယ်။ ဒီအချိန်မှာ ခြံထဲမှာ မှောက်နေတဲ့ကား( Lee Walsh ခိုးလာတဲ့ ကား)ကို မမြင်တွေ့အောင် ဖုံးကွယ်ဖို့ ကြိုးစားကြရတော့မယ်။ သတင်းကြားပြီး ရောက်လာကြတဲ့ Media တွေ သတင်းသမားတွေ မမြင်အောင် ဖုံးကွယ်ကြဖို့ပါ ဖြစ်လာခဲ့ပြီ။

————————————————-

2016 မှာ BBC ကနေ ထုတ်လွှင့်ခဲ့တဲ့ One of Us(Mini Series)ဟာ အပိုင်းလေးပိုင်းပဲပါပါတယ်။ International ကို Netflixကနေ ထုတ်လွှင့်တဲ့အခါမှာ Retribution ဆိုတဲ့ နာမည်နဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ British Drama ကိုမှ Mystery ရောစပ်ထားပြီး Twistကောင်းကောင်းကို သဘောကျတဲ့ သူတွေ အကြိုက်တွေ့မှာပါ။

Whodunnit ဇာတ်လမ်းအမျိုးစားဖြစ်တဲ့အတိုင်း ဒီမိသားစု နှစ်ခုကတည်းက ဘယ်သူသတ်လိုက်တယ် ဆိုတာကို အဖြေရှာကြမှာပါ။ ဘယ်သူသတ်လိုက်တာလဲ ဆိုတာထက် ဘာကြောင့် သတ်လိုက်တယ်။ ဘာကြောင့် Adamn နဲ့ Grace အသတ်ခံရတယ်။ လူသတ်သမား ဒီမိသားစုတွေထံကို ဘာကြောင့် ရောက်လာတယ်။ Adam နဲ့ Grace နဲ့ ဘယ်လို ပတ်သတ်နေတာလဲ။ မိသားစု ဝင်တွေကြားက ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေက ဘာတွေလဲ။ ဇာတ်ဟာ ရိုးရိုးရှင်းရှင်း ဘယ်သူသတ်တယ်ဆိုတာထက် ဘာကြောင့် (Why) ဆိုတဲ့ မေးခွန်းများစွာကို တစ်ခုချင်း ဖြည်ထုတ်သွားမှာပါ။ ဒီမိသားစုအကြောင်းတင် မဟုတ်ဘဲ ဒီအမှုကိုလိုက်တဲ့ Edinburghက ရဲစုံထောက်အမျိုးသမီးနဲ့ ဘယ်လို ဆက်စပ်နေတယ် ဆိုတာတွေဟာလည်း ဇာတ်ကြောင်းချိတ်ဆက်ပုံ အတော်မိုက်တာပါ။ အပိုင်းလေးပိုင်းပဲ ရှိတဲ့အတွက် နောက် Season တွေ ဆက်မျှော်ဖို့လည်း မလို သလို အချိန်ပေးရလည်း အတော်တန်တဲ့ ဇာတ်လမ်းတွဲမျိုးဖြစ်ပါတယ်။ British Cast တွေနဲ့ UK ပတ်ဝန်းကျင်တွေဖြစ်တဲ့အတွက် USက တမင်ဆွဲဆန့်နေကြတဲ့ Series တွေထက်စာရင် အတော် အားရကျေနပ်စရာကောင်းပါတယ်။

နောက်ဆုံး Final Twistဟာ ပါးစပ်အဟောင်းသားဖြစ်ရတာမို့ spoil မမိဖို့တော့ အရေးကြီးပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၇ရဲ့ Scottish Royal Television Society Awardsမှာ ဆန်ကာတင်ဆုအများဆုံး ဝင်ခဲ့ပါတယ်။

#MMDB_Reviews #SaiNatkha #OneofUs #Retribution

Airs On
Release Year
Firt air date
Last air date2016-09-13
TypeMiniseries
Episode runtime60 min
Home PageOne of Us
Popularity5.921
TV StatusEnded

Seasons and episodes

1 One of Us - Season 1

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *