Seo Dal Miဆိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ကောင်မလေးတစ်ယောက်ဟာ
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို့ အိပ်မက်မက်နေတဲ့သူပါ။
လိုအပ်တဲ့ရင်းနှီးမြှုပ်နှံငွေရဖို့ ကျောင်းကနေထွက်ခဲ့ပြီး အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ကာ
အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။
သူမရဲ့အကြီးမားဆုံးအိပ်မက်ကတော့ ကိုရီးယားရဲ့စတိဗ်ဂျော့အဖြစ်နဲ့ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်သူပါ။
Nam Do Sanကတော့ အတွက်အချက်တော်တဲ့ သင်္ချာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး
Samsan Techရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ သူ့ရဲ့ကုမ္ပဏီဟာအကျဥ်းအကြပ်ထဲကျရောက်နေပြီး စီးပွားရေးအခက်အခဲကြုံတွေ့နေရပါတယ်။
ဒီလိုရည်မှန်းချက်ကြီးမားတဲ့လူငယ်လေးနှစ်ယောက်ဟာ ဘယ်လိုတွေဆုံကြမလဲ…
သူတို့အခက်အခဲတွေကို ဖြေရှင်းနိုင်ကြပါ့မလား.. တစ်ယောက်နဲ့တစ်ယောက်ရော အပြန်အလှန်ကူညီနိုင်ကြပါ့မလား…
Leave a Reply