Alpha Premium
Teenage Bounty Hunters

Teenage Bounty Hunters

1 Seasons 10 Episodes
Returning Series

Teenage Bounty Hunters

7.9
TMDb: 7.9/10 89 votes

General information

Original nameTeenage Bounty Hunters
Created by

Backdrops

Teenage Bounty Hunters
Teenage Bounty Hunters
Teenage Bounty Hunters
Teenage Bounty Hunters

Synopsis of Teenage Bounty Hunters

Teenage Bounty Hunters (2020)
================================

Bounty Hunters ဆိုတဲ့ စကားလုံးကို ကြားဖူးလား။ Bounty Hunters ဆိုတာက ​​ပြောရရင် လူဆိုးဖမ်းတာမျိုး​​ပေါ့။ လူဆိုးကိုသွားဖမ်းမယ် ဆု​ကြေး​ငွေရမယ်​ပေါ့။ အဲ့လိုသ​ဘောမျိုးပါ။ ဟုတ်ပြီ ဇာတ်ကားနာမည်​လေးနဲ့စလိုက်မယ် Teenage Bounty Hunters။ ဘာလဲ​ပေါ့။ ဆယ်​ကျော်သက်​တွေက လူဆိုး​တွေကိုလိုက်ဖမ်းမှာလား​​ပေါ့။ ပိုစတာမှာကလဲ ​ကောင်မ​လေးနှစ်​ယောက်ပဲပါတယ်။ ဒီနှစ်​ယောက်ကဖမ်းမှာလား​ပေါ့။ ဟုတ်ပါတယ် ချစ်ဖို့ကောင်းတဲ့ ဒီကောင်မလေးနှစ်​ယောက်ကပဲဖမ်းကြမှာပါ။

Teenage Bounty Hunters ကို​တော့ 2020 August 14 ရက်​နေ့မှာ Netflix က​နေ ထုတ်လွှင့်ခဲ့ပြီး​တော့ အပိုင်းအ​နေနဲ့ 10 ပိုင်းပါရှိပါတယ်။ တစ်ပိုင်းကို မိနစ် ၅၀ ဝန်းကျင်ကြာမြင့်မှာဖြစ်ပါတယ်။ Teenage Bounty Hunters ကို​တော့ Casting Director တစ်​ယောက်ဖြစ်တဲ့ Kathleen Jordan က​နေမှ ဖန်တီးထားတာဖြစ်ပါတယ်။

ဇာတ်​​ကောင်နှစ်​ယောက်ဖြစ်တဲ့ Maddie Phillips နဲ့ Anjelica Bette Fellini တို့က​တော့ ဒီဇာတ်လမ်းတွဲမှာမှစပြီး ပွဲဦးထွက်ကြတဲ့သူ​တွေ​ပါ။ သူတို့အ​ပြင်​နောက်ထပ် ဇာတ်​​ကောင်တစ်​ယောက်လဲရှိပါ​သေးတယ်။ ​Bowser အဖြစ်သရုပ်​ဆောင်တဲ့ Kadeen Hardison ပဲဖြစ်ပါတယ်။ Kadeen ဟာဆိုရင် အ​မေရိကန်လူမည်းသရုပ်​ဆောင်တစ်​ယောက်ဖြစ်ပြီး A Different World ဆိုတဲ့ TvSeries နဲ့ နာမည်ရထားသူတစ်​ယောက်ပါ။ ​နောက်ထပ် တခြားရုပ်ရှင်​ပေါင်း​မြောက်မြားစွာမှာလဲ ပါဝင်သရုပ်​ဆောင်ထားဖူးသူတစ်​ယောက်ပါ။

အမွှာနှစ်​ယောက်က သူတို့အ​ဖေရဲ့ ထရပ်ကားကို တိုက်ပစ်လိုက်ပြီးတဲ့ အချိန်မှာ​တော့ အမွှာနှစ်​ယောက်က ကားပြင်စားရိတ်ကိုရှာရပါ​တော့တယ်။ အဲ့ဒီက​နေစပြီး​တော့ Bowser ဆိုတဲ့ လူဆီမှာ လူဆိုး​တွေကို လိုက်ဖမ်းပြီး ကားပြင်စားရိတ်ကို ရှာရပါ​တော့တယ်။ Bowser က အမွှာနှစ်​ယောက်အတွက် ဆရာလိုပုံစံမျိုးပါ။ အမွှာနှစ်​ယောက်အ​နေမှာ သရုပ်​ဆောင်ကြတဲ့ သရုပ်​ဆောင်​တွေက အသစ်​တွေဖြစ်​ပေမဲ့ ​ကြောင်​တောင်​တောင်မဖြစ်​နေပဲ တစ်​ယောက်​နဲ့တစ်​ယောက် အချိတ်အဆက်မိ​နေတာကို​တွေ့ရပါတယ်။ Trailer မှာ မြင်ကြမဲ့အတိုင်းပဲ ​ဆယ်​ကျော်သက်​တွေပီပီ သွက်သွက်လက်လက်မ​ကြောက်မရွံ့နဲ့ လူဆိုးလိုက်ဖမ်း​နေကြတာပါ။

အစပိုင်းမှာ​တော့ ဇာတ်​ကောင်​တွေနဲ့ ရင်းနှီး​အောင်လို့ အချိန်အရမ်းဆွဲထားသလိုဖြစ်​နေပြီး​တော့ ​နောက်ပိုင်းကျရင်​တော့ ​ပေါ့​ပေါ့ပါးပါးနဲ့ ​နောက်ထပ်လာမဲ့ အပိုင်း​တွေအတွက် အစီအစဥ်​တွေ​သေချာချထားတာကို​တွေ့ရမှာပါ။ စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ကွက်တစ်ချို့က​တော့ က​လေး​တွေကြည့်ဖို့ သိပ်အဆင်မ​ပြေတာကိုလဲ ထည့်​ပြောပါရ​စေ။ IMDb မှာလဲ 7.5 အထိရထားတာဖြစ်လို့ ​ပေါ့​ပေါ့ပါးပါးနဲ့ အ​သေရယ်ချင်ရင်​တော့ ဒီဇာတ်လမ်း​လေးကို ကြည့်ရှု​ပေးကြပါဦး။

Airs On
Release Year
Firt air date
Last air date2020-08-14
TypeScripted
Episode runtime49 min
Popularity25.216
TV StatusReturning Series

Seasons and episodes

1 Teenage Bounty Hunters - Season 1

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *