##unicode
“The Great Indian Murder” ဆိုတဲ့အိန္ဒိယစီးရီးလေးဟာဆိုရင် စာရေးဆရာ Vikas Swarup ရဲ့
အရောင်းရဆုံးဝတ္ထုစာအုပ်ဖြစ်တဲ့ “Six Suspects”ဆိုတဲ့ဝတ္တုကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီးတော့
ထိတ်လန့်သည်းဖိုမှုခင်းကားတွေကိုမှကြည့်ချင်တဲ့ပရိသတ်တွေအတွက်ကတော့ကွက်တိပဲဖြစ်မှာပါ
ဇာတ်လမ်းအကျဉ်းလေးကိုနည်းနည်းပြောပြပါ့မယ် ဗစ်ကီရိုင်ဟာဆိုရင်အသက် ၃၀ နှစ်လောက်ရှိပြီဖြစ်ပြီးတော့
ကိုယ်ပိုင်ကုမ္ပဏီကြီးတစ်ခုကိုတည်ထောင်ထားတဲ့သူလည်းဖြစ်ပါတယ်
သူရဲ့မကောင်းတဲ့စာရိုက်ကတော့သူ့စီးပွားရေးအကျိုးတွက်ဆိုရင်ကောင်းတာဆိုးတာဘာမဆိုလုပ်တတ်တဲ့
သူဖြစ်ပြီးအမြတ်ကိုသာကြည့်တတ်တဲ့သူဖြစ်ပါတယ်
သူ့အဖေပြည်ထဲရေးဝန်ကြီးရဲ့အာဏာကြောင့်လည်းထင်ရဲစိုင်းနေတော့တာပေါ့
တစ်နေ့မှာတော့ဗစ်ကီဟာသူ့ကုမ္ပဏီပါတနာအတွက်ပျော်တော်ဆက်ဖို့မိန်းကလေးနှစ်ယောက်ကိုရှာပေးရင်း
အဲ့ဒီမိန်းကလေးနှစ်ယောက်မတော်တဆသေသွားခဲ့ပါတယ် ဗစ်ကီဟာသူ့တပည့်တွေကိုအလောင်းတွေ
ကိုသွားပစ်ဖို့ပြောခဲ့ပေမယ့် ရဲတွေကသူတို့ကိုဖမ်းဆီးမိသွားပါတယ် ဒါပေမယ့်နိုင်ငံရေးအာဏာရှိသူရဲ့
သားဖြစ်သူပီပီအမှုကနေလွယ်လွယ်လေးရှောင်ထွက်နိုင်ခဲ့ပါတယ် ဒါ့အပြင်ဗစ်ကီကသူ့အပြစ်ကို
သူနောင်တမရဘဲအမှုကနေလွတ်လာတဲ့အတွက်ပါတီပွဲတောင်ကျင်းပခဲ့ပါတယ် ဒါပေမယ့်မကောင်းတဲ့
သူတွေရဲ့သွားရာလမ်းအတိုင်းဗစ်ကီတစ်ယောက်ပါတီပွဲမှာသေနတ်နဲ့ပစ်သတ်ပြီးလုပ်ကြံခံခဲ့ရပါတယ်
ဗစ်ကီရဲ့သေဆုံးမှုအတွက်ရဲတွေအနေနဲ့သံသယရှိသူခြောက်ဦးဖမ်းဆီးခဲ့ပြီးသူတို့ခြောက်ဦးထဲက
ဘယ်သူကတရားခံအစစ်လဲဆိုတာတစ်ခန်းချင်းဆက်စပ်ပြီးဖော်ထုတ်သွားမှာဖြစ်ပါတယ်
အဲ့တော့ဗစ်ကီကိုလုပ်ကြံတဲ့သူဟာဘယ်သူများဖြစ်မလဲ
ရဲတွေဖမ်းဆီးရမိခဲ့တဲ့သံသယရှိသူခြောက်ဦးထဲမှာတကယ့်တရားခံကပါလာနိုင်ပါ့မလားဆိုတာ
ကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 800MB (per episode)
Format…mp4
Quality : 1080p WED-DL
Genre : Crime,Mystery,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
================================================================================================================================
Episode 1 (1080p) 800MB
Episode 2 (1080p) 800MB
Episode 3 (1080p) 800MB
Episode 4 (1080p) 800MB
Episode 5 (1080p) 800MB
Episode 6 (1080p) 800MB
Episode 7 (1080p) 800MB
Episode 8 (1080p) 800MB
Episode 9 END (1080p) 800MB
Leave a Reply