Alpha Premium
The Great Season 1

The Great

1 Seasons 10 Episodes
Returning Series

The Great Season 1

8.8
TMDb: 8.8/10 15 votes

General information

Original nameThe Great
Created by

Backdrops

The Great Season 1
The Great Season 1

Synopsis of The Great Season 1

ဒီတခါတော့ Hulu ကနေ လွှင့်ထားတဲ့ The Great ဆိုတဲ့ Mini series လေးကို တင်ဆက်လိုက်ပါတယ်။

ဇာတ်လမ်းကတော့ Comdey အမျိုးအစားဖြစ်ပြီး

IMDB မှာ 7.9 နဲ့ RT မှာ 80%ထိရထားတဲ့ ဇာတ်ကားလေးပါ။

ပထမဆုံးပြောရမှာကတော့ မင်းသမီးက Elle Fanningပါပဲ။

Super 8 ထဲက ကလေးမလေးက Maleficent 1&2 နဲ့ အောင်မြင်လာခဲ့ပြီး

အခုလွမ်းနေတဲ့သူတွေအတွက် The Great နဲ့ ထွက်ပေါ်လာပြန်ပါပြီ။

မင်းသမီးကတော့ ဟုတ်ပါပြီ မင်းသားကရော။

ဟုတ်ကဲ့ မင်းသားကတော့ Worm Bodies တို့ Jack:Giant Slayerရယ်

X-menကားတွေထဲလည်း ပါတဲ့ Nicholas Hoult ပါပဲ​။

အပြင်မှာတကယ်ရှိတဲ့ ရုရှားဧကရီ Catherine The Great ရဲ့အကြောင်းကို

ကျောရိုးလေးယူပြီး Comdey အနေနဲ့ရိုက်ထားတာပါ။

Comedy ဆိုပေမယ့် 18th ရာစုဝန်းကျင်မှာဖြစ်တဲ့အတွက်

အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေအကြောင်းတွေ

အဲဒီခေတ်မှာ အမျိုးသားတွေက အမျိုးသမီးတွေကို

ဘယ်လိုသဘောထားတယ်ဆိုတာတွေကိုပါ ထည့်သွင်းထားပါတယ်။

ဇာတ်လမ်းကတော့ လာလာခြင်းမှာပဲ Catherine က Peter III က

လက်ထပ်ဖို့ ထွက်ခွာလာတာနဲ့ စပါတယ်။

အင်ပါယာကြီးတခုရဲ့ဧကရာဇ်ကို လက်ထပ်ရမယ့်မိန်းကလေးတယောက် ရဲ့

လက်ဆောင်ကတော့ ထင်းရှူးရွက်လေး တခုပါပဲ။

သူနဲ့ ဧကရာဇ်ရဲ့ အချစ်ဟာ မီးကျီး မီးပွားလေး တခုကနေ အရှိန်ပြင်းပြင်းတောက်လောင်လာပြီး

နိုင်ငံတော်ကြီး တခုလုံးကို အလင်းပေးနိုင်လောက်တဲ့အထိ

တောက်ပအောင်ဖြစ်စေချင်ပါသတဲ့။ ဧကရာဇ်ကတော့ ကဗျာဆန်ပါရဲ့လား။

အရင်ကပို့ခဲ့တဲ့စာတွေကတောင် သူပို့တာ မဟုတ်ပါဘူးတဲ့

အဲလိုနဲ့ မင်္ဂလာပွဲကျင်းပပြီး မင်္ဂလာဦးညကို စိတ်ကူးယဉ်နေတဲ့မိန်းကလေးတယောက်ရဲ့

စိတ်ကူးနဲ့ယောကျာ်းတယောက်ဖြစ်တဲ့ ဧကရာဇ်ရဲ့ လက်ထပ်မှုအပေါ်ထားတဲ့

သဘောထားတွေဖော်ပြရင်း မင်္ဂလာဦးညကိုပုံဖော်ထားခဲ့တယ်။

ပြင်သစ်ကို စိတ်ဝင်စားတာချင်းတူကြပေမယ့်

ပြင်သစ်နောက်ဆုံးပေါ်ဖက်ရှင်တွေကို စိတ်ဝင်စားတဲ့ နန်းတော်က

အမျိုးသမီးတွေနဲ့ မတူကွဲပြားစွာ Catherine ကတော့

ပြင်သစ်အတွေးအခေါ်ပညာရှင်တွေရဲ့ စာပေတွေကိုသာ စိတ်ဝင်စားဖတ်ရှုသူပါ။

သူတို့က စာတောင် မဖတ်တတ်ကြဘူး။

နောက်ထပ်သူတိုစိတ်ဝင်စားတာကတော့ အိမ်ထောင်ရေး အတင်းအဖျင်းတွေပဲ။

နန်းတော်ကအမျိုးသမီးတွေရဲ့ စိတ်ဓာတ်နဲ့ သူတို့ရဲ့ပျော်စရာကစားနည်းတွေကအစ

Catherine နဲ့ ကွဲပြားနေခဲ့တော့တယ်။

အဲလိုနဲ့ Catherine ရဲ့ သည်းခံနိုင်မှုတွေ ကုန်ဆုံးလာတဲ့အခါမှာတော့

သူဟာ ဆုံးဖြတ်ချက်တခုကို ချလိုက်တော့တယ်…….

Elle လေးရဲ့ ချစ်စရာကောင်းတာလေးတွေနဲ့တင်တန်နေပါပြီ။

ဟာသတွေကလည်း ပြောတာတွေ ရယ်နေရတယ်။

အရမ်းကြီးရယ်ရအောင် လုပ်ထားတာမဟုတ်ပဲနဲ့ သူ့နေရာနဲ့သူ ထည့်ထားတယ်။

ဧကရာဇ်ကလည်း ရုပ်တည်ကြီးနဲ့ ဟာသတွေလုပ် စလာလာခြင်းကတည်း

သူနဲ့ယူမယ့်သူကို စနောက်နေတာ။

သူတယောက်နဲ့တင် ရယ်နေရတယ်။

စကားလုံးတွေကတော့ နည်းနည်းကြမ်းတာတွေပါပါတယ်။

ကဲ ကြည့်ရှုခံစားလိုက်ပါအုံး

Airs On
Release Year
Firt air date
Last air date2020-05-15
TypeScripted
Episode runtime60 min
Popularity18.234
TV StatusReturning Series

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *