The Vampire Diaries
ကမာၻေျမကိုကယ္တင္ၾကတဲ့ စူပါဟီး႐ိုးေတြလိုမ်ိဳး The CW ကလဲ vampire ေတြ , werewolf ေတြ , စုန္းေတြနဲ႔အတူ တျခား သဘာဝလြန္စြမ္းအားေတြကို ပိုင္ဆိုင္ထားတဲ့ creature ေတြပါဝင္တဲ့ supernatural universe ကို 2010 ခုႏွစ္မွာ The Vampire Diaries နဲ႔ အစခ်ီၿပီး တည္ေထာင္ခဲ့ပါတယ္ … 2013 ခုႏွစ္မွာေတာ့ The Vampire Diaries ထဲမွာ ပါဝင္တဲ့ မူလမ်ိဳးစိတ္ေတြအေၾကာင္းကို အက်ယ္တဝင့္႐ိုက္ကူးထားတဲ့ The Originals ဆိုၿပီး ထြက္ရွိလာခဲ့ပါတယ္ … အဲ့ေနာက္မွာေတာ့ ယခု 2018 ခုႏွစ္ Legacies ဆိုၿပီး The Originals ရဲ႕ ပင္တိုင္စံႀကီး Klaus Mikaelson ရဲ႕ သမီးေလး Hope Mikaelson တို႔မ်ိဳးစပ္အေၾကာင္းကို ထုတ္လႊင့္ျပသလ်က္ရွိပါတယ္ …
ထုတ္လႊင့္ျပသခဲ့တဲ့ ခုႏွစ္အားျဖင့္ ၾကည့္မယ္ဆိုရင္ The Vampire Diaries ဟာ အဲ့ universe တစ္ခုလံုး ဦးစြာပထမေပါ့ … 2017 ခုႏွစ္ Season 8 ခု ထုတ္လႊင့္အၿပီး The Vampire Diaries ကို အဆံုးသတ္ခဲ့ပါတယ္ … Vampire ဇာတ္လမ္းေတြကို ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ေတာ့ မၾကည့္ဖူးရင္သာရွိမယ္ The Vampire Diaries ဆိုတဲ့ နာမည္ကို မၾကားဖူးတဲ့သူ မရွိေလာက္ပါဘူး …
ဇာတ္လမ္းအေၾကာင္းေလး ေျပာျပရမယ္ဆိုရင္ – Elena Gilbert ရဲ႕ မိဘေတြဟာ ကားအက္ဆီဒင့္တစ္ခုေၾကာင့္ ဆံုးပါးသြားခဲ့ရပါတယ္ … မိဘေတြကို ႐ုတ္တရက္ဆံုးရႈံးသြားရတယ့္အတြက္ ဝမ္းနည္းပူေဆြးေနခဲ့ရတဲ့ ဆယ္ေက်ာ္သက္ ေက်ာင္းသူေလးတစ္ဦးေပါ့ … သူ႔မွာ Jeremy Gilbert ဆိုတဲ့ ေမာင္ေလးတစ္ေယာက္လဲရွိပါေသးတယ္ … Jeremy ဟာလဲ မိဘေတြကို ႐ုတ္တရက္ ဆံုးရႈံးလိုက္ရတာေၾကာင့္ ေျဖဆည္ရာမရပဲ မူးယစ္ေဆးေတြသံုးစြဲကာ ဝမ္းနည္းမႈကို ေျဖေဖ်ာက္ေနတဲ့ ဆယ္ေက်ာ္သက္ ေကာင္ေလးတစ္ဦးေပါ့ …
အခ်ိန္ေတြၾကာလာေတာ့ Elena ဟာ သူဝမ္းနည္းမေနေတာ့ပဲ သူ႔ဘဝကိုေရွ႕ဆက္ဖို သဓိဌာန္ခ်ခဲ့ပါတယ္ … ေႏြရာသီေက်ာင္းပိတ္ရက္အၿပီး ေက်ာင္းျပန္စၿပီး စတက္တဲ့ေန႔မွာပဲ Elena တစ္ေယာက္ Stefan Salvatore ဆိုသူနဲ႔ မိတ္ေဆြျဖစ္ခဲ့ပါတယ္ …
Stefan Salvatore ဆိုတာကေတာ့ ႏွစ္ေပါင္း 162 ႏွစ္ရွိၿပီျဖစ္တဲ့ သက္တမ္းရင့္ vampire တစ္ေကာင္ေပါ့ … vampire ျဖစ္ေပမယ့္လဲ သူဟာ လူသားဆန္ဖို႔ ႀကိဳးစားေနထိုင္ေနတဲ့ vampire တစ္ေကာင္ေပါ့ … သူဟာ လူေသြးကို မေသာက္ပါဘူး … သူ႔မွာ Damon Salvatore ဆိုတဲ့ vampire အစ္ကိုတစ္ေယာက္လဲ ရွိပါေသးတယ္ … Damon ကေတာ့ လူေသြးေတြေသာက္ လူေတြကိုလိုက္သတ္တဲ့ ခပ္ၾကမ္းၾကမ္း vampire ပါ့ …
တစ္ခ်ိန္က လူသားဘဝမွာ Stefan နဲ႔ Damon တို႔ဟာ Katherine လို႔ေခၚတဲ့ ေကာင္မေလးကို ခ်စ္ကၽြမ္းဝင္ခဲ့ဖူးပါတယ္ … Katherine ဟာ Stefan နဲ႔ Damon တို႔ကို vampire အသြင္ ေျပာင္းေပးခဲ့သူပါ … အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ႏွစ္ဦး Katherine နဲ႔ ကြဲကြာခဲ့ရၿပီး ႏွစ္ေပါင္း 100 ေက်ာ္အၾကာမွ ျပန္ေတြ႕ရတဲ့ Elena ဆိုတဲ့ ေကာင္မေလးဟာ တခ်ိန္က သူတို႔ႏွစ္ဦးရဲ႕ ခ်စ္ရသူျဖစ္ခဲ့တဲ့ Katherine နဲ႔ ခၽြတ္စြပ္တူေနခဲ့ပါတယ္ …
Season 1 မွာဆိုရင္ေတာ့ Elena , Stefan နဲ႔ Damon တို႔ သံုးေယာက္ၾကားက သံုးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းနဲ႔အတူ ဗင္ပိုင္ယားေတြ သမန္ဝံပုေလြေတြ နဲ႔အတူ စုန္းကေဝတို႔ရဲ႕ ၾကားထဲက တိုက္ပြဲေတြကိုပါ ရင္သပ္ရႈေမာ္ဖြယ္ ၾကည့္ရႈရမွာျဖစ္ပါတယ္ …
Rating အရ IMDb မွာ 7.7/10 , Rotten Tomatoes မွာ 85% ႏွင့္ TV.com မွာ 8.3/10 အသီးသီး ရရွိထားတဲ့ Rating ျမင့္ တီဗီဇာတ္လမ္းတြဲတစ္ခုျဖစ္ပါတယ္ …
Unicode
ကမ္ဘာမြေကိုကယ်တင်ကြတဲ့ စူပါဟီးရိုးတွေလိုမျိုး The CW ကလဲ vampire တွေ , werewolf တွေ , စုန်းတွေနဲ့အတူ တခြား သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ creature တွေပါဝင်တဲ့ supernatural universe ကို 2010 ခုနှစ်မှာ The Vampire Diaries နဲ့ အစချီပြီး တည်ထောင်ခဲ့ပါတယ် … 2013 ခုနှစ်မှာတော့ The Vampire Diaries ထဲမှာ ပါဝင်တဲ့ မူလမျိုးစိတ်တွေအကြောင်းကို အကျယ်တဝင့်ရိုက်ကူးထားတဲ့ The Originals ဆိုပြီး ထွက်ရှိလာခဲ့ပါတယ် … အဲ့နောက်မှာတော့ ယခု 2018 ခုနှစ် Legacies ဆိုပြီး The Originals ရဲ့ ပင်တိုင်စံကြီး Klaus Mikaelson ရဲ့ သမီးလေး Hope Mikaelson တို့မျိုးစပ်အကြောင်းကို ထုတ်လွှင့်ပြသလျက်ရှိပါတယ် …
ထုတ်လွှင့်ပြသခဲ့တဲ့ ခုနှစ်အားဖြင့် ကြည့်မယ်ဆိုရင် The Vampire Diaries ဟာ အဲ့ universe တစ်ခုလုံး ဦးစွာပထမပေါ့ … 2017 ခုနှစ် Season 8 ခု ထုတ်လွှင့်အပြီး The Vampire Diaries ကို အဆုံးသတ်ခဲ့ပါတယ် … Vampire ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများအတွက်တော့ မကြည့်ဖူးရင်သာရှိမယ် The Vampire Diaries ဆိုတဲ့ နာမည်ကို မကြားဖူးတဲ့သူ မရှိလောက်ပါဘူး …
ဇာတ်လမ်းအကြောင်းလေး ပြောပြရမယ်ဆိုရင် – Elena Gilbert ရဲ့ မိဘတွေဟာ ကားအက်ဆီဒင့်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ရပါတယ် … မိဘတွေကို ရုတ်တရက်ဆုံးရှုံးသွားရတယ့်အတွက် ဝမ်းနည်းပူဆွေးနေခဲ့ရတဲ့ ဆယ်ကျော်သက် ကျောင်းသူလေးတစ်ဦးပေါ့ … သူ့မှာ Jeremy Gilbert ဆိုတဲ့ မောင်လေးတစ်ယောက်လဲရှိပါသေးတယ် … Jeremy ဟာလဲ မိဘတွေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတာကြောင့် ဖြေဆည်ရာမရပဲ မူးယစ်ဆေးတွေသုံးစွဲကာ ဝမ်းနည်းမှုကို ဖြေဖျောက်နေတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ဦးပေါ့ …
အချိန်တွေကြာလာတော့ Elena ဟာ သူဝမ်းနည်းမနေတော့ပဲ သူ့ဘဝကိုရှေ့ဆက်ဖို သဓိဌာန်ချခဲ့ပါတယ် … နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်စပြီး စတက်တဲ့နေ့မှာပဲ Elena တစ်ယောက် Stefan Salvatore ဆိုသူနဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ် …
Stefan Salvatore ဆိုတာကတော့ နှစ်ပေါင်း 162 နှစ်ရှိပြီဖြစ်တဲ့ သက်တမ်းရင့် vampire တစ်ကောင်ပေါ့ … vampire ဖြစ်ပေမယ့်လဲ သူဟာ လူသားဆန်ဖို့ ကြိုးစားနေထိုင်နေတဲ့ vampire တစ်ကောင်ပေါ့ … သူဟာ လူသွေးကို မသောက်ပါဘူး … သူ့မှာ Damon Salvatore ဆိုတဲ့ vampire အစ်ကိုတစ်ယောက်လဲ ရှိပါသေးတယ် … Damon ကတော့ လူသွေးတွေသောက် လူတွေကိုလိုက်သတ်တဲ့ ခပ်ကြမ်းကြမ်း vampire ပါ့ …
တစ်ချိန်က လူသားဘဝမှာ Stefan နဲ့ Damon တို့ဟာ Katherine လို့ခေါ်တဲ့ ကောင်မလေးကို ချစ်ကျွမ်းဝင်ခဲ့ဖူးပါတယ် … Katherine ဟာ Stefan နဲ့ Damon တို့ကို vampire အသွင် ပြောင်းပေးခဲ့သူပါ … အကြောင်းအမျိုးမျိုးကြောင့် သူတို့နှစ်ဦး Katherine နဲ့ ကွဲကွာခဲ့ရပြီး နှစ်ပေါင်း 100 ကျော်အကြာမှ ပြန်တွေ့ရတဲ့ Elena ဆိုတဲ့ ကောင်မလေးဟာ တချိန်က သူတို့နှစ်ဦးရဲ့ ချစ်ရသူဖြစ်ခဲ့တဲ့ Katherine နဲ့ ချွတ်စွပ်တူနေခဲ့ပါတယ် …
Leave a Reply