Netflix ကနေ August 7 ရက်နေ့ကမှ ထွက်ရှိလာတဲ့ Animation Series အသစ်လေးပါ။ ဒီ Series လေးကတော့ Tales of Arcadia ရဲ့ နောက်ဆုံး Series လေးပဲ ဖြစ်ပါတယ်။ Animated Series အနေနဲ့ Title အရဆိုရင်တော့ Trollhunter နဲ့ 3Below ဆိုပြီး ရှေ့မှာ ထွက်ရှိခဲ့ပြီးသားပါ။ အခုမှသာ နောက်ဆုံး Title ဖြစ်တဲ့ Wizards ကို ထုတ်လွှင့်ခဲ့တာပါ။
Title ၃ ခုလုံးကိုတော့ နာမည်ကျော်စတူဒီယိုဖြစ်တဲ့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ DreamWorks Animation Studio ကပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ DreamWorks Animation Studio ကနေဆိုရင်တော့ နာမည်ကြီး Animation Movie တွေအနေနဲ့ Chicken Run Kungfu Panda Shrek နဲ့ How to Train Your Dragon တို့အပြင် 2020 မှ ထွက်ရှိထားတဲ့ Trolls World Tour တို့ကိုလည်း ထုတ်လုပ်ထားပါတယ်။ DreamWorks Animation Studio ကိုရုတ်တရက်ကြီးမသိဘူးဆိုရင်တော့ လပေါ်မှာ ငါးမျှားနေတဲ့ကောင်လေးပုံကိုတွေ့ရင်သိကြမှာပါ။
ဒီ Series ဟာဆိုရင်ဖြင့် နာမည်ကျော် မက္ကဆီကို နိုင်ငံသား စာရေးဆရာ ဒါရိုက်တာ အသံသရုပ်ဆောင် Guillermo del Toro ပဲဖြစ်ပါတယ်။ သူဟာဆိုရင် Tales of Arcadia Title ၃ခုလုံးရဲ့ Director Writer Executive Producer ဖြစ်တဲ့အပြင် Trollhunters နဲ့ 3Below မှာပါ အသံသရုပ်ဆောင်ထားပါသေးတယ်။ တခြားရုပ်ရှင်တော်တော်များများမှာလဲ ဒါရိုက်တာအလုပ်ရော အသံသရုပ်ဆောင်အလုပ်တွေပါ လုပ်ထားတဲ့သူတစ်ယောက်ပါ။
ရုပ်ရှင်အကြောင်းလေးကို ဆက်သွားရအောင်။ ဇာတ်လမ်းလေးကတော့ မှော်ဆရာအရမ်းဖြစ်ချင်တဲ့ Merlin ရဲ့ တပည့် Douxie တစ်ယောက် Trollhunters ထဲက ကလေးတစ်ချို့နဲ့ အရင်အချိန်တွေကို မတော်တဆပြန်ရောက်သွားပြီး စွန့်စားခန်းထွက်ကြမဲ့ အကြောင်းပါ။
အပိုင်းအနေနဲ့ကတော့ ၁၀ ပိုင်းရှိပြီးတော့ တစ်ပိုင်းကိုကြာမြင့်ချိန်ကလဲ ၂၃ မိနစ်ဝန်းကျင်ပါပဲ။ Trollhunters နဲ့ 3Below တုန်းကလို Season တွေ ထွက်ရှိဦးမလားဆိုတော့ အခုထိ မသိရသေးတဲ့အတွက်တော့ ရှိမယ်မရှိဘူးကတော့ ပြောရခက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထွက်တာ မထွက်တာက သူတို့ကိစ္စ ကြည့်ရမှာက ကိုယ့်ဘော်ဒါတို့ ကိစ္စဆိုတော့ Animation ကြိုက်တဲ့ ဘော်ဒါတွေအတွက် Wizards ဆိုတဲ့ Series လေးကို တင်ဆက်ပေးလိုက်ပါတယ်။
Leave a Reply