##unicode
ဒီတစ်ခါတော့ ဂျပန်comicစာအုပ်ထဲက ခုန်ထွက်လာတဲ့ usoguiဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။
ဒီဇာတ်ကားဟာ ကာကီရိုလို့ခေါ်တဲ့ အမှောင်အဖွဲ့အစည်းကြီးအကြောင်းရိုက်ကူးထားတာပါ။
ကာကီရိုအသင်းဝင်တွေဟာ တစ်ခုမဟုတ်တစ်ခုအလောင်းအစားလုပ်ကြတဲ့လူတွေပါ။နိုင်ပြီဆိုရင်လည်း အချီကြီးရသလို ရှုံးပြီဆိုရင်လည်း
အသက်တောင်တစ်ခါတည်း ဆုံးရှုံးနိုင်လောက်အောင် ပြင်းထန်တဲ့ လောင်းကစားမျိုးတွေ လုပ်ကြတဲ့အဖွဲ့အစည်းပါ။
ကာကီရိုကလပ်အသင်းဝင်တွေ အချင်းချင်းပဲလောင်းကစားလုပ်ကြတာများပါတယ်။အဲ့လိုလုပ်တိုင်းလည်း မသမာမှုတွေ လုပ်လို့မရအောင်
ကာကီရိုကလပ်က ဒိုင်လူကြီးတွေ ထားရှိပေးပါတယ်။အဲ့ကလပ်မှာ တော်ဝင်ခေါင်းဆောင်ရာထူးကိုယူပြီး
ကမ္ဘာကြီးကိုငြိမ်းချမ်းအောင် လုပ်ချင်တဲ့ ဘာ့ကူမာဒါရာမဲဆိုတဲ့အသင်းဝင်တစ်ယောက်ရှိပါတယ်။သူဟာ တော်ဝင်ခေါင်းဆောင်နဲ့တောင်
အလောင်းအစားလုပ်ပြီးအကြောင်းအမျိုးမျိုးကြောင့် ရှုံးနိမ့်ခဲ့တဲ့အတွက် ကလပ်ကနေထွက်ခဲ့ရပါတယ်။အဲ့လိုနဲ့ပဲ ဘယ်သူ့ကိုမှအရှုံးမပေးချင်တဲ့
လူတစ်ယောက် ဘယ်လိုပြန်ပြီးရှင်သန်နိုးထလာမှာပဲ၊သူ့ရဲ့ဖြတ်ထိုးဉာဏ်စွမ်းဆောင်ရည်တွေနဲ့ ကာကီရိုကလပ်ကို ဘယ်လိုပြန်ဝင်ပြီး
တော်ဝင်ခေါင်းဆောင်နေရာကိုရယူမလဲဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြည့်ရမှာပါ။
သူ့ရဲ့အခက်အခဲတွေကိုမုန့်ထုပ်လေးတစ်ထုပ်ဖောက်စားရင်း သူ့ရဲ့ဖြတ်ထိုးဉာဏ်၊ပါးနပ်မှုတွေနဲ့ ဘယ်လိုဖြတ်ကျော်သွားမလဲ
နောက်ဆုံးမှာသူလိုချင်တဲ့အရာကို ရသွားပါ့မလား စောင့်မျှော်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ဒီကားထဲမှာ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့
ဂျပန်အဆိုတော် အဝင်းခေါ် မိုရီဆာကီဝင်းကလည်းတစ်ထောင့်တစ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။မင်းသားလေးတွေကလည်း
အချောလေးတွေချည်းပါ။တကယ်ကြည်ရတာတန်တဲ့ကားကောင်းတစ်ကားပါ။
##zawgyi
Review – Thant Sin Hnin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thant Sin Hnin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply