##unicode
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ “Vaashi” ဆိုတဲ့ဥပဒေရေးရာကားလေးပါ ဇာတ်လမ်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပြီး
အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တာကိုတွေ့ရပါတယ် ဇာတ်လမ်းအကျဉ်းကတော့အီဘင်နဲ့မာဒါဗာတို့ဟာ
ရှေ့နေလောကထဲကမတည့်အတူနေသူငယ်ချင်းနှစ်ယောက်ပေါ့ အမြဲတမ်းလည်းငြင်းခုန်ပြီး တစ်ယောက်ကိုတစ်ယောက်အရမ်းကိုအနိုင်လိုချင်ကြတဲ့သူတွေပေါ့
ဒါပေမယ့်နောက်ပိုင်းအချိန်တွေကြာလာတဲ့အခါသမီးရည်းစားအဖြစ်အဆင့်တက်သွားပြီး လက်ထပ်လိုက်ကြပါတယ် အဲ့ဒီမှာပြဿနာကစတာပါ
သူတို့နှစ်ယောက်လက်မထပ်ခင်လေးမှာပဲ သူတို့နှစ်ယောက်ကိုလာအပ်ထားတဲ့အမှုတွေဟာသွားပြီးတော့တိုက်ဆိုင်နေပါတယ် အီဘင်ကတရားလိုဘက်က
မာဒါဗာကတော့တရားခံဘက်ကပေါ့ လင်မယားနှစ်ယောက်တရားခွင်မှာအတိုက်အခံလုပ်ပြီးအမှုရင်ဆိုင်ရတော့တာပေါ့
ဒါကြောင့်သူတို့ရဲ့ကိုယ်ရေးကိုယ်တာဘဝမှာအနှောင့်အယှက်မဖြစ်ရလေအောင်အလုပ်ကို အလုပ်မှာပဲထားခဲ့ဖို့သဘောတူခဲ့ကြပါတယ်
ဒါပေမယ့်ဒီအမှုကြီးဟာသူတို့နှစ်ယောက်ကြားမှာတစ်စထက်တစ်စကြီးထွားလာတဲ့အခါ သူတို့သဘောတူထားသလိုမျိုးအဆင်ပြေနိုင်ပါ့မလား
သူတို့နှစ်ယောက်အားပြိုင်မှုကြားမှာ ဘယ်သူကအမှုမှာအနိုင်ရသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
======================================================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply