##unicode
Van Wilder 1ကိုကြည့်ပြီးသားသူတွေအတွက် သူ့ရဲ့အဆက်လေးလာပါပြီ။ မကြည့်ရသေးတဲ့သူတွေဆိုရင်လည်း ဆက်ဆက်ကြည့်ဖို့ Recommendပေးပါတယ်။ ဒီတစ်ခေါက်က ဗန် ဝိုင်းလ်ဒါ အကြောင်းမဟုတ်ဘဲနဲ့ သူ့ရဲ့အကူလေး တက်ချ် အကြောင်းကို ရိုက်ကူးပုံေဖာ်ထားတာဖြစ်ပါတယ်။
တစ်ချိန်က အရှက်ကြီးပြီး လူကြောက်တတ်တဲ့ တက်ချ်ဟာ ဗန်နဲ့ တွေ့တော့မှ လူတွေနဲ့ ပြောဆိုဆက်ဆံတတ်လာပြီး ယုံကြည်မှုရှိလာပါတယ်။ ဒီဇာတ်ကားမှာဆိုရင် သူဟာ သူ့ရဲ့အဖေတက်ခဲ့တဲ့ ကမ်းဖော့ထ် တက္ကသိုလ်မှာ ပညာသင်ကြားဖို့ သွားခဲ့ပါတယ်။ သူဟာ “မြေခွေးနဲ့ အမဲလိုက်ခွေးများ” အမည်ရှိတဲ့ အဆောင်ကို ဖိတ်ခေါ်ခံရသော်လည်းပဲ အဲ့ဒီက အဖွဲ့ဝင်က လိမ်ပြီးတော့ ပုံနှိပ်အမှားလို့ပြောပြီး ဟောင်းနေတဲ့အဆောင်ဆီ ပို့ခဲ့ပါတယ်။
ဖြစ်ချင်တော့ အဲ့ဒီနေရာမှာ သူ့လိုဖြစ်ခဲ့တဲ့သူတွေနဲ့ တွေ့ဆုံပြီးနောက် သူဟာ အဖွဲ့အသစ်ဖွဲ့လိုက်ပြီး
သူတို့ရဲ့အဆောင် အောင်မြင်အောင်ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သူတို့ရဲ့ အဆောင်ဟာ အဆင့်တဖြည်းဖြည်းချင်းတက်လာပြီး နောက်ဆုံးမှာ “မြေခွေးနဲ့အမဲလိုက်ခွေးများ” အဆောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖြစ်မလဲ။ တက်ချ်တို့အဖွဲ့ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကို ဒီဇာတ်ကားမှာ ဟာသဆန်ဆန် စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
##zawgyi
Van Wilder 1ကိုၾကည့္ၿပီးသားသူေတြအတြက္ သူ႔ရဲ႕အဆက္ေလးလာပါၿပီ။ မၾကည့္ရေသးတဲ့သူေတြဆိုရင္လည္း ဆက္ဆက္ၾကည့္ဖို႔ Recommendေပးပါတယ္။ ဒီတစ္ေခါက္က ဗန္ ဝိုင္းလ္ဒါ အေၾကာင္းမဟုတ္ဘဲနဲ႔ သူ႔ရဲ႕အကူေလး တက္ခ်္ အေၾကာင္းကို ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။
တစ္ခ်ိန္က အရွက္ႀကီးၿပီး လူေၾကာက္တတ္တဲ့ တက္ခ်္ဟာ ဗန္နဲ႔ ေတြ႕ေတာ့မွ လူေတြနဲ႔ ေျပာဆိုဆက္ဆံတတ္လာၿပီး ယုံၾကည္မႈရွိလာပါတယ္။ ဒီဇာတ္ကားမွာဆိုရင္ သူဟာ သူ႔ရဲ႕အေဖတက္ခဲ့တဲ့ ကမ္းေဖာ့ထ္ တကၠသိုလ္မွာ ပညာသင္ၾကားဖို႔ သြားခဲ့ပါတယ္။ သူဟာ “ေျမေခြးနဲ႔ အမဲလိုက္ေခြးမ်ား” အမည္ရွိတဲ့ အေဆာင္ကို ဖိတ္ေခၚခံရေသာ္လည္းပဲ အဲ့ဒီက အဖြဲ႕ဝင္က လိမ္ၿပီးေတာ့ ပုံႏွိပ္အမွားလို႔ေျပာၿပီး ေဟာင္းေနတဲ့အေဆာင္ဆီ ပို႔ခဲ့ပါတယ္။
ျဖစ္ခ်င္ေတာ့ အဲ့ဒီေနရာမွာ သူ႔လိုျဖစ္ခဲ့တဲ့သူေတြနဲ႔ ေတြ႕ဆုံၿပီးေနာက္ သူဟာ အဖြဲ႕အသစ္ဖြဲ႕လိုက္ၿပီး
သူတို႔ရဲ႕အေဆာင္ ေအာင္ျမင္ေအာင္ႀကိဳးစားပါေတာ့တယ္။ဒီလိုနဲ႔ သူတို႔ရဲ႕ အေဆာင္ဟာ အဆင့္တျဖည္းျဖည္းခ်င္းတက္လာၿပီး ေနာက္ဆုံးမွာ “ေျမေခြးနဲ႔အမဲလိုက္ေခြးမ်ား” အေဆာင္နဲ႔ ထိပ္တိုက္ရင္ဆိုင္ရတဲ့အခါ ဘယ္လိုျဖစ္မလဲ။ တက္ခ်္တို႔အဖြဲ႕ ဘယ္လိုအခက္အခဲေတြရင္ဆိုင္ရမလဲဆိုတာကို ဒီဇာတ္ကားမွာ ဟာသဆန္ဆန္ စိတ္ဝင္စားဖြယ္ ေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။
Review – Yelo momo
File Size – 1.3GB
Format…mp4
Quality : 1080p Blu-ray
Duration…
Genre : Comedy, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yelo momo
Encoded by Arrow
Leave a Reply