##unicode
“Virata Parvam” ဆိုတဲ့ကားလေးကတော့ ၂၀ ရာစုလောက်က အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တော်လှန်ရေးသမားတွေနဲ့
ရဲတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေအကြောင်းကိုနောက်ခံထားပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဒါပေမယ့်ဒီဇာတ်လမ်းလေးရဲ့အဓိကဇာတ်ကောင်ကတော့
ဗန်နီလာဆိုတဲ့မိန်းကလေးပဲဖြစ်ပါတယ် ဗန်နီလာဟာဆိုရင်တခြားမိန်းကလေးတွေနဲ့မတူဘဲကဗျာတွေ စာပေတွေဖတ်ရတာကိုနှစ်ခြိုက်တဲ့
ခေါင်းမာတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ် သူ့ရဲ့သာမန်အေးချမ်းနေတဲ့ဘဝလေးဟာအာရန်ရာဆိုတဲ့ကလောင်နာမည်နဲ့လူရဲ့
တော်လှန်ရေးစာပေတွေကိုဖတ်ပြီးတဲ့နောက်မှာပြောင်းလဲသွားခဲ့ပါတယ် ဗန်နီလာဟာမျက်နှာတောင်မမြင်ဖူးတဲ့အာရန်ရာဆိုတဲ့လူကို မေတ္တာသက်ဝင်သွားခဲ့ပါတယ်
ဒီလိုနဲ့စုံစမ်းလိုက်တဲ့အါ အာရန်ရာဆိုတဲ့လူဟာ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်ရာဗီနာဖြစ်နေတာကိုသိလိုက်ရပါတယ် ဗန်နီလာရဲ့
ရာဗီနာအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတွေဟာတစ်နေ့တစ်ခြားကြီးထွားလာခဲ့ပြီးတော့နောက်ဆုံးအိမ်ကထွက်ပြီး ရာဗီနာနောက်ကိုလိုက်သွားတဲ့အထိပါပဲ
ဒါပေမယ့်တော်လှန်ရေးခေါင်းဆောင်နောက်ကိုလိုက်ဖို့ဆိုတာလုံးဝမလွယ်ကူတဲ့ကိစ္စပါ အချစ်ကြီးတဲ့ဗန်နီလာတစ်ယောက်ရာဗီနာဆီကိုအရောက်သွားနိုင်ပါ့မလား
လမ်းခရီးမှာရောဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ပေးကြပါဦး
##zawgyi
Review – Phyu Sin
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
============================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
App ဒေါင်းရန်
မန်ဘာဝင်လိုသူများ
viber – 0969117714
Leave a Reply