##unicode
ကမ္ဘာနဲ့တဝန်းမှာ ရှေးအခါကနေ ယနေ့ထိတိုင် စစ်ပွဲတွေဖြစ်နေတာပါ
နယ်မြေလိုချင်လို့၊ အာဏာလိုချင်လို့၊ မာန်မာန၊ ဂုဏ်သိက္ခာအတွက် တိုက်ကြတဲ့စစ်ပွဲတွေပေါ့
ဒီဇာတ်ကားကတော့ ထိုင်ဝမ်ကျွန်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်
၁၈၉၅ ခုနှစ် ဂျပန်-တရုတ်ရှီမိုနီဆာကီ သဘောတူစာချုပ်အရ
ဖက်ဆစ်ဂျပန်တို့ရဲ့ နယ်ချဲ့ကျူးကျော်မှုအောက်မှာ ထိုင်ဝမ်နိုင်ငံလည်းကျရောက်ခဲ့ပါတယ်
ထိုင်ဝမ်နိုင်ငံရဲ့ တောင်တန်းတွေပေါ်မှာ ရှေးအစဦးကတည်းက တည်ရှိနေတဲ့ သူတို့ကိုယ်သူတို့
သက်တန့်သူရဲကောင်းလို့ခေါ်တဲ့ မျိုးနွယ်စုတွေရှိခဲ့ပါတယ်
အဲဒီလူရိုင်းမျိုးနွယ်စုတွေဟာ သူတို့ရဲ့ အမဲလိုက်နယ်မြေတွေကို ဂျပန်တွေရဲ့
မတရားသိမ်းပိုက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်က ရုန်းထွက်ဖို့အတွက်
မျိုးနွယ်စု ၆ ခုက စစ်သည်တော်ပေါင်း ၃၀၀ လောက်က
ဂျပန်တွေကိုတော်လှန်ပုန်ကန်တဲ့ တိုက်ပွဲကြီးဖြစ်ပေါ်လာခဲ့တာပါ
ဒီဇာတ်ကားကို စတင်ရိုက်ကူးစဉ်က ဖလင်ဇာတ်ကား ၂ ခုအဖြစ်ထွက်ရှိခဲ့တာပါ
အခု ဇာတ်ကားတစ်ခုတည်းအဖြစ် ပေါင်းစည်းထားတာပါ ၂၀၁၁ ခုနှစ်မှာ
ထွက်ခဲ့တာဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်
စစ်ပွဲရဲ့အနိဠာရုံတွေကို ရှုစားကြရမှာဖြစ်ပြီး
လူရိုင်းတွေရဲ့ ရက်စက်တဲ့ သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်
အသက်မပြည့်သူတွေနဲ့၊ စိတ်မခိုင်တဲ့သူတွေ ကြည့်ရှုဖို့မသင့်တော်ပါဘူး
စိတ်ဝင်စားဖွယ်ဇာတ်လမ်းကောင်း တစ်ခုဖြစ်တာမို့ လက်မလွတ်တမ်း အားပေးလိုက်ပါဦး
##zawgyi
ကမာၻနဲ႔တ၀န္းမွာ ေရွးအခါကေန ယေန႔ထိတိုင္ စစ္ပြဲေတြျဖစ္ေနတာပါ
နယ္ေျမလိုခ်င္လို႔၊ အာဏာလိုခ်င္လို႔၊ မာန္မာန၊ ဂုဏ္သိကၡာအတြက္ တိုက္ၾကတဲ့စစ္ပြဲေတြေပါ့
ဒီဇာတ္ကားကေတာ့ ထိုင္၀မ္ကၽြန္း ျဖစ္ရပ္မွန္ကိုရိုက္ကူးထားတဲ့ကားျဖစ္ပါတယ္
၁၈၉၅ ခုႏွစ္ ဂ်ပန္-တ႐ုတ္ရွီမိုနီဆာကီ သေဘာတူစာခ်ဳပ္အရ
ဖက္ဆစ္ဂ်ပန္တို႔ရဲ႕ နယ္ခ်ဲ႕က်ဴးေက်ာ္မႈေအာက္မွာ ထိုင္၀မ္ႏိုင္ငံလည္းက်ေရာက္ခဲ့ပါတယ္
ထိုင္ဝမ္ႏိုင္ငံရဲ႕ ေတာင္တန္းေတြေပၚမွာ ေရွးအစဦးကတည္းက တည္ရွိေနတဲ့ သူတို႔ကိုယ္သူတို႔
သက္တန႔္သူရဲေကာင္းလို႔ေခၚတဲ့ မ်ိဳးႏြယ္စုေတြရွိခဲ့ပါတယ္
အဲဒီလူ႐ိုင္းမ်ိဳးႏြယ္စုေတြဟာ သူတို႔ရဲ႕ အမဲလိုက္နယ္ေျမေတြကို ဂ်ပန္ေတြရဲ႕
မတရားသိမ္းပိုက္မႈ၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြေအာက္က ႐ုန္းထြက္ဖို႔အတြက္
မ်ိဳးႏြယ္စု ၆ ခုက စစ္သည္ေတာ္ေပါင္း ၃၀၀ ေလာက္က
ဂ်ပန္ေတြကိုေတာ္လွန္ပုန္ကန္တဲ့ တိုက္ပြဲႀကီးျဖစ္ေပၚလာခဲ့တာပါ
ဒီဇာတ္ကားကို စတင္႐ိုက္ကူးစဥ္က ဖလင္ဇာတ္ကား ၂ ခုအျဖစ္ထြက္ရွိခဲ့တာပါ
အခု ဇာတ္ကားတစ္ခုတည္းအျဖစ္ ေပါင္းစည္းထားတာပါ ၂၀၁၁ ခုႏွစ္မွာ
ထြက္ခဲ့တာျဖစ္ၿပီး IMDB 7.5 ရရွိထားပါတယ္
စစ္ပြဲရဲ႕အနိဠာ႐ုံေတြကို ရႈစားၾကရမွာျဖစ္ၿပီး
လူ႐ိုင္းေတြရဲ႕ ရက္စက္တဲ့ သတ္ျဖတ္ခန္းေတြပါဝင္တဲ့အတြက္
အသက္မျပည့္သူေတြနဲ႔၊ စိတ္မခိုင္တဲ့သူေတြ ၾကည့္ရႈဖို႔မသင့္ေတာ္ပါဘူး
စိတ္ဝင္စားဖြယ္ဇာတ္လမ္းေကာင္း တစ္ခုျဖစ္တာမို႔ လက္မလြတ္တမ္း အားေပးလိုက္ပါဦး
Leave a Reply