၁၉၃၂ခုနှစ်တုန်းက ဘာလင်မြို့မှာ အန်နာဆိုတဲ့
၉နှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိခဲ့တယ်
သူမရဲ့ အဖေက နာမည်ကြီးဝေဖန်ရေးဆရာ
အာသာကမ်ပါဖြစ်ပြီးတော့ အမေနာမည်က ဒေါ်ရသီယာပါတဲ့
သူမမှာ မက်စ်လို့ခေါ်တဲ့ ၁၂နှစ်အရွယ် အစ်ကိုတစ်ယောက်ရှိပြီး
ဘာလင်မြို့မှာ မိသားစုအတူတကွပျော်ပျော်ရွှင်ရွှင်နေကြတယ်
တစ်ရက် ဟစ်တလာကရွေးကောက်ပွဲနိုင်လုဆဲဆဲအချိန်မှာ
ဂျူးလူမျိုးဖြစ်ကြတဲ့ သူမတို့မိသားစုတတွေ
နာဇီလက်ကလွတ်မြောက်ဖို့အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
ဘာလင်ကနေပြေးကြရတော့တယ်
အန်နာတို့တတွေ ဘယ်လိုအခက်အခဲတွေ ဘယ်လိုအပြောင်းအလဲတွေ
ကြုံတွေ့ရမလဲ နေရာအသစ် ဘဝအသစ်ကို
ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်
Leave a Reply