Celle Que Vous Vroyez (2019)
============================================
Netflix ရဲ့ ပြင်သစ် ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ယနေ့ ကမ္ဘာကြီးဟာ facebook၊ twitter စတဲ့ social media တွေရဲ့ လွှမ်းမိုးမှုကို ခံရတာ ငြင်းပယ်မရတဲ့ အချက်ပါပဲ။ ဒီဇာတ်ကားလေးကတော့ social media ပေါ်က လိမ်ညာမှု ဖုံးကွယ်မှုတွေကို မီးမောင်းထိုးပြထားတာပါ။
ကလဲလ်ဆိုတဲ့ ကွာရှင်းထားသော ကလေးနှစ်ယောက်မိခင်ဟာ တက္ကသိုလ်က professor တစ်ဦးပါ။ သူမဟာ သူမရဲ့ စိတ်အပန်းဖြေမှုအတွက် ရည်းစားထားခဲ့ပေမယ့် စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီလိုနဲ့ facebook မှာ နာမည်တုနှင့် acc ဖွင့်ပြီး ရည်းစားရှာခဲ့မိပါတယ်။ ငယ်ရွယ်တဲ့ မိန်းမငယ်လေးအနေနဲ့ ဟန်ဆောင်ပြီး အတုအယောင်ကမ္ဘာထဲမှာ ပျော်ရွှင်ရင်း နေ့စဥ်တာဝန်တွေ သားတွေအပေါ် ဝတ္တရားတွေ ပျက်ကွက်လာပါတယ်။ သူမရဲ့ ဇာတ်လမ်း အတုအယောင်လောကကနေ ရုန်းထွက်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုပေးကြပါ။ မမြင်ရတဲ့ facebook စတဲ့ social media ပေါ်က အရာတွေက တကယ့်လောကကြီးကို အမှန်အတိုင်းပြတာ မဟုတ်ဘူးဆိုတာလေးကို ပြသထားပါတယ်။
Leave a Reply