##unicode
Wildcatဇာတ်ကားမှာတော့ သတင်းထောက်တစ်ဦးဖြစ်တဲ့Khadija Youngဟာ Mosulက
အမေရိကန်သံရုံးကိုသွားနေတဲ့လမ်းမှာဘဲ အကြမ်းဖက်သမားအဖွဲ့တစ်ဖွဲ့ တိုက်ခိုက်တာခံခဲ့ရပါတယ်။
သူမအထက်လူကြီးလဲအသတ်ခံလိုက်ရကာ သူမနဲ့အတူ Lukeဆိုတဲ့စစ်သားတစ်ဦးကတော့
အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးထားတာကို ခံခဲ့ရတယ်။
အကြမ်းဖက်သမား Abu Khalidက Mosulက အမေရိကန်သံရုံးကို ဗုံးခွဲဖို့ကြံစည်ထားတာမို့
Khatနဲ့ Lukeတို့ကို နည်းမျိုးစုံနဲ့ နှိပ်စက်ကာ သူလိုချင်တဲ့သတင်းအချက်အလက်တွေရအောင် လုပ်ပါတယ်။
အဖမ်းခံထားပြီး နေတိုင်းနှိပ်စက်ခံနေရတဲ့ Khatနဲ့ Lukeတို့နှစ်ယောက်က Abu Khalidသိချင်နေတဲ့အရာတွေကို
အချိန်တွဲပြောပြီးတော့ ဖမ်းဆီးထားတဲ့ နေရာကနေ လွတ်မြောက်ဖို့နည်းလမ်းရှာဖို့ အစီအစဉ်ဆွဲခဲ့တယ်။
ပြင်းထန်တဲ့နှိပ်စက်နည်းတွေကို နေ့တိုင်းခံနေရတဲ့ Khatနဲ့ Lukeတို့နှစ်ယောက် အသက်ရှင်သန်နိုင်ပါ့မလား။
သူတို့ကိုဖမ်းဆီးထားတဲ့ အကြမ်းဖက်သမားအဖွဲ့လက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြရမလဲဆိုတာကို ကြည့်ရှုကြပါအုံး။
##zawgyi
review – Myet Chel
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action
Subtitle : Myanmar Subtitle (hardsub)
Translated by Myet Chel
Encoded by Arrow
Leave a Reply