##unicode
ဒီတစ်ခါမှာတော့ ဇာတ်လမ်းအေးအေးလေးနဲ့ ရင်ကိုလှုပ်ခတ်သွားစေမယ့် Thaimessageဆိုတဲ့ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
အိန္ဒိယကားပါနော်ထိုင်းကားမဟုတ်ပါဘူး။အတ်မာရမ်ဆိုတဲ့လူကြီးဟာ မိသားစုကလူတိုင်း လေးစားချစ်ခင်ရတဲ့ဖခင်ကြီးပေါ့။သူ့ရဲ့မိန်းမကလည်း ၂၁နှစ်လုံးလုံး
လေဖြတ်လို့အိပ်ရာထဲလဲနေပြီး ၂၂နှစ်မြောက်မှာပဲသေသွားခဲ့တာပါ။အဲ့ကတည်းက အက်မာရမ်ဟာ တစ်ဉီးတည်းနေပြီး ဘာသာရေးတွေကို
ဇောက်ကျလုပ်နေတာပေါ့။အဲ့တော့တစ်အိမ်လုံးကသူ့ကို သူတော်စင်အရှင်ကြီးလို့သတ်မှတ်ထားကြတာပါ။တစ်နေ့မှာ အက်မာရမ်ဟာ သူ့မှာလည်း
လူသားသဘာဝစိတ်တွေရှိသေးတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် အိမ်ကိုလိမ်ပြီး အပျော်ရှာဖို့ဘန်ကောက်ကိုလာခဲ့ပါတယ်။အဲ့တော့ ဖခင်ကိုအရှင်တစ်ပါးလို
သတ်မှတ်ခဲ့ကြတဲ့ သားသမီးတွေကစိတ်တွေတိုတာပေါ့။ဒီအသက်အရွယ်ကြီးကျမှ ဒီလိုတွေဖြစ်ရမလားဆိုပြီး….
လူတွေဟာ ကိုယ်စိတ်ထဲမှာ အရှင်တစ်ပါးလို့သတ်မှတ်လိုက်တဲ့လူဆိုရင်နည်းနည်းလေးမှားတာတောင် လက်မခံချင်ကြဘူး။ဟိုလိုသတ်မှတ်ဒီလိုသတ်မှတ်နဲ့
လူ့အခွင့်အရေးကိုပိတ်ပင်ချင်နေကြတာ။အဲ့လိုအရှိကိုအရှိတိုင်း လက်မခံချင်ကြလို့ လူအချစ်ခံရတဲ့လူတော်တော်များများက စိတ်ဒုက္ခရောက်ရပါတယ်။
သားသမီးတွေကလည်း အဖေဆိုတာဒီလိုမဖြစ်ရဘူးဆိုတဲ့ အတ္တတွေလွန်ကဲတာပေါ့။အဲ့အချိန်မှာ အက်မာရမ်ဟာ သားသမီးတွေနဲ့ဘယ်လိုပြေလည်အောင်
ညှိနှိုင်းသွားမလဲ။သားသမီးတွေကရော သူ့ကိုနားလည်ပေးမှာလား။ဇာတ်လမ်းက အဆုံးသတ်လှတယ်ပြောရမယ်။
အော် ချစ်ခြင်းမေတ္တာက ဒီလိုပါလား တဏှာမပါရာဂမပါပါ့လား ဆိုတဲfeelingရောက်အောင် ငြိမ့်ငြိမ့်လေးနဲ့ခေါ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်
မလွတ်တမ်းကြည့်ရှုကြဖို့တိုက်တွန်းပါတယ်။ဘဝအတွက်သင်ခန်းစာတစ်ခုရလိုက်မယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။
##zawgyi
ဒီတစ္ခါမွာေတာ့ ဇာတ္လမ္းေအးေအးေလးနဲ႔ ရင္ကိုလႈပ္ခတ္သြားေစမယ့္ Thaimessageဆိုတဲ့ဇာတ္ကားေလးတစ္ကားနဲ႔ မိတ္ဆက္ေပးပါရေစ။
အိႏၵိယကားပါေနာ္ထိုင္းကားမဟုတ္ပါဘူး။အတ္မာရမ္ဆိုတဲ့လူႀကီးဟာ မိသားစုကလူတိုင္း ေလးစားခ်စ္ခင္ရတဲ့ဖခင္ႀကီးေပါ့။သူ႔ရဲ႕မိန္းမကလည္း ၂၁ႏွစ္လုံးလုံး
ေလျဖတ္လို႔အိပ္ရာထဲလဲေနၿပီး ၂၂ႏွစ္ေျမာက္မွာပဲေသသြားခဲ့တာပါ။အဲ့ကတည္းက အက္မာရမ္ဟာ တစ္ဉီးတည္းေနၿပီး ဘာသာေရးေတြကို
ေဇာက္က်လုပ္ေနတာေပါ့။အဲ့ေတာ့တစ္အိမ္လုံးကသူ႔ကို သူေတာ္စင္အရွင္ႀကီးလို႔သတ္မွတ္ထားၾကတာပါ။တစ္ေန႔မွာ အက္မာရမ္ဟာ သူ႔မွာလည္း
လူသားသဘာဝစိတ္ေတြရွိေသးတယ္ဆိုတာကို သိလိုက္ရတဲ့အတြက္ အိမ္ကိုလိမ္ၿပီး အေပ်ာ္ရွာဖို႔ဘန္ေကာက္ကိုလာခဲ့ပါတယ္။အဲ့ေတာ့ ဖခင္ကိုအရွင္တစ္ပါးလို
သတ္မွတ္ခဲ့ၾကတဲ့ သားသမီးေတြကစိတ္ေတြတိုတာေပါ့။ဒီအသက္အ႐ြယ္ႀကီးက်မွ ဒီလိုေတြျဖစ္ရမလားဆိုၿပီး….
လူေတြဟာ ကိုယ္စိတ္ထဲမွာ အရွင္တစ္ပါးလို႔သတ္မွတ္လိုက္တဲ့လူဆိုရင္နည္းနည္းေလးမွားတာေတာင္ လက္မခံခ်င္ၾကဘူး။ဟိုလိုသတ္မွတ္ဒီလိုသတ္မွတ္နဲ႔
လူ႔အခြင့္အေရးကိုပိတ္ပင္ခ်င္ေနၾကတာ။အဲ့လိုအရွိကိုအရွိတိုင္း လက္မခံခ်င္ၾကလို႔ လူအခ်စ္ခံရတဲ့လူေတာ္ေတာ္မ်ားမ်ားက စိတ္ဒုကၡေရာက္ရပါတယ္။
သားသမီးေတြကလည္း အေဖဆိုတာဒီလိုမျဖစ္ရဘူးဆိုတဲ့ အတၱေတြလြန္ကဲတာေပါ့။အဲ့အခ်ိန္မွာ အက္မာရမ္ဟာ သားသမီးေတြနဲ႔ဘယ္လိုေျပလည္ေအာင္
ညႇိႏႈိင္းသြားမလဲ။သားသမီးေတြကေရာ သူ႔ကိုနားလည္ေပးမွာလား။ဇာတ္လမ္းက အဆုံးသတ္လွတယ္ေျပာရမယ္။
ေအာ္ ခ်စ္ျခင္းေမတၱာက ဒီလိုပါလား တဏွာမပါရာဂမပါပါ့လား ဆိုတဲfeelingေရာက္ေအာင္ ၿငိမ့္ၿငိမ့္ေလးနဲ႔ေခၚေဆာင္သြားမွာ ျဖစ္တဲ့အတြက္
မလြတ္တမ္းၾကည့္ရႈၾကဖို႔တိုက္တြန္းပါတယ္။ဘဝအတြက္သင္ခန္းစာတစ္ခုရလိုက္မယ့္ ဇာတ္ကားမ်ိဳးျဖစ္ပါတယ္။
Review – Thant Sin hnin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thant Sin hnin
Encoded by Arrow
=================================================================================
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply