Alpha Premium
Western
The Power of the Dog (2021) 6.9
The Power of the Dog (2021) ##unicode ဒီဇာတ်ကားကတော့ နာမည်ကြီး Doctor Strangeနဲ့ Sherlock homes မင်းသား Benedictရဲ့နောက်ဆုံးအသစ်ထွက်ဇာတ်ကားဖြစ်ပြီး 1967ခုနှစ်ကထွက်ရှိခဲ့တဲ့ဝတ္တုကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းကအေးအေးလေးဖြစ်ပြီး Benedictရဲ့ ခပ်ရိုင်းရိုင်း ကောင်းဘွိုင်တစ်ယောက်အနေနဲ့သရုပ်ဆောင်ချက်တွေက ဇာတ်ကားအဆုံးဆွဲခေါ်သွားမှာပဲ ဖြစ်လို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ပိုက်ဆံချမ်းသာပြီး မွေးမြူရေးခြံကိုပိုင်ဆိုင်တဲ့ ကောင်းဘွိုင်ညီအစ်ကိုနှစ်ယောက် ဂျော့ဂျ်နဲ့ဖေလ်ဆိုတာရှိခဲ့ပါတယ် ဖေလ်က သူ့အစ်ကို ဂျော့ဂျ်ကိုသိပ်တွယ်တာခဲ့ပေမယ့် တစ်နေ့မှာ သူ့အစ်ကိုက သားတစ်ယောက်ရဲ့မိခင် မုဆိုးမ ရို့စ်နဲ့ယူလိုက်တဲ့အခါမှာတော့ အစ်ကိုဖြစ်သူကိုစိတ်ဆိုးခဲ့ပြီး လောကကြီးကိုအရွှဲ့တိုက်ခဲ့တဲ့ သူ့အကြောင်းတွေကိုမြင်တွေ့ရမှာပါ အမျိုးသမီးတွေကိုအထင်မကြီးခဲ့တဲ့ယောက်ျားတွေခေတ်အကြောင်းကိုလည်း ဖော်ကျူးထားတာဖြစ်လို့ အတွေးပေါင်းများစွာကိုလည်းပေးနိုင်မယ့်ဇာတ်ကားလည်းဖြစ်ပါတယ် ကြည့်ရူအားပေးကြပါဦးနော် ##zawgyi ဒီဇာတ္ကားကေတာ့ နာမည်ကြီး Doctor Strangeနဲ့ Sherlock homes မင်းသား Benedictရဲ့နောက်ဆုံးအသစ်ထွက်ဇာတ်ကားဖြစ်ပြီး 1967ခုနှစ်ကထွက်ရှိခဲ့တဲ့ဝတ္တုကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းကအေးအေးလေးဖြစ်ပြီး Benedictရဲ့ ခပ်ရိုင်းရိုင်း ကောင်းဘွိုင်တစ်ယောက်အနေနဲ့သရုပ်ဆောင်ချက်တွေက ဇာတ်ကားအဆုံးဆွဲခေါ်သွားမှာပဲ ဖြစ်လို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ပိုက်ဆံချမ်းသာပြီး မွေးမြူရေးခြံကိုပိုင်ဆိုင်တဲ့ ကောင်းဘွိုင်ညီအစ်ကိုနှစ်ယောက် ဂျော့ဂ်ျနဲ့ဖေလ်ဆိုတာရှိခဲ့ပါတယ် ဖေလ်က သူ့အစ်ကို ဂျော့ဂ်ျကိုသိပ်တွယ်တာခဲ့ပေမယ့် တစ်နေ့မှာ သူ့အစ်ကိုက သားတစ်ယောက်ရဲ့မိခင် မုဆိုးမ ရို့စ်နဲ့ယူလိုက်တဲ့အခါမှာတော့ အစ်ကိုဖြစ်သူကိုစိတ်ဆိုးခဲ့ပြီး လောကကြီးကိုအရွှဲ့တိုက်ခဲ့တဲ့ သူ့အကြောင်းတွေကိုမြင်တွေ့ရမှာပါ အမျိုးသမီးတွေကိုအထင်မကြီးခဲ့တဲ့ယောက်ျားတွေခေတ်အကြောင်းကိုလည်း ဖော်ကျူးထားတာဖြစ်လို့ အတွေးပေါင်းများစွာကိုလည်းပေးနိုင်မယ့်ဇာတ်ကားလည်းဖြစ်ပါတယ် ကြည့်ရူအားပေးကြပါဦးနော် Review – Hmue File Size ...
6.9
IMDB: 6.9/10 5,186 votes
movie
2021
The Harder They Fall (2021) 5.7
The Harder They Fall (2021) ##unicode Netflix Channel ကနေအသစ်ထွက်ရှိလာတဲ့ The Harder They Fallဆိုတဲ့အမေရိကန်ကောင်းဘွိုင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာဆိုရင်ဇာတ်လမ်းကတော့စိတ်ကူးယဉ်ပုံဖော်ထားတာဆိုပေမယ့် ဇာတ်ကောင်တွေကတော့ တကယ့်ကောင်းဘွိုင်တွေ ၁၉ရာစုနှစ်လောက်ကအမေရိကန်အနောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့လူဆိုးတွေအကြောင်းကိုအခြေခံထားတာဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့နက်တ်ဟာသူ့မိဘတွေနဲ့အတူညစာစားနေရင်းအမည်မသိသေနတ်သမားတစ်ယောက်က သူတို့မိသားစုလေးကိုလာရောက်ပစ်ခတ်သတ်ဖြတ်သွားပါတယ်နက်တ်ကိုလည်းနဖူးမှာဓားနဲ့ထွင်းပြီးအမာရွတ်ကျန်အောင်လုပ်ခဲ့ပါတယ် ထိုသူကတော့နာမည်ကြီးရာဇဝတ်သားရူဖက်စ်ဘက်ဆိုတဲ့သူပဲဖြစ်ပါတယ် နက်တ်ဟာအရွယ်ရောက်လာတဲ့အခါဓားပြမှုခိုးမှုတွေလုပ်ပြီးလူဆိုးတစ်ယောက်ဖြစ်လာပြီး သူ့မိဘတွေကိုသတ်ခဲ့တဲ့ရူဖက်စ်ဘက်ကိုလက်စားချေဖို့ကြိုးစားနေပါတယ် ဒီလိုနဲ့တစ်ရက်မှာနက်တ်ဟာကြက်သွေးရောင်ဂိုဏ်းကဘဏ်ဓားပြတိုက်လာတဲ့ပိုက်ဆံတွေကိုချုံခိုတိုက်ခိုက်ပြီးလုယူလိုက်ပါတယ် ဒါပေမယ့်အဲ့ဒီပိုက်ဆံတွေဟာမထင်မှတ်ထားဘဲရူဖက်စ်ဘက်ရဲ့ပိုက်ဆံတွေဖြစ်နေတဲ့အခါမှာတော့ သူတို့ရဲ့ကံကြမ္မာဟာတစ်ဖန်ပြန်ပြီးလည်လာပါတော့တယ် ရူဖက်စ်ဘက်ကလည်းသူ့ပိုက်ဆံကိုယူသွားတဲ့လူကိုအသည်းအသန်လိုက်ရှာပါတော့တယ် ဒီတစ်ခေါက်မှာရောသူတို့နှစ်ယောက်ထဲကဘယ်သူကအနိုင်ရရှိသူဖြစ်မလဲ နက်တ်တစ်ယောက်လူဆိုးကြီးရူဖက်စ်ဘက်ကိုအပြတ်ရှင်းနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကောင်းဘွိုင်ဇာတ်ကားလေးဖြစ်ပါတယ် ##zawgyi Netflix Channel ကေနအသစ္ထြက္ရွိလာတဲ့ The Harder They Fallဆိုတဲ့အမေရိကန်ကောင်းဘွိုင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာဆိုရင်ဇာတ်လမ်းကတော့စိတ်ကူးယဉ်ပုံဖော်ထားတာဆိုပေမယ့် ဇာတ်ကောင်တွေကတော့ တကယ့်ကောင်းဘွိုင်တွေ ၁၉ရာစုနှစ်လောက်ကအမေရိကန်အနောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့လူဆိုးတွေအကြောင်းကိုအခြေခံထားတာဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့နက်တ်ဟာသူ့မိဘတွေနဲ့အတူညစာစားနေရင်းအမည်မသိသေနတ်သမားတစ်ယောက်က သူတို့မိသားစုလေးကိုလာရောက်ပစ်ခတ်သတ်ဖြတ်သွားပါတယ်နက်တ်ကိုလည်းနဖူးမှာဓားနဲ့ထွင်းပြီးအမာရွတ်ကျန်အောင်လုပ်ခဲ့ပါတယ် ထိုသူကတော့နာမည်ကြီးရာဇဝတ်သားရူဖက်စ်ဘက်ဆိုတဲ့သူပဲဖြစ်ပါတယ် နက်တ်ဟာအရွယ်ရောက်လာတဲ့အခါဓားပြမှုခိုးမှုတွေလုပ်ပြီးလူဆိုးတစ်ယောက်ဖြစ်လာပြီး သူ့မိဘတွေကိုသတ်ခဲ့တဲ့ရူဖက်စ်ဘက်ကိုလက်စားချေဖို့ကြိုးစားနေပါတယ် ဒီလိုနဲ့တစ်ရက်မှာနက်တ်ဟာကြက်သွေးရောင်ဂိုဏ်းကဘဏ်ဓားပြတိုက်လာတဲ့ပိုက်ဆံတွေကိုချုံခိုတိုက်ခိုက်ပြီးလုယူလိုက်ပါတယ် ဒါပေမယ့်အဲ့ဒီပိုက်ဆံတွေဟာမထင်မှတ်ထားဘဲရူဖက်စ်ဘက်ရဲ့ပိုက်ဆံတွေဖြစ်နေတဲ့အခါမှာတော့ သူတို့ရဲ့ကံကြမ္မာဟာတစ်ဖန်ပြန်ပြီးလည်လာပါတော့တယ် ရူဖက်စ်ဘက်ကလည်းသူ့ပိုက်ဆံကိုယူသွားတဲ့လူကိုအသည်းအသန်လိုက်ရှာပါတော့တယ် ဒီတစ်ခေါက်မှာရောသူတို့နှစ်ယောက်ထဲကဘယ်သူကအနိုင်ရရှိသူဖြစ်မလဲ နက်တ်တစ်ယောက်လူဆိုးကြီးရူဖက်စ်ဘက်ကိုအပြတ်ရှင်းနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကောင်းဘွိုင်ဇာတ်ကားလေးဖြစ်ပါတယ် Review – Phyu Sin File Size – 1.2GB,2.4GB Format…mp4 Quality : 1080p WED-DL, 720p WED-DL Genre : Action, Western Subtitle : Myanmar Subtitle (softsub) Translated by Phyu Sin & Hmue Encoded by Arrow
5.7
IMDB: 5.7/10 604 votes
movie
2021
The Flood (2020) N/A
N/A
IMDB: N/A/10 N/A votes
movie
The Flood (2020)
2020
1080p