Alpha Premium
2023
Mansion 24 (2023)
Mansion 24 (2023) #unicode ထိတ်လန့်သည်းဖိုဇာတ်လမ်းတွေကို သဘောကျတဲ့သူဆိုရင်တော့ "Mansion 24" ဆိုတဲ့စီးရီးလေးက လုံးဝကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်မှာပါ ဇာတ်လမ်းအကျဉ်းကတော့ အမ်ရူတာရဲ့အဖေ ရှေးဟောင်းသုတေသနပညာရှင်ကာဆီဒက်စ်ဟာ သူ့ရဲ့ဌာနကနေ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး ထွက်ပြေးသွားတယ်လို့ စွပ်စွဲခံရပါတယ် အမ်ရူတာဟာ သူ့အဖေဒီလိုမျိုး မလုပ်လောက်ဘူးဆိုတာကို အခိုင်အမာယုံကြည်ထားပေမယ့် သူ့အဖေနဲ့ ဘယ်လိုမှအဆက်အသွယ်မရတဲ့အတွက် အတိအကျဘာကိုမှပြောမရဘူးဖြစ်နေခဲ့ပါတယ် ဒီလိုနဲ့စုံစမ်းကြည့်လိုက်တဲ့အခါ သူ့အဖေနောက်ဆုံးသွားခဲ့တဲ့နေရာဟာ လူတွေပြောကြတဲ့ သရဲတစ္ဆေတွေခြောက်လှန့်တယ်ဆိုတဲ့အိမ်ကြီးဖြစ်နေတာကို သိရှိခဲ့ရပါတယ် ဒီစွန့်ပစ်စံအိမ်ကြီးဟာဆိုရင်ဒေသခံတွေကြားမှာအတော်လေးကို နာမည်ကြီးပြီးတော့ ဘာမြူဒါတြိဂံလိုမျိုး ဝင်သွားပြီးတဲ့သူတွေဟာ ဘယ်တော့မှအသက်ရှင်လျက်ပြန်ထွက်လာတာမတွေ့ရဘူးဆိုတဲ့ ပါးစပ်ပြောပုံပြင်တွေလည်းရှိပါတယ် ဒါပေမယ့် ပျောက်သွားတဲ့အဖေဖြစ်သူကိုရှာမှဖြစ်မယ့် အမ်ရူတာ့အတွက်တော့ သူ့အဖေနောက်ဆုံးသွားခဲ့တဲ့ ဒီအိမ်ကြီးကို သွားပြီးစုံစမ်းရုံအပြင်မရှိတော့ပါဘူး လူတွေပါးစပ်ဖျားနာမည်ကြီးနေတဲ့ ဒီစံအိမ်ကြီးမှာ တကယ်ပဲ တစ္ဆေသရဲတွေကျက်စားနေတာလား၊ ဒီအိမ်ကြီးရဲ့ နောက်ကြောင်းပုံပြင်တွေက ဘယ်လိုတွေရှိနေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ထိတ်လန့်သည်းဖိုဇာတ်လမ်းတွေကို သဘောကျတဲ့သူဆိုရင်တော့ "Mansion 24" ဆိုတဲ့စီးရီးလေးက လုံးဝကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်မှာပါ ဇာတ်လမ်းအကျဉ်းကတော့ အမ်ရူတာရဲ့အဖေ ရှေးဟောင်းသုတေသနပညာရှင်ကာဆီဒက်စ်ဟာ သူ့ရဲ့ဌာနကနေ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး ထွက်ပြေးသွားတယ်လို့ စွပ်စွဲခံရပါတယ် အမ်ရူတာဟာ သူ့အဖေဒီလိုမျိုး မလုပ်လောက်ဘူးဆိုတာကို အခိုင်အမာယုံကြည်ထားပေမယ့် သူ့အဖေနဲ့ ဘယ်လိုမှအဆက်အသွယ်မရတဲ့အတွက် အတိအကျဘာကိုမှပြောမရဘူးဖြစ်နေခဲ့ပါတယ် ဒီလိုနဲ့စုံစမ်းကြည့်လိုက်တဲ့အခါ သူ့အဖေနောက်ဆုံးသွားခဲ့တဲ့နေရာဟာ လူတွေပြောကြတဲ့ သရဲတစ္ဆေတွေခြောက်လှန့်တယ်ဆိုတဲ့အိမ်ကြီးဖြစ်နေတာကို သိရှိခဲ့ရပါတယ် ဒီစွန့်ပစ်စံအိမ်ကြီးဟာဆိုရင်ဒေသခံတွေကြားမှာအတော်လေးကို နာမည်ကြီးပြီးတော့ ...
Mansion 24 (2023)
2023
Athidhi (2023)
Athidhi (2023) #unicode သရဲကားတို့၊ ထိတ်လန့်သည်းဖိုတို့ကြိုက်တဲ့သူဆိုရင် "Athidhi" ဆိုတဲ့ ဒီအိန္ဒိယစီးရီးလေးကို လက်လွှတ်မခံဖို့ပြောချင်ပါတယ် ဇာတ်လမ်းက လှည့်ကွက်တွေလည်းများပြီး အတော်လေးလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းကတော့ နေမကောင်းဖြစ်နေတဲ့ဇနီးသည်နဲ့အတူ လင်မယားနှစ်ယောက်တည်းနေထိုင်တဲ့ လူပြတ်လတ်တဲ့နေရာကအိမ်ကြီးဆီကို ညဘက်ကြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေရောက်လာတာကနေ အစပျိုးထားပါတယ် ပထမဆုံးမာယာဆိုတဲ့မိန်းကလေးဟာ မိုးရေတွေစိုရွှဲနေပြီး အလုပ်ကိစ္စနဲ့လာရင်း ညနက်တာကြောင့် မိန်းကလေးတစ်ယောက်တည်း အန္တရာယ်များတဲ့အတွက် အိမ်မှာခဏလောက် မိုးခိုဖို့တောင်းဆိုလာပါတယ် နောက်ထပ်ရောက်လာတဲ့သူကတော့ သရဲဖမ်းတဲ့ဗီဒီယိုတွေရိုက်တဲ့ youtuber ကောင်လေးဖြစ်ပြီး သရဲခြောက်တဲ့နေရာကိုသွားရင်း သူ့နောက်ကို သရဲလိုက်လာတဲ့အတွက် ခဏလောက်အိမ်မှာနေခွင့်ပေးဖို့ တောင်းဆိုလာတာပါ ဒီကောင်လေးရောက်လာပြီးတဲ့နောက်မှာတော့ အိမ်မှာထူးဆန်းတာတွေစပြီး ဖြစ်ပေါ်လာပြီး နောက်ဆုံးမာယာဆိုတဲ့ မိန်းကလေးကို သရဲဝင်ပူးပါတော့တယ် ညဘက်ကြီး သရဲဝင်ပူးနှောင့်ယှက်ခံရတဲ့ သူတို့သုံးယောက် ဘယ်လိုဖြေရှင်းကြမလဲ၊ နောက်ကွယ်မှာရောဘယ်လိုမသိနိုင်တဲ့ အဖြစ်အပျက်တွေရှိနေနိုင်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi သရဲကားတို့၊ ထိတ်လန့်သည်းဖိုတို့ကြိုက်တဲ့သူဆိုရင် "Athidhi" ဆိုတဲ့ ဒီအိန္ဒိယစီးရီးလေးကို လက်လွှတ်မခံဖို့ပြောချင်ပါတယ် ဇာတ်လမ်းက လှည့်ကွက်တွေလည်းများပြီး အတော်လေးလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းကတော့ နေမကောင်းဖြစ်နေတဲ့ဇနီးသည်နဲ့အတူ လင်မယားနှစ်ယောက်တည်းနေထိုင်တဲ့ လူပြတ်လတ်တဲ့နေရာကအိမ်ကြီးဆီကို ညဘက်ကြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေရောက်လာတာကနေ အစပျိုးထားပါတယ် ပထမဆုံးမာယာဆိုတဲ့မိန်းကလေးဟာ မိုးရေတွေစိုရွှဲနေပြီး အလုပ်ကိစ္စနဲ့လာရင်း ညနက်တာကြောင့် မိန်းကလေးတစ်ယောက်တည်း အန္တရာယ်များတဲ့အတွက် အိမ်မှာခဏလောက် မိုးခိုဖို့တောင်းဆိုလာပါတယ် နောက်ထပ်ရောက်လာတဲ့သူကတော့ သရဲဖမ်းတဲ့ဗီဒီယိုတွေရိုက်တဲ့ ...
Athidhi (2023)
2023
The Freelancer
The Freelancer #unicode ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်စီးရီးကောင်းလေးဖြစ်တဲ့ "The Freelancer" ဆိုတဲ့ အိန္ဒိယကားလေးပဲဖြစ်ပါတယ် "A Ticket to Syria"ဆိုတဲ့စာအုပ်ကိုအခြေခံပြီး ရိုက်ကူးတင်ပြထားတာဖြစ်ပြီးတော့ ISIS စစ်သွေးကြွတွေအုပ်စိုးတဲ့နယ်မြေထဲကို လှည့်စားပြီးခေါ်သွားခံရတဲ့အာလီရာဆိုတဲ့မိန်းကလေးကိုရဲအရာရှိဟောင်းဖြစ်ပေမယ့် လက်ရှိမှာအလွတ်တန်းကြေးစားတပ်သားအဖြစ်အလုပ်လုပ်နေတဲ့ အာဗင်နက်ရှ်ကာမက်က ဘယ်လိုကယ်တင်သွားမလဲဆိုတာကို ကြည့်ရှုကြရမှာပါ အာလီရာဆိုတဲ့ကောင်မလေးဟာ အာဗင်နက်ရှ်ရဲ့မိတ်ဆွေ အင်နက်ရဲ့သမီးဖြစ်ပြီးတော့ သူ့အတွက်လည်း တူမတစ်ယောက်လိုလူမျိုးဖြစ်ပါတယ် အာလီရာဟာ မလေးရှားကနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ရဲ့သားဖြစ်သူရဲ့ လက်ထပ်ပြီးသွားကတည်းက အစအနမကျန်အောင်ပျောက်သွားခဲ့ပြီး နောက်ဆုံးစုံစမ်းသိရှိရတာကတော့ ISIS အစွန်းရောက်နယ်မြေထဲကို လှည့်စားပြီးအခေါ်ခံသွားရတယ်ဆိုတာပါပဲ အာဗင်နက်ရှ်တစ်ယောက် အစွန်းရောက်အကြမ်းဖက်တွေရဲ့အန္တရာယ်ကြား ဘယ်လိုမျိုးကယ်ထုတ်သွားမလဲ၊ နှစ်ယောက်လုံး အန္တရာယ်ကင်းကင်းနဲ့ ထွက်လာနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမယ့် ကားကောင်းလေးဖြစ်ပါတယ် ##zawgyi ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်စီးရီးကောင်းလေးဖြစ်တဲ့ "The Freelancer" ဆိုတဲ့ အိန္ဒိယကားလေးပဲဖြစ်ပါတယ် "A Ticket to Syria"ဆိုတဲ့စာအုပ်ကိုအခြေခံပြီး ရိုက်ကူးတင်ပြထားတာဖြစ်ပြီးတော့ ISIS စစ်သွေးကြွတွေအုပ်စိုးတဲ့နယ်မြေထဲကို လှည့်စားပြီးခေါ်သွားခံရတဲ့အာလီရာဆိုတဲ့မိန်းကလေးကိုရဲအရာရှိဟောင်းဖြစ်ပေမယ့် လက်ရှိမှာအလွတ်တန်းကြေးစားတပ်သားအဖြစ်အလုပ်လုပ်နေတဲ့ အာဗင်နက်ရှ်ကာမက်က ဘယ်လိုကယ်တင်သွားမလဲဆိုတာကို ကြည့်ရှုကြရမှာပါ အာလီရာဆိုတဲ့ကောင်မလေးဟာ အာဗင်နက်ရှ်ရဲ့မိတ်ဆွေ အင်နက်ရဲ့သမီးဖြစ်ပြီးတော့ သူ့အတွက်လည်း တူမတစ်ယောက်လိုလူမျိုးဖြစ်ပါတယ် အာလီရာဟာ မလေးရှားကနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ရဲ့သားဖြစ်သူရဲ့ လက်ထပ်ပြီးသွားကတည်းက အစအနမကျန်အောင်ပျောက်သွားခဲ့ပြီး နောက်ဆုံးစုံစမ်းသိရှိရတာကတော့ ISIS အစွန်းရောက်နယ်မြေထဲကို လှည့်စားပြီးအခေါ်ခံသွားရတယ်ဆိုတာပါပဲ အာဗင်နက်ရှ်တစ်ယောက် အစွန်းရောက်အကြမ်းဖက်တွေရဲ့အန္တရာယ်ကြား ဘယ်လိုမျိုးကယ်ထုတ်သွားမလဲ၊ နှစ်ယောက်လုံး ...
The Freelancer
2023
Commando (2023) 8
Commando (2023) #unicode ဒီတစ်ခေါက်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ "Commando"ဆိုတဲ့ အိန္ဒိယစီးရီးလေးဖြစ်ပါတယ် အက်ရှင်ခန်းတွေနဲ့ ဇာတ်ကြမ်းကားကောင်းကောင်းကြိုက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့စီးရီးလေးပါ ဗီရတ်ဆင်းဂ်နဲ့ ရှီတီတို့ဟာ တစ်ဖွဲ့တည်းသားချင်း သူငယ်ချင်းတွေဖြစ်ပြီးတော့ တစ်နေ့မှာ ရှီတီက ပါကစ္စတန်ကို မစ်ရှင်ထမ်းဆောင်ဖို့သွားရင်း အိန္ဒိယနိုင်ငံကိုအန္တရာယ်များတဲ့ဗိုင်းရပ်စ်ပိုးတစ်ခုဖြစ်တဲ့ဇီဝလက်နက်နဲ့တိုက်ခိုက်ဖို့ လုပ်နေတာကိုသိခဲ့ရပါတယ် ဒါကိုမဖြစ်ဖြစ်တဲ့နည်းနဲ့တားဖို့အတွက် ရှီတီဟာ အိန္ဒိယမှာရှိနေတဲ့ ဗီရတ်ကိုဆက်သွယ်ခဲ့တာပေါ့ ကံကောင်းထောက်မစွာနဲ့ပဲ ဗိုင်းရပ်စ်တိုက်ခိုက်မှုကို အချိန်မီတားနိုင်လိုက်ပေမယ့် ရှီတီကတော့ ရန်သူ့နယ်မြေထဲမှာ ဖမ်းဆီးခံလိုက်ရပါတယ် ဒါကြောင့် အိန္ဒိယမှာကျန်ခဲ့တဲ့ ဗီရတ်ဟာ ပါကစ္စတန်အကျဉ်းထောင်ထဲမှာပိတ်မိနေတဲ့ သူ့သူငယ်ချင်းကို ကယ်ထုတ်နိုင်ဖို့အတွက် ကြိုးစားရတော့တာပေါ့ အန္တရာယ်တွေများစွာထဲကနေ ဗီရတ်တစ်ယောက် သူငယ်ချင်းဖြစ်သူကို ကယ်ထုတ်နိုင်ပါ့မလား၊ လုံခြုံရေးပေါင်းများစွာရှိနေတဲ့ ဒီအကျဉ်းထောင်ထဲကို ဘယ်လိုဖောက်ဝင်ပြီး ကယ်ဆယ်ရေးတွေပြုလုပ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အားပေးကြပါဦးနော် ##zawgyi ဒီတစ်ခေါက်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ "Commando"ဆိုတဲ့ အိန္ဒိယစီးရီးလေးဖြစ်ပါတယ် အက်ရှင်ခန်းတွေနဲ့ ဇာတ်ကြမ်းကားကောင်းကောင်းကြိုက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့စီးရီးလေးပါ ဗီရတ်ဆင်းဂ်နဲ့ ရှီတီတို့ဟာ တစ်ဖွဲ့တည်းသားချင်း သူငယ်ချင်းတွေဖြစ်ပြီးတော့ တစ်နေ့မှာ ရှီတီက ပါကစ္စတန်ကို မစ်ရှင်ထမ်းဆောင်ဖို့သွားရင်း အိန္ဒိယနိုင်ငံကိုအန္တရာယ်များတဲ့ဗိုင်းရပ်စ်ပိုးတစ်ခုဖြစ်တဲ့ဇီဝလက်နက်နဲ့တိုက်ခိုက်ဖို့ လုပ်နေတာကိုသိခဲ့ရပါတယ် ဒါကိုမဖြစ်ဖြစ်တဲ့နည်းနဲ့တားဖို့အတွက် ရှီတီဟာ အိန္ဒိယမှာရှိနေတဲ့ ဗီရတ်ကိုဆက်သွယ်ခဲ့တာပေါ့ ကံကောင်းထောက်မစွာနဲ့ပဲ ဗိုင်းရပ်စ်တိုက်ခိုက်မှုကို အချိန်မီတားနိုင်လိုက်ပေမယ့် ရှီတီကတော့ ရန်သူ့နယ်မြေထဲမှာ ဖမ်းဆီးခံလိုက်ရပါတယ် ဒါကြောင့် အိန္ဒိယမှာကျန်ခဲ့တဲ့ ဗီရတ်ဟာ ပါကစ္စတန်အကျဉ်းထောင်ထဲမှာပိတ်မိနေတဲ့ သူ့သူငယ်ချင်းကို ကယ်ထုတ်နိုင်ဖို့အတွက် ကြိုးစားရတော့တာပေါ့ အန္တရာယ်တွေများစွာထဲကနေ ဗီရတ်တစ်ယောက် သူငယ်ချင်းဖြစ်သူကို ...
8
TMDb: 8/10 1 votes
tv
Commando (2023)
2023
Lady Voyeur (2023) 7.1
7.1
TMDb: 7.1/10 59 votes
tv
Lady Voyeur (2023)
2023
The Night Manager (2023)
The Night Manager (2023) ##unicode ဒီတစ်ခေါက်မှာတော့စိတ်ဝင်စားဖွယ်အပြည့်နဲ့ကြည့်ရှုရမယ့်အပြင် အက်ရှင်ခန်းကြိုက်တဲ့သူတွေအတွက်လည်း ကွက်တိပဲဖြစ်စေမယ့် "Night Manager"ဆိုတဲ့ အိန္ဒိယစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ရှန်ဆန်ဂူပတာဟာ အရင်တုန်းကစစ်တပ်သားဟောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဟိုတယ်မှာညစောင့်မန်နေဂျာအဖြစ်အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ် တစ်ရက်ရှန်တစ်ယောက် ဘင်္ဂလားဒေ့ရှ်ကသူ့ရဲ့ဟိုတယ်မှာအလုပ်လုပ်နေတုန်း ဆာဖီနာဆိုတဲ့ကလေးမလေးက သူ့ကိုအိန္ဒိယကိုထွက်ပြေးနိုင်အောင်ကူညီပေးဖို့တောင်းဆိုလာပါတယ် ဒါပေမယ့်အဲဒီကောင်မလေးဟာ ဖရက်ဒီရာမန်ဆိုတဲ့တော်တော်လေးလွှမ်းမိုးမှုကြီးတဲ့လူတစ်ယောက်ရဲ့ဇနီးဖြစ်နေတဲ့အတွက် ကူညီဖို့ခက်ခဲနေခဲ့ပါတယ် ရှန်တစ်ယောက်တွေဝေနေတဲ့ အချိန်မှာပဲ အဲဒီကောင်မလေးဟာဖရက်ဒီရဲ့တရားမဝင်လက်နက်ရောင်းဝယ်မှုအကြောင်းပါတဲ့ဗီဒီယိုတစ်ခုကိုပေးလာခဲ့ပါတယ် ဆာဖီနာဒုက္ခရောက်နေတာကိုရပ်မကြည့်နေနိုင်တဲ့ရှန်ဟာနောက်ဆုံးတော့ ဆာဖီနာကိုကူညီဖို့အတွက်ဆုံးဖြတ်ချက်ချရင်း ပြဿနာအရှုပ်ကြီးထဲကိုဝင်ပါမိပါတော့တယ် ဆာဖီနာဆိုတဲ့ကလေးမလေးကိုအိန္ဒိယဘက်ကိုခိုးထုတ်ပေးနိုင်လိုက်ပါ့မလား...သာမန်မန်နေဂျာတစ်ယောက်ဖြစ်တဲ့ရှန်တစ်ယောက် တရားမဝင်လုပ်ငန်းတွေအကြောင်းသိရှိသွားပြီးနောက် သူ့ဘဝကြီးဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုအပိုင်းတိုင်းမှာ စိတ်ဝင်တစားနဲ့စောင့်ကြည့်ကြရမယ့်ကားလေးဖြစ်ပါတယ် ##zawgyi ဒီတစ်ခေါက်မှာတော့စိတ်ဝင်စားဖွယ်အပြည့်နဲ့ကြည့်ရှုရမယ့်အပြင် အက်ရှင်ခန်းကြိုက်တဲ့သူတွေအတွက်လည်း ကွက်တိပဲဖြစ်စေမယ့် "Night Manager"ဆိုတဲ့ အိန္ဒိယစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ရှန်ဆန်ဂူပတာဟာ အရင်တုန်းကစစ်တပ်သားဟောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဟိုတယ်မှာညစောင့်မန်နေဂျာအဖြစ်အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ် တစ်ရက်ရှန်တစ်ယောက် ဘင်္ဂလားဒေ့ရှ်ကသူ့ရဲ့ဟိုတယ်မှာအလုပ်လုပ်နေတုန်း ဆာဖီနာဆိုတဲ့ကလေးမလေးက သူ့ကိုအိန္ဒိယကိုထွက်ပြေးနိုင်အောင်ကူညီပေးဖို့တောင်းဆိုလာပါတယ် ဒါပေမယ့်အဲဒီကောင်မလေးဟာ ဖရက်ဒီရာမန်ဆိုတဲ့တော်တော်လေးလွှမ်းမိုးမှုကြီးတဲ့လူတစ်ယောက်ရဲ့ဇနီးဖြစ်နေတဲ့အတွက် ကူညီဖို့ခက်ခဲနေခဲ့ပါတယ် ရှန်တစ်ယောက်တွေဝေနေတဲ့ အချိန်မှာပဲ အဲဒီကောင်မလေးဟာဖရက်ဒီရဲ့တရားမဝင်လက်နက်ရောင်းဝယ်မှုအကြောင်းပါတဲ့ဗီဒီယိုတစ်ခုကိုပေးလာခဲ့ပါတယ် ဆာဖီနာဒုက္ခရောက်နေတာကိုရပ်မကြည့်နေနိုင်တဲ့ရှန်ဟာနောက်ဆုံးတော့ ဆာဖီနာကိုကူညီဖို့အတွက်ဆုံးဖြတ်ချက်ချရင်း ပြဿနာအရှုပ်ကြီးထဲကိုဝင်ပါမိပါတော့တယ် ဆာဖီနာဆိုတဲ့ကလေးမလေးကိုအိန္ဒိယဘက်ကိုခိုးထုတ်ပေးနိုင်လိုက်ပါ့မလား...သာမန်မန်နေဂျာတစ်ယောက်ဖြစ်တဲ့ရှန်တစ်ယောက် တရားမဝင်လုပ်ငန်းတွေအကြောင်းသိရှိသွားပြီးနောက် သူ့ဘဝကြီးဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုအပိုင်းတိုင်းမှာ စိတ်ဝင်တစားနဲ့စောင့်ကြည့်ကြရမယ့်ကားလေးဖြစ်ပါတယ် Review – Phyu Sin File Size – 300MB,1GB Format…mp4 Quality : 1080p WED-DL Subtitle : Myanmar Subtitle (Hard Sub) Translated by Phyu Sin & Myet Chel Encoded by Arrow ================================================================================= GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ) GDtotဒေါင်းနည်း 1 GDtotဒေါင်းနည်း 2  (Chrome browser သံုးပါ) website ...
The Night Manager (2023)
2023
Release year
Genres
Release year