Alpha Premium

2008

Generation Kill 8
Generation Kill Generation Kill ================== (7ပိုင္း)စ/ဆံုး ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ် နာမည်ရခဲ့တဲ့ အမေရိကန်နိုင်ငံဟာ အဲဒီကာလတွေနောက်ပိုင်းမှာ ကိုးရီးယားကျွန်းဆွယ်၊ အင်ဒိုချိုင်းနားဒေသက ဗီယက်နမ်နဲ့ အရှေ့အလယ်ပိုင်းက အီရတ်၊ အာဖဂန်နစ္စတန်တို့မှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ်နဲ့ ကမ္ဘာ့ဇာတ်ခုံမှာ ပါဝင်ကပြခဲ့ပါတယ်။ ဒီဇာတ်ထုပ်တွေမှာ မင်းသားကြီးအမေရိကန်ဟာ အောင်ဖျာလိပ်လို့ ပြန်ခဲ့ရပြီး ရည်မှန်းချက်တွေ အောင်မြင်သလို ဟန်ဆောင်ခဲ့ပေမယ့် တကယ့်တကယ်တမ်းမှာတော့ ပြန်ဖာထေးလို့မရတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်တွေရဲ့ ရဲရင့်မှုနဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ပုံပြင်တစ်ပုဒ်လို နားထောင်ရင်း ကြီးပြင်းလာခဲ့ရတဲ့ နောက်မျိုးဆက်တွေဟာ အဘိုးတွေ အဖေတွေ ပုခုံးပြောင်းပေးခဲ့တဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ကြဖို့ တပ်မတော်ထဲကို ဝင်ရောက်လာခဲ့ကြတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အကြောင်းရင်းခိုင်လုံမှုမရှိတဲ့ စစ်ပွဲတွေကို ဆင်နွှဲကြရပါတယ်။ ဒီစစ်ကြီးတွေထဲမှာ တိုက်ပွဲဝင်ခဲ့ကြရတဲ့ မျိုးဆက်သစ်စစ်သည်တွေဟာ သူတို့ရင်ဆိုင်လာရတဲ့ အနေအထား၊ သူတို့တိုက်နေရတဲ့စစ်ဟာ သူတို့အဘိုးတွေ၊ သူတို့အဖေတွေခေတ်တုန်းကလို မဟုတ်တော့တာကို သတိထားမိလာကြပါတယ်။ ...
8
TMDb: 8/10 222 votes
tv

Generation Kill

2008
Breaking Bad Complete 8.6
Breaking Bad Complete အထက်တန်းကျောင်းက ဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။ သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။ သူ့မှာ ခွဲစိတ်ကုသလို့မရတဲ့ အဆုတ်ကင်ဆာရောဂါ ရှိနေမှန်းကို သိရှိခဲ့ရပါတယ် သူ့မိသားစုရဲ့ရှေ့ရေးအတွက် ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။ ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့ Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။ ဈေးကွက်ကို ရှာဖို့တော့ ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။ နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့ နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။ ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင် သူမတူအောင် မိုက်ပါတော့တယ်။ ကမ်းကုန်အောင် မိုက်ပါတော့တယ်။ နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့ ဒီလောက်ပဲ ညွှန်းပါတော့မယ်။ နာမည်ကြီး Game of Thrones (GOT) ကို ကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့ အရမ်းညွန်းစရာ လိုမယ် မထင်ပါဘူး။ IMDb Rating ကတော့ 9.5/10 ပါ Rotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့ မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲပေါ့ဗျာ
8.6
TMDb: 8.6/10 5039 votes
tv

Breaking Bad Complete

2008