[Unicode]
Pee Nak 2
Casts
နုန် အဖြစ် August Vachiravit
ထို အဖြစ် Mean Phiravich
ဖတ်စ် အဖြစ် Puwadon
ဘော်လွန်းအဖြစ် Witthawat Rattanaboombramee
ဇာတ်လမ်းအကျဉ်း
ရှေ့ကပြသသွားတဲ့ Pee nak 1 ရဲ့ ဘုန်းကြီးဝတ်ဖို့ ရှင်လောင်းကျိန်စာကို ကျော်ဖြတ်အပြီး ဖတ်စ်နဲ့ ဘော်လွန်းတို့ မိန်းမလျာနှစ်ယောက် ခိုးပြီးလူပြန်ထွက်ခဲ့ပါတော့တယ်
သူတို့မသိတာက ထမ်မနာခါနိမစ်ကျောင်းတော်ကမှာ ရှင်လောင်းဝတ်ရင် ကျိန်စာရှိသလို လူထွက်ရင်လည်း သေရတယ်ဆိုတဲ့ ကျိန်စာရှိနေခဲ့တာပါပဲ…
သေမလိုမတော်တဆကြုံတွေ့ခဲ့ရပြီး သရဲက လိုက်နေခဲ့ချိန်မှာ ဖတ်နဲ့ ဘော်လွန်းတို့ နောက်တကြိမ် ဘုန်းကြီးပြန်ဝတ်ဖို့ ထမ်မနာခါနိမစ်ကျောင်းတော်ကို ပြန်ရောက်လာခဲ့တယ်…
မင်ဂျွန်းဆိုတဲ့ ကိုရီးယားထိုင်း အဆိုတော်လေးကလည်း အမေ့ကတိအရ ဒီကျောင်းမှာပဲ ဘုန်းကြီးလာဝတ်ချိန်မှာ
အချောမြင် ငမ်းငမ်းတတ်တဲ့ ဖတ်နဲ့ ဘော်လွန်းတို့က တမျိုး
သူတို့ကို အန္တရာယ်ပေးနေတဲ့ ကျိန်စာကတမျိုး ကျောင်းတော်တစ်ခုလုံး ဝုန်းဒိုင်းကြဲနေခဲ့ရတယ်
ကျောင်းတော်က ဘုန်းကြီးတွေကို သရဲက ဘာလို့ လူထွက်ခွင့်မပေးရတာလဲ
မင်ဂျွန်းအတွက် အရင်က ရှင်လောင်းဝတ်ရင် သေတဲ့ ကျိန်စာကရော ရှိနေသေးလား
ဖတ်နဲ့ ဘော်လွန်းကရော သရဲပြောသလို “မင်းလူထွက်ရင် သေမယ် “ဆိုသလို ကျိန်စာကနေ လွတ်မြောက်နိုင်ပါ့မလား
ခြောက်ခြားစရာအဖြစ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်…။
Upload on Youtube
Leave a Reply