Alpha Premium
How to Sell Drugs Online (Fast)

How to Sell Drugs Online (Fast)

2 Seasons 12 Episodes
Returning Series

How to Sell Drugs Online (Fast)

8.1
TMDb: 8.1/10 78 votes

General information

Original nameHow to Sell Drugs Online (Fast)

Backdrops

How to Sell Drugs Online (Fast)
How to Sell Drugs Online (Fast)
How to Sell Drugs Online (Fast)
How to Sell Drugs Online (Fast)
How to Sell Drugs Online (Fast)

Synopsis of How to Sell Drugs Online (Fast)

How to Sell Drugs Online (Fast)(2019/2020)Season 1 and Season 2 [ စ / ဆုံး]

IMDb…..8.1

ဒီ TV Series က Netflix ကထုတ်တဲ့ ဂျာမန်စီးရီးတစ်ခုပါ။ Netflix က ခုနောက်ပိုင်း အားလုံးသတိထားမိလောက်အောင်ကို သူတို့ ရိုက်တဲ့စီးရီးတွေက
ကြည့်ရ အတော်လန်းနေတာကို သိကြမှာပါ…
Moritz Zimmerman ဆိုတာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသား ပြီးတော့ nerd တစ်ယောက်။ Nerd ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုသာ ဖိလုပ်နေပြီး
လူတွေနဲ့ရောရောထွေးထွေးမနေတတ်တဲ့သူတွေ။ ကြာတော့လူမှုရေးဘက်မှာလစ်ဟင်းလာပြီး စည်းအပြင်ကလူတစ်ယောက်လိုဖြစ်လာတယ်။ ကျောင်းတွေမှာလည်း အနိုင်ကျင့်ခံ

အနှိမ်ခံလူတန်းစား။ ဒါပေမယ့် သူတို့တွေဟာ တစ်ခုခုကို ထွန်းပေါက်အောင်လုပ်ပြီဟေ့ ဆိုရင်လည်း လိုက်လို့မမှီအောင် ထက်မြက်လွန်း
ကြတယ်။ ဒီထဲက အထိကဇာတ်လိုက်က အဲဒီလိုကောင်… Tech Nerd တစ်ယောက်။ သူ့သူငယ်ချင်း
Lenny ကလည်း သူ့လို Tech Nerd ပဲ ဒါပေမယ့် မသန်စွမ်း။ အဲဒီအပိုင်းမှာ သူ့ထက်တော့ ပိုပြီး ကျွမ်းကျင်တယ်လို့ပြောလို့ရတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး စွန့်ဦးတီထွင်လုပ်ငန်းလုပ်မယ်ဆိုပြီး MyTems
ဆိုတဲ့ Website လုပ်ကြတယ်။ အဲဒီ Website က ဂိမ်းသမားတွေအတွက် In-game item တွေအလွယ်အတူ ရောင်းလို့ဝယ်လို့ရအောင် လုပ်ပေးထားတဲ့ Website၊ ခက်တာက သူတို့မှာ
ဘက်ဂျက်မရှိဘူး။ ဘဏ်မှာ သူတို့ Website အကြောင်းပြောပြီး ချေးငွေတောင်းတော့လည်း အငြင်းခံရတယ်။ ဒါနဲ့ပဲ Website ဘာမှမပါတဲ့ ဗလာအဆင့်ကြီးနဲ့ရပ်နေတာပေါ့။
ဒီနောက်မှာတော့ သူတို့ဟာ Online ပေါ်တက်ပြီး မူးယစ်ဆေးဝါးတွေ ဘယ်လိုရောင်းချတယ်…ရဲတွေရန်က ဘယ်လိုရှောင်တိမ်းတယ်..အခြား မူးယစ်ဂိုဏ်းတွေရန်ကနေ
သတိမထားမိအောင် ဘယ်လိုနေကြတယ်…..။ အပေါ်ကပြောတဲ့ဇာတ်လမ်းအကျဉ်းကလည်း တကယ်အကျဉ်းပဲ။

နောက်မှဆက်ဖြစ်တာတွေ အများကြီးသေးတယ်။ ဇာတ်လမ်းကကြည့်ရင်းကြည့်ရင်း အပြီးထိထိုင်ကြည့်မိသွားလောက်တဲ့အထိဆွဲဆောင်မှုအားကောင်းတယ်….
ရိုက်ထားတာတွေကလည်း တကယ့်ကို မြူးမြူးကြွကြွနဲ့…ခံစားကြည့်လိုက်ပါဦးဗျို့….ကြည့်ရကျိုးနပ်စေတဲ့စီးရီးတစ်ခုလို့ပြောချင်တယ်…
ဇာတ်ကားနာမည်နဲ့တင် လုံလောက်နေပါပြီ….

Airs On
Release Year
Firt air date
Last air date2020-07-18
TypeScripted
Episode runtime30 min
Popularity13.171
TV StatusReturning Series

Seasons and episodes

1 How to Sell Drugs Online (Fast) - Season 1
2 How to Sell Drugs Online (Fast) - Season 2

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *