##unicode
မင်းသား Ranbir Kapoor နဲ့ မင်းသမီး Shraddha Kapoor တို့အတွဲညီညီသရုပ်ဆောင်ထားတဲ့ “Tu Jhoothi Main Makkaar” ဆိုတဲ့
ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ မစ်ကီဟာ သူ့သူငယ်ချင်း ဒါဘတ်စ်နဲ့အတူ ချစ်သူရည်းစားတွေလမ်းခွဲချင်တဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်လမ်းခွဲနိုင်ဖို့
အတွက်ကူညီပေးတဲ့ အေးဂျင့်အဖြစ်အလုပ်လုပ်ပါတယ် မစ်ကီဟာဆိုရင်ဒီလမ်းခွဲပေးတဲ့ဝန်ဆောင်မှုအလုပ်မှာ အထူးကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့
ဧည့်သည်အပ်လာတဲ့အလုပ်တိုင်းလည်း အောင်မြင်တာပါပဲ ဒီလိုနဲ့တစ်ရက်မှာတော့ သူ့သူငယ်ချင်းဒါဘတ်စ်ရဲ့မင်္ဂလာဆောင်အတွက်ပြင်ဆင်ပေးရင်း
သတို့သမီးရဲ့ သူငယ်ချင်း တင်နီ့ကို သဘောကျသွားခဲ့ပါတော့တယ် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာ ဘာမှအထွေအထူးပြဿနာမရှိဘဲ
ဖြောင့်ဖြူးနေခဲ့တာပေါ့ မိသားစုချင်းတွေ့တော့လည်းအဆင်ပြေတယ်ဆိုတော့ နောက်ဆုံးမင်္ဂလာဆောင်အတွက်ပဲကျန်တော့တာပေါ့
ဒါပေမယ့် အဲဒီအချိန်မှာမစ်ကီ့ဆီကို ဧည့်သည်တစ်ယောက်က လမ်းခွဲပေးဖို့အလုပ်အပ်လာခဲ့ပါတယ် အဲဒီလူကတော့တခြားသူမဟုတ်ဘဲ
သူတို့ရဲ့သတို့သမီးလောင်း တင်နီဖြစ်နေတာပါပဲ မစ်ကီတစ်ယောက် နားမလည်နိုင်ဖြစ်ပြီး ဗျာများသွားတော့တာပေါ့
ကဲ..တင်နီက ဘာလို့လက်ထပ်ခါနီးမှ မစ်ကီနဲ့လမ်းခွဲချင်ရတာလဲ၊ မစ်ကီကရော သူ့ရဲ့အလုပ်အမှန်ကိုမသိဘဲ တင်နီအလုပ်လာအပ်တဲ့ကိစ္စကို
ဘယ်လိုမျိုးဖြေရှင်းသွားမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2.4GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply