Alpha Premium

Boney Kapoor

Tu Jhoothi Main Makkaar (2023) 6.7
Tu Jhoothi Main Makkaar (2023) ##unicode မင်းသား Ranbir Kapoor နဲ့ မင်းသမီး Shraddha Kapoor တို့အတွဲညီညီသရုပ်ဆောင်ထားတဲ့ "Tu Jhoothi Main Makkaar" ဆိုတဲ့ ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မစ်ကီဟာ သူ့သူငယ်ချင်း ဒါဘတ်စ်နဲ့အတူ ချစ်သူရည်းစားတွေလမ်းခွဲချင်တဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်လမ်းခွဲနိုင်ဖို့ အတွက်ကူညီပေးတဲ့ အေးဂျင့်အဖြစ်အလုပ်လုပ်ပါတယ် မစ်ကီဟာဆိုရင်ဒီလမ်းခွဲပေးတဲ့ဝန်ဆောင်မှုအလုပ်မှာ အထူးကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့ ဧည့်သည်အပ်လာတဲ့အလုပ်တိုင်းလည်း အောင်မြင်တာပါပဲ ဒီလိုနဲ့တစ်ရက်မှာတော့ သူ့သူငယ်ချင်းဒါဘတ်စ်ရဲ့မင်္ဂလာဆောင်အတွက်ပြင်ဆင်ပေးရင်း သတို့သမီးရဲ့ သူငယ်ချင်း တင်နီ့ကို သဘောကျသွားခဲ့ပါတော့တယ် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာ ဘာမှအထွေအထူးပြဿနာမရှိဘဲ ဖြောင့်ဖြူးနေခဲ့တာပေါ့ မိသားစုချင်းတွေ့တော့လည်းအဆင်ပြေတယ်ဆိုတော့ နောက်ဆုံးမင်္ဂလာဆောင်အတွက်ပဲကျန်တော့တာပေါ့ ဒါပေမယ့် အဲဒီအချိန်မှာမစ်ကီ့ဆီကို ဧည့်သည်တစ်ယောက်က လမ်းခွဲပေးဖို့အလုပ်အပ်လာခဲ့ပါတယ် အဲဒီလူကတော့တခြားသူမဟုတ်ဘဲ သူတို့ရဲ့သတို့သမီးလောင်း တင်နီဖြစ်နေတာပါပဲ မစ်ကီတစ်ယောက် နားမလည်နိုင်ဖြစ်ပြီး ဗျာများသွားတော့တာပေါ့ ကဲ..တင်နီက ဘာလို့လက်ထပ်ခါနီးမှ မစ်ကီနဲ့လမ်းခွဲချင်ရတာလဲ၊ မစ်ကီကရော သူ့ရဲ့အလုပ်အမှန်ကိုမသိဘဲ တင်နီအလုပ်လာအပ်တဲ့ကိစ္စကို ဘယ်လိုမျိုးဖြေရှင်းသွားမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi မင်းသား Ranbir Kapoor နဲ့ မင်းသမီး Shraddha Kapoor တို့အတွဲညီညီသရုပ်ဆောင်ထားတဲ့ "Tu Jhoothi Main Makkaar" ဆိုတဲ့ ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မစ်ကီဟာ သူ့သူငယ်ချင်း ဒါဘတ်စ်နဲ့အတူ ...
6.7
IMDB: 6.7/10 13,573 votes
movie


2023

Release year

Genres

Release year