##unicode
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ “Riam Fighting Angel” ဆိုတဲ့ထိုင်းဟာသကားလေးပဲဖြစ်ပါတယ်
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Bella Ranee Campaen ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
ဒီကားလေးဟာ trailer စထွက်ကတည်းကပရိသတ်များစိတ်ဝင်စားပြီး စောင့်မျှော်ခဲ့ရတဲ့ကားလေးလည်းဖြစ်ပါတယ်
ထွက်လာတော့လည်းထင်တဲ့အတိုင်း အရမ်းကိုအောင်မြင်ပြီးလူကြိုက်များတဲ့ကားလေးပါ
ဇာတ်လမ်းအကျဉ်းကတော့ ရီရမ်ဟာ သူ့ရဲ့အရာရာတော်လွန်းလှတဲ့အစ်မဖြစ်သူကို မနာလိုစိတ်ရှိနေတဲ့သူဖြစ်ပြီးတော့
အမြဲတမ်းချောက်ချဖို့ကြံစည်နေတဲ့သူလေးပါ ရီရမ်ဟာသူ့အစ်မနဲ့ဆန့်ကျင်ဘက် ပေပေတေတေနဲ့ လျှောက်လည်ဖို့ပဲ
သိတာကြောင့်သူ့အမေအပါအဝင်ရွာသားတွေက အမြဲပဲသူ့အစ်မနဲ့နှိုင်းပြီး ပြောလေ့ရှိပါတယ်
ဒီလိုနဲ့တစ်နေ့မှာတော့ရွာထဲကိုဓားပြတွေဝင်လာပြီး ရီရမ်ရဲ့အမေနဲ့ အစ်မကိုဖမ်းသွားပါတော့တယ်
ရီရန်တစ်ယောက်သူ့အစ်မတို့ကို ဘယ်လိုကယ်တင်သွားမလဲ အမြဲတမ်းအပြောဆိုခံရတဲ့ဘဝကနေ
လွတ်မြောက်သွားမှာဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါနော်
အရမ်းကိုရယ်ရတဲ့ကားလေးဖြစ်တာမလို့ ဟာသကားကြိုက်နှစ်သက်သူတွေ
လက်မလွှတ်သင့်တဲ့ကားလေးပါ
(မကြည့်ခင်မှာ သေးလဲထပေါက်ထားသင့်ပါကြောင်း )
##zawgyi
Review – Phyu Sin
File Size – 1GB,2.4GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action, Adventure, Comedy
Subtitle : Myanmar Subtitle (softsub)
Translated by Phyu Sin
Encoded by Arrow
Upload on Youtube
Leave a Reply