##unicode
DreamWorks Animationက အသစ်ထွက်ရှိလာတဲ့ animated adventure ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
မိသားစု၊ သူငယ်ချင်းတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ ကောင်မလေးနဲ့မြင်းရိုင်းတစ်ကောင်ကြားက ခင်မင်မှုကိုအခြေခံပုံဖော်ပြထားတာမို့
ကြည်နူးစရာဇာတ်ကားကောင်းလေးဖြစ်မှာပါ
ဇာတ်လမ်းအကျဉ်းလေးကြည့်လိုက်ရအောင် လပ်ကီးပရက်စကော့ဟာ အမေမရှိတော့တဲ့ ပြဿနာအိုးလေးပါ
တစ်နေ့ အဘိုးရဲ့အရေးကြီးပွဲတစ်ခုမှာ ပြဿနာရှာမိပြီး တောက အဖေနေတဲ့မြို့လေးဆီကိုအပို့ခံလိုက်ရပါတယ်
အဲဒီမြို့လေးဟာ မြင်းပွဲတွေနဲ့အမြဲစည်းကားတဲ့မြို့လေးပါ သူနဲ့ရွယ်တူကောင်မလေးတွေ မြင်းစီးတာကိုမြင်တော့
ဗီဇပါလာတဲ့လပ်ကီးတစ်ယောက် စိတ်ဝင်စားမိပါတော့တယ် လပ်ကီးရဲ့အမေက မြင်းပွဲမှာ မတော်တဆဖြစ်ပြီး
သေသွားခဲ့တာမို့ သူ့အဖေကတော့ ဒါကို မနှစ်သက်ပါဘူး ဒါကြောင့်လည်း မြင်းတွေနဲ့ဝေးရာ သူ့အဘိုးဆီ
လပ်ကီးကို ၁၃နှစ်တောင်ပို့ထားခဲ့တာပါ
ဒါပေမယ့် လပ်ကီးတစ်ယောက် မြင်းရိုင်းတစ်ကောင်နဲ့သံယောဇဉ်ဖြစ်ခဲ့ပါတယ်
သန်မာလှတဲ့ အဲဒီမြင်းရိုင်းကို Spirit လို့နာမည်ပေးခဲ့ပါတယ် Spiritနဲ့လပ်ကီးတို့ ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲဆိုတာ
ဒီဇာတ်ကားထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရူရမှာပဲဖြစ်ပါတယ် မြို့လေးထဲမှာ ခင်ခဲ့တဲ့သူငယ်ချင်းအသစ်တွေနဲ့ လပ်ကီးကြားက
သံယောဇဉ်၊ ၁၃နှစ်တာဝေးကွာတဲ့ အဖေနဲ့သမီးကြားက မေတ္တာတွေကိုကြည့်ရူရမယ့် ဇာတ်ကားကောငိးဖြစ်လို့ တင်ဆက်ပေးလိုက်ပါနော်
##zawgyi
DreamWorks Animationက အသစ္ထြက္ရွိလာတဲ့ animated adventure ဇာတ္ကားေကာင္းေလးကို တင္ဆက္ေပးလိုက္ပါတယ္
မိသားစု၊ သူငယ္ခ်င္းေတြရဲ႕ခ်စ္ျခင္းေမတၱာနဲ႔ ေကာင္မေလးနဲ႔ျမင္း႐ိုင္းတစ္ေကာင္ၾကားက ခင္မင္မႈကိုအေျခခံပုံေဖာ္ျပထားတာမို႔
ၾကည္ႏူးစရာဇာတ္ကားေကာင္းေလးျဖစ္မွာပါ
ဇာတ္လမ္းအက်ဥ္းေလးၾကည့္လိုက္ရေအာင္ လပ္ကီးပရက္စေကာ့ဟာ အေမမရွိေတာ့တဲ့ ျပႆနာအိုးေလးပါ
တစ္ေန႔ အဘိုးရဲ႕အေရးႀကီးပြဲတစ္ခုမွာ ျပႆနာရွာမိၿပီး ေတာက အေဖေနတဲ့ၿမိဳ႕ေလးဆီကိုအပို႔ခံလိုက္ရပါတယ္
အဲဒီၿမိဳ႕ေလးဟာ ျမင္းပြဲေတြနဲ႔အၿမဲစည္းကားတဲ့ၿမိဳ႕ေလးပါ သူနဲ႔႐ြယ္တူေကာင္မေလးေတြ ျမင္းစီးတာကိုျမင္ေတာ့
ဗီဇပါလာတဲ့လပ္ကီးတစ္ေယာက္ စိတ္ဝင္စားမိပါေတာ့တယ္ လပ္ကီးရဲ႕အေမက ျမင္းပြဲမွာ မေတာ္တဆျဖစ္ၿပီး
ေသသြားခဲ့တာမို႔ သူ႔အေဖကေတာ့ ဒါကို မႏွစ္သက္ပါဘူး ဒါေၾကာင့္လည္း ျမင္းေတြနဲ႔ေဝးရာ သူ႔အဘိုးဆီ
လပ္ကီးကို ၁၃ႏွစ္ေတာင္ပို႔ထားခဲ့တာပါ
ဒါေပမယ့္ လပ္ကီးတစ္ေယာက္ ျမင္း႐ိုင္းတစ္ေကာင္နဲ႔သံေယာဇဥ္ျဖစ္ခဲ့ပါတယ္
သန္မာလွတဲ့ အဲဒီျမင္း႐ိုင္းကို Spirit လို႔နာမည္ေပးခဲ့ပါတယ္ Spiritနဲ႔လပ္ကီးတို႔ ဘယ္လိုစြန္႔စားခန္းေတြႀကဳံရမလဲဆိုတာ
ဒီဇာတ္ကားထဲမွာ စိတ္လႈပ္ရွားဖြယ္ၾကည့္႐ူရမွာပဲျဖစ္ပါတယ္ ၿမိဳ႕ေလးထဲမွာ ခင္ခဲ့တဲ့သူငယ္ခ်င္းအသစ္ေတြနဲ႔ လပ္ကီးၾကားက
သံေယာဇဥ္၊ ၁၃ႏွစ္တာေဝးကြာတဲ့ အေဖနဲ႔သမီးၾကားက ေမတၱာေတြကိုၾကည့္႐ူရမယ့္ ဇာတ္ကားေကာငိးျဖစ္လို႔ တင္ဆက္ေပးလိုက္ပါေနာ္
Review – Hmue
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre :Animation, Adventure, Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue
Encoded by Arrow
Upload on Youtube
Leave a Reply