Cold Warကိုကြည့်ပြီးနောက် တွေးမိတာက
ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အရေးပါပုံကိုပါပဲ။
Cold Warဟာ ဂီတသမားတစ်ယောက်က
ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ
အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက
နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စားတွေရဲ့
ဂီတ။ ကျွန်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့
တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို
ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။
ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။
Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတတွေကြောင့်ပဲ
တခြားMusical Dramaတွေထက်ထူးနေတယ်။
ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့
ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ
အရေးပါတာတွေးမိတယ်။
ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။
မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ
ဗမာလိုပြန်ရေးတာမို့ Lost in Translation
အများကြီးရှိနိုင်ပေမယ့် ဒီထဲက သီချင်းတွေကို
ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ
ပြန်ထားပေးပါတယ်။
Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။
ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို
နိုင်ငံရေးစည်းရုံးရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့
သုံးပေးလိုက်ရပေမယ့်
အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက်
အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့
ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့
သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။
Leave a Reply