Alpha Premium
Premium Detective Dee: The Four Heavenly Kings (2018)
Report error

Detective Dee: The Four Heavenly Kings (2018)

Detective Dee: The Four Heavenly Kings    

TV-MA 132 min ActionAdventureDrama

6.4
IMDB: 6.4/10 2,098 votes

, , ,

1 win & 18 nominations.

China, Hong Kong

1250

Report error

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee – Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။

ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။

၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး

ရှင်ဘုရင်က စုံထောက်တီ(ဒီး)ကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။

ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့် မိဖုရားဝူက အမျက်ရှတော်မူပါတယ်…

စုံထောက်တီ(ဒီး)လို ဦးနှောက်ပဲရှိပြီး မျိုးရိုးက မင်းမှုထမ်း သာမန်ဖြစ်နေတဲ့ လူမျိုးကို အာဏာအပ်နှင်းရမလားဆိုပြီးတော့ပေါ့။

(အဲ့ဒီခေတ်ကတည်းက အသိဉာဏ်ပညာရှိတဲ့လူတွေထက် မျိုးရိုးက ပိုစကားပြောခဲ့ကြပုံပေါ်ပါတယ်..ဤကား စကားချပ်။)

ဒါနဲ့ မိဖုရားဝူက ပွဲကြမ်းတော်မူတယ်ပေါ့…ရှင်ဘုရင်ကလဲ သူ့မိဖုရားကို ချစ်ခင်နှစ်သက်တော်မူတာကြောင့် မယ်တော်ဝူဟာ ဘုရင်မတစ်ပါးလိုဖြစ်နေတော့ နန်းတွင်းထဲ လုပ်ချင်ရာလုပ်နေသတဲ့။

မိဖုရားဝူကတော့ နဂါးနိုင်ဓါး (ကျိုင်းတံ)ကိုပဲ ပြန်သိမ်းပြီး စုံထောက်တီ(ဒီး)ကို တွယ်ထုတ်ချင်ယုံပါ။

ဒါပေမယ့် ရှေ့မင်းဆက်လက်ထက်က ရာဇဝင်ကြွေးမကျေတဲ့ အိန္ဒိယက နတ်ဝိဇ္ဇာ စစ်သည်တော်တွေ မိဖုရားဝူကိုအကြောင်းပြုလို့

ဒီအမှုတွဲထဲကို ပါဝင်လာတဲ့အခါမှာတော့…စုံထောက်တီ(ဒီး) ဘယ်လိုဖြေရှင်းမလဲဆိုတာ…။

ရိုက်ကူးထားတဲ့ သိုင်းကွက်တွေ လက်နက်ပစ္စည်းတွေ Special Effect တွေကတော့ ပြောနေကြအတိုင်း တဝိုးဝိုးဖြစ်ရမှာပါ။

ဒီဇာတ်ကားကိုကြည့်ပြီးမှ ၂၀၁၀ က စုံထောက်တီ(ဒီး) ဇာတ်ကားကို ကြည့်သင့်ပါတယ်..။

တရုတ်ပြည်သမိုင်းမှာ ထက်မြက်တယ် ဉာဏ်ပညာရှိတယ် ကောက်ကျစ်တယ် ရက်စက်တယ် အမျိုးမျိုးအဖုံဖုံ ပြောဆိုနေကြတဲ့ တစ်ဦးတည်းသောဘုရင်မဖြစ်ခဲ့တဲ့ Empress Wu တဖြစ်လဲ Wu Zetian အကြောင်းကို အနည်းငယ်မြည်းစမ်းကြည့်နိုင်မှာပါ။

– Zawgyi –

ဒီရုပ္ရွင္ကေတာ့ ၂၀၁၃ ကထြက္ရွိခဲ့တဲ့ Young Detective Dee – Rise of The Sea Dragon ရဲ႕ Sequel အေနနဲ႕ထြက္ရွိလာခဲ့တာပါ။

ေရွ႕က အဓိကသရုပ္ေဆာင္ေတြ အကုန္နီးပါး ျပန္ပါဝင္ထားပါတယ္။

၂၀၁၀ ကထြက္ရွိျပီး ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ္ရွင္ရဲ႕ Prequel ရုပ္ရွင္ေတြျဖစ္ပါတယ္။

ဒီဇာတ္ကားမွာေတာ့ Rise of The Sea Dragon ရုပ္ရွင္ အဆံုးကေနျပန္လည္စတင္ထားျပီး

ရွင္ဘုရင္က စံုေထာက္တီ(ဒီး)ကို နဂါးႏိုင္ဓါး (က်ိဳင္းတံ) အပ္ႏွင္းျပီး တစ္တိုင္းျပည္လံုးကို ေစခိုင္းႏိုင္တဲ့ အခြင့္အာဏာအပ္ႏွင္းလိုက္တာကေန စတင္ပါတယ္။

ဒီလိုအာဏာအပ္ႏွင္းလိုက္တဲ့အတြက္ ရွင္ဘုရင္ကို တရုတ္ျပည္သမိုင္းမွာတစ္ဦးတည္းေသာဘုရင္မျဖစ္လာမယ့္ မိဖုရားဝူက အမ်က္ရွေတာ္မူပါတယ္…

စံုေထာက္တီ(ဒီး)လို ဦးေႏွာက္ပဲရွိျပီး မ်ိဳးရိုးက မင္းမႈထမ္း သာမန္ျဖစ္ေနတဲ့ လူမ်ိဳးကို အာဏာအပ္ႏွင္းရမလားဆိုျပီးေတာ့ေပါ့။

(အဲ့ဒီေခတ္ကတည္းက အသိဥာဏ္ပညာရွိတဲ့လူေတြထက္ မ်ိဳးရိုးက ပိုစကားေျပာခဲ့ၾကပံုေပၚပါတယ္..ဤကား စကားခ်ပ္။)

ဒါနဲ႔ မိဖုရားဝူက ပြဲၾကမ္းေတာ္မူတယ္ေပါ့…ရွင္ဘုရင္ကလဲ သူ႕မိဖုရားကို ခ်စ္ခင္ႏွစ္သက္ေတာ္မူတာေၾကာင့္ မယ္ေတာ္ဝူဟာ ဘုရင္မတစ္ပါးလိုျဖစ္ေနေတာ့ နန္းတြင္းထဲ လုပ္ခ်င္ရာလုပ္ေနသတဲ့။

မိဖုရားဝူကေတာ့ နဂါးႏိုင္ဓါး (က်ိဳင္းတံ)ကိုပဲ ျပန္သိမ္းျပီး စံုေထာက္တီ(ဒီး)ကို တြယ္ထုတ္ခ်င္ယံုပါ။

ဒါေပမယ့္ ေရွ႕မင္းဆက္လက္ထက္က ရာဇဝင္ေၾကြးမေက်တဲ့ အိႏၵိယက နတ္ဝိဇၨာ စစ္သည္ေတာ္ေတြ မိဖုရားဝူကိုအေၾကာင္းျပဳလို႕

ဒီအမႈတြဲထဲကို ပါဝင္လာတဲ့အခါမွာေတာ့…စံုေထာက္တီ(ဒီး) ဘယ္လိုေျဖရွင္းမလဲဆိုတာ…။

ရုိက္ကူးထားတဲ့ သိုင္းကြက္ေတြ လက္နက္ပစၥည္းေတြ Special Effect ေတြကေတာ့ ေျပာေနၾကအတိုင္း တဝိုးဝိုးျဖစ္ရမွာပါ။

ဒီဇာတ္ကားကိုၾကည့္ျပီးမွ ၂၀၁၀ က စံုေထာက္တီ(ဒီး) ဇာတ္ကားကို ၾကည့္သင့္ပါတယ္..။

တရုတ္ျပည္သမိုင္းမွာ ထက္ျမက္တယ္ ဥာဏ္ပညာရွိတယ္ ေကာက္က်စ္တယ္ ရက္စက္တယ္ အမ်ိဳးမ်ိဳးအဖံုဖံု ေျပာဆိုေနၾကတဲ့ တစ္ဦးတည္းေသာဘုရင္မျဖစ္ခဲ့တဲ့ Empress Wu တျဖစ္လဲ Wu Zetian အေၾကာင္းကို အနည္းငယ္ျမည္းစမ္းၾကည့္ႏိုင္မွာပါ။

Detective Dee: The Four Heavenly Kings (2018)
Detective Dee: The Four Heavenly Kings (2018)
Detective Dee: The Four Heavenly Kings (2018)
Detective Dee: The Four Heavenly Kings (2018)
Detective Dee: The Four Heavenly Kings (2018)
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies