ဒီကားလေးကတော့ 2019 ကထွက်ထားတဲ့ drama ကားကောင်းလေးပါ။
ဒီကားထဲမှာ Yasmine ဆိုတဲ့ကောင်မလေးကအိမ်ခြေရာမဲ့ ဥမင်လှိုဏ်ခေါင်းအောက်တစ်ခုမှာ နေထိုင်တာပါ။
သူမဟာ မိဘမဲ့တစ်ဦးပါ။၁၆ နှစ်ကတည်းက မိခင်ဖြစ်သူနဲ့ ဝေးကွာခဲ့ရပြီး အထီးကျန်ပြီး အဆင်ပြေသလို နေထိုင်နေရသူပါ။
အဲ့နောက် ရဲဝန်ထမ်းတွေရဲ့ အကူအညီတစ်ချို့ကို ရခဲ့ပေမယ့် သူမဟာ သူ့ဘာသာသူ ရပ်တည်ခဲ့ပါတယ်။
တစ်နေ့မှာ အမျိုးသမီးကြီးတစ်ယောက်နဲ့တွေ့ပြီး သူမနွေးထွေးမှုတစ်ခုကို ခံစားခဲ့ရပါတယ်။ဒါပေမယ့် အဲ့အမျိုးသမီးက သူရဲ့ ဘုရားကျောင်းတစ်ခုက လူတွေအကူအညီနဲ့ သူမကို စောင့်ရှောက်ပေးဖို့ အပ်နှံပြီး ဘုရားကျောင်းဆီ ခေါ်သွားပါတယ်။
သူမကို အဲ့မှာနေရင် နွေးထွေးမှုကို ခံစားရမယ်လို့ ပြောပေမယ့် ထွက်ခွာလာခဲ့ပါတယ်။ ဒီကားထဲမှာ သူရဲ့အထီးကျန်မှုနဲ့အတူ လူတွေရဲ့ မျက်နှာဖုံးကိုယ်စီ၊ အကျင့်စရိုက်တစ်မျိုးစီကို တွေ့နိုင်ပါတယ်။
သူမဟာ ကျန်ရှိနေတဲ့သူ့ဘဝအတွက် သူ့ခြေထောက်ပေါ်သူရပ်ပြီး ဘယ်လိုနေထိုင်သွားမလဲဆိုတာ ကြည့်ရမှာပါ
ဒီကားက ဘဝပေးအခြေအနေကြောင့် အိမ်ခြေရာမဲ့ တစ်ယောက်တည်းဘဝကို ရပ်တည်နေရသူတွေအကြောင်းကို လုံးဝထင်ဟပ်စေတဲ့ ဇာတ်ကားကောင်းလေးပါ။
Leave a Reply