#unicode
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်အိန္ဒိယကားလေးကတော့ “Gandeevadhari Arjuna” ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်တွေ ဖောက်ပြန်မှုဒဏ်တွေကို အလူးအလဲခံစားလာရတဲ့အခါ ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စကို
ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ကြိုးစားလာပါတယ် သူတို့ရဲ့အစီအစဉ်ကတော့ ရာသီဥတုပြောင်းလဲမှုကို အဓိကဖြစ်စေတယ်လို့သူတို့ထင်တဲ့
နိုင်ငံ ၂၅ ခုမှာ စောင့်ကြည့်သူတွေကို ခန့်အပ်ထားရှိဖို့ပဲဖြစ်ပါတယ် ကုလသမဂ္ဂအနေနဲ့ အိန္ဒိယနိုင်ငံအတွက်စောင့်ကြည့်သူရွေးတဲ့နေရာမှာတော့
အကြီးဆုံးကော်ပိုရေးရှင်းလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ C&G ကိုခန့်ထားဖို့အတွက်လျာထားခဲ့ပါတယ် ဒါပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့
ရာသီဥတုပြောင်းလဲမှုဆိုင်ရာစီမံရေးဝန်ကြီးဖြစ်တဲ့ အာဒိတရာရာ့ဂ်ျက သူတို့ရဲ့ ဆိုးရွားလှတဲ့တရားမဝင်လုပ်ငန်းတွေအကြောင်း သိရှိသွားခဲ့ပါတယ်
C&G ဘက်ကလည်း ဒီအကြောင်းကို သိသွားတဲ့အခါ သူတို့အကြောင်းကိုမဖော်ထုတ်အောင်လို့ ဝန်ကြီးကိုလိုက်ပြီးအန္တရာယ်ပြုတော့တာပေါ့
အဲဒီအချိန်မှာ ဝန်ကြီးကိုကာကွယ်ဖို့အတွက် ရွေးချယ်ခံလိုက်ရတဲ့သူကတော့ ထက်မြက်ပေမယ့် ထင်ရာစိုင်းတတ်တဲ့ အမိန့်မနာခံတတ်တဲ့အာဂျွန်ဖြစ်ပါတယ်
အာဂျွန်တစ်ယောက် ဝန်ကြီးကို ဘယ်လိုမျိုးကာကွယ်သွားမလဲ၊ C&G ရဲ့အကြံအစည်တွေကို ဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size – 1.2GB,3GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply