##unicode
အယ်လီနာက လူတွေကိုကူညီပေးတဲ့ နတ်သမီးလေးဖြစ်နိုင်ဖို့ အမိမြေဆိုတဲ့ကျောင်းတော်ကြီးမှာ ပညာသင်နေတဲ့ နတ်သမီးလေးပေါ့။
ဒါပေမဲ့ လူသားတွေက နတ်သမီးပုံပြင်တွေထဲကလို ပျော်ရွှင်စရာဇာတ်သိမ်းတွေကို မယုံကြည်တော့တဲ့အခါမှာတော့ သူတို့ရဲ့ကျောင်းကြီးလည်း ပိတ်သိမ်းရဖို့ဖြစ်လာပါတော့တယ်။
အဲ့လိုပိတ်သိမ်းလိုက်ရင် အယ်လီနာတစ်ယောက်လည်း သူဖြစ်ချင်လှတဲ့ ကူညီသူနတ်သမီးလေးမဖြစ်နိုင်တော့ဘူးပေါ့။
ကျောင်းကိုမပိတ်ရဖို့ဆိုရင် နတ်သမီးတွေက လူတွေကိုကူညီပေးနိုင်သေးတယ်ဆိုတာကို သက်သေပြနိုင်မှဖြစ်မယ်ဆိုပြီး အယ်လီနာက ကူညီသူနတ်သမီးတွေဆီစာရေးပြီး အကူအညီတောင်းထားတဲ့ မက်ကန်ဇင့်ဆိုတဲ့ ၁၀ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို ကူညီနိုင်ဖို့ လူ့ပြည်ကိုခိုးသွားပါတော့တယ်။ လူ့ပြည်ရောက်တော့ မက်ကန်းဇင့်က ၁၀ နှစ်အရွယ်မဟုတ်ဘဲ အသက်ကြီးလို့ ကလေးတွေတောင်ရနေပါပြီ။
ခေတ်သစ်ကမ္ဘာကြီးနဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ အယ်လီနာတစ်ယောက် ဘယ်လိုတွေ ၂ ပါးသွားကြမလဲ…
ပျော်ရွှင်ခြင်းဆိုတာကို မယုံကြည်တော့တဲ့ မက်ကန်ဇင့်ကို သူဘယ်လိုမျိုးကူညီမလဲ…
သူရဲ့ကျောင်းတော်ကြီးကို ကယ်တင်နိုင်ပြီး ကူညီသူနတ်သမီးတစ်ယောက်ဖြစ်လာနိုင်မှာလား…
ဆိုတာကိုတော့ ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။
စိတ်အပန်းပြေဖို့၊ ရယ်မောဖို့ ဇာတ်ကားကောင်းလေးတစ်ကားပါ
##zawgyi
Review – Yue Liang
File Size – 1GB
Format…mp4
Quality : 1080p WED-DL
Duration… 1h 50min
Genre : Comedy, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
Leave a Reply