Henry’s Crime (2010) အညွှန်း
******************************
ဒီကားလေးကိုတော့ ကျွန်တော်တို့အားလုံးနဲ့ ရင်းနီးပြီးသား မင်းသားဖြစ်တဲ့ Keanu Reeves ၊ မင်းသမီး Vera Farmiga နဲ့ ဝါရင့်သရုပ်ဆောင်
မင်းသားကြီး James Caan တို့က အတွဲအဖက်ညီညီ သရုပ်ဆောင်ထားကြပါတယ်…
ဟင်နရီ တော်န် ဟာသူ့ရဲ့ အပေါင်းအသင်းတွေနဲ့ ဘေ့စ်ဘောကစားဖို့
လိုက်သွားခဲ့ရာမှ….ကံဆိုးချင်တော့ သူ့ဘော်ဒါတွေ
ကျူးလွန်တဲ့ ဘဏ်ဓားပြတိုက်တဲ့အမှုမှာ ဟင်နရီ က ပူးပေါင်းပါဝင်မှုနဲ့ ထောင်၃ နှစ်ကျသွားခဲ့ပါတယ်….
ဘာအပြစ်မှမကျူးလွန်ဘဲနဲ့ ထောင်နန်းစံလိုက်ရတဲ့ ဟင်နရီ ဟာ ထောင်ကလွတ်လာတဲ့ အခါ မှာတော့….
သူ မတိုက်လိုက်ရတဲ့ ဘဏ်ကို…အခုမှ တကယ်
ဓားပြတိုက်ဖို့ ကြံစည်ပါတော့တယ်…….
Leave a Reply