##unicode
“Malikappuram” ဆိုတဲ့အိန္ဒိယကားလေးကတော့ ဇာတ်အိမ်ရိုးရိုးလေးနဲ့ဆွဲခေါ်သွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Action/adventure
အမျိုးအစားဖြစ်ပြီးတော့ ဒီကားလေးထဲမှာဆိုရင် အသက် ၈ နှစ်အရွယ်ကလေးမလေး ကာလူရဲ့ ဆာဘရီမာလာဘုရားကျောင်းကိုသွားဖို့အတွက်
စွန့်စားထွက်လာပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်
ကာလူဟာဆိုရင်ငယ်ငယ်ကတည်းက ဆာဘရီမာလာဘုရားကျောင်းမှာရှိတဲ့ အရှင်အာရာပန်ကိုအရမ်းကိုကိုးကွယ်ယုံကြည်တဲ့သူဖြစ်ပါတယ်
သူ့အဖေကလည်းအလုပ်ကိစ္စလေးတွေ၊ အိမ်ပြဿနာလေးတွေကြောင့် ဘုရားကျောင်းကိုလိုက်ပို့မယ်လို့ပြောပေမယ့် နှစ်တိုင်းလိုက်မပို့ဖြစ်ဘဲရှိနေတာပေါ့
ဒီလိုနဲ့ဒီနှစ်မှာတော့သေချာပေါက် ဆဘရီမာလာဘုရားကျောင်းကိုသွားကြမယ်လို့သူ့အဖေက ကတိပေးခဲ့ပါတယ် ဒါပေမယ့်ကာလူဟာကံမကောင်းခဲ့ပါဘူး
သူ့အဖေဟာရုတ်တရက်ဆုံးပါးသွားပြီးတော့ သူတို့သားအဖရဲ့ကတိဟာလည်း ပျက်စီးသွားခဲ့ပါတယ် ဒါကြောင့်ကာလူဟာသူ့ဖာသာပဲ
ဆဘရီမာလာဘုရားကျောင်းကိုမရောက်ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်
အသက် ၈ နှစ်အရွယ်ကလေးမလေးတစ်ယောက်ဝေးလံလွန်းတဲ့ဆာဘရီမာလာဘုရားကျောင်းဆီကိုအရောက်သွားနိုင်မှာလား..
လမ်းခရီးတစ်လျှောက်ဘေးမသီရန်မခဘဲ အန္တရာယ်ကင်းပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply