(App member only)
##unicode
အခု ကြည့်ရှုရမဲ့ ဇာတ်ကားကတော့ “The Librarian: Quest for the Spear” ဆိုတဲ့ဇာတ်ကားလေးပါ။
ဒီဇာတ်ကားထဲမှာတော့ ဇာတ်ဆောင်”ဖလင်း” စာကြည့်တိုက်မှူးဖြစ်ပြီးနောက် လုပ်ဆောင်ရတဲ့
ပထမဆုံးစွန့်စားခန်းကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။
ဇာတ်ကားထဲမှာတော့….
ထက်မြတ်ပြီး စာဖတ်ရတာကိုကြိုက်နှစ်သက်တဲ့ဖလင်းဟာ စာကြည့်တိုက်မှူးအဖြစ် အင်တာဗျူးဖြေဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။
အဲ့ဒီလိုနဲ့ ဖလင်းဟာ စာကြည့်တိုက်မှူးအဖြစ်ခန့်အပ်ခံရပြီးတဲ့နောက်မှာတော့ ထင်သလောက်မရိုးရှင်းမှန်းသိရှိသွားပြီး
ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကို စောင့်ရှောက်ရတဲ့အလုပ်မှန်းနားလည်သွားပါတယ်။
အဲ့တာကြောင့်ပဲ…ရှေးဟောင်းလှံတံအခိုးခံလိုက်ရပြီးတဲ့နောက်မှာ ဖလင်းဟာ လှံကိုရှာဖွေဖို့ရန်အတွက် စွန့်စားခန်းဖွင့်ဖို့ဖြစ်လာပါတော့တယ်။
ဖလင်းကိုကာကွယ်ဖို့ရန်အတွက် နီကိုးလ်လိုခေါ်တဲ့ ကိုယ်ခံပညာကျွမ်းကျင်တဲ့အမျိုးသမီးလေးကိုလည်း စာကြည့်တိုက်က စေလွှတ်ခဲ့ပါတယ်။
ဖလင်းနဲ့နီကိုးလ်တို့ဟာ လေယာဉ်ပေါ်မှာတွေ့ဆုံခဲ့ပြီးအနှောက်အယှက်ပေးသူတွေနဲ့ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့…..
သူတို့ဟာ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ၊ အလုပ်တာဝန်ကိုအောင်မြင်အောင်ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ
ဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဇာတ်လမ်းဟာ Fantasy, Action, Adventure type ဖြစ်တဲ့အတွက်
စိတ်လှုပ်ရှားဖွယ်၊ရင်ထိတ်ဖွယ်၊ပျော်ရွှင်ဖွယ်ခံစားချက်တွေကို ပေးစွမ်းနိုင်တာဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါ။
##zawgyi
ဇာတ်ကားထဲမှာတော့….
Review – KKK
File Size – 1GB,2GB
Format…mp4
Quality : 1080p Blu-ray,720p Blu-ray
Genre : Action,Aventure,Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
====================================================================
App ဒေါင်းရန္
မန်ဘာဝင်လိုသူများ
viber – 0969117714
Upload on Youtube
Leave a Reply