##unicode
အခုတင်ဆက်ပေးမဲ့စီးရီးကတော့ Benjamin Cavell ရဲ့ဖန်တီးမှုလက်ရာ American military drama television series တစ်ခုဖြစ်တဲ့
“Seal Team” အမည်ရ Action fiction အမျိုးအစား စီးရီးတစ်ခုပါ။ ဒီစီးရီးဟာ season 5 ခု ထွက်ရှိထားတဲ့ 2017 ထွက်
တကယ့်စီးရီးကောင်းတစ်ခုပါ။ Rating အနေနဲ့ကတော့ IMDb Rating 7.7 နဲ့ Rotten Tomatoes 71% ရထားပါတယ်။
ဒီစီးရီးကတော့ အသက်နဲ့ရင်းပြီး လေ့ကျင့်ရေးဆင်းလာတဲ့ Green Team ကျောင်းဆင်းတွေထဲက တပ်သားတွေကို
ဘရာဗိုအဖွဲ့၊ ချာလီအဖွဲ့ စသဖြင့် အဖွဲ့ခေါင်းဆောင်တွေက ကိုယ်စီအဖွဲ့တွေထဲ ရွေးချယ်ထည့်သွင်းကြတယ်။
ဇာတ်ဆောင်မင်းသား ဂျေဆင် ဦးဆောင်တဲ့ ဘရာဗိုအဖွဲ့မှာတော့ အဓိကအဖွဲ့ဝင် ဆန်နီ၊ရေမွန်တို့အပြင် စပန်ဆာ အမည်ရ
Green Team ကျောင်းဆင်း အထူးတပ်သားကောင်လေးတို့ အဓိကထား ပါဝင်ပါတယ်။
ဒီစီးရီးမှာတော့ အထူးလျှို့ဝှက်စစ်ဆင်ရေးတပ်ဖွဲ့ ဘရာဗိုအဖွဲ့ရဲ့ အမျိုးမျိုးသော ခက်ခဲကြမ်းတမ်းတဲ့ စစ်ဆင်ရေးမစ်ရှင်တွေကို
ပရိသတ်များအနေနဲ့ အပိုင်းတစ်ပိုင်းစီတိုင်းမှာ မရိုးမအီ မပျင်းမရိရဘဲ စိတ်ဝင်တစား ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
ဒီတော့ အများကြီး ညွှန်းမနေတော့ပါဘူး။ ညွှန်းလို့လည်း ကုန်နိုင်မှာမဟုတ်လို့ပါ။
ဆိုတော့ ပရိသတ်များရဲ့တဒင်္ဂအားလပ်ချိန်တွေကို Enterrainment ဘက်လှည့်ပြီး အချိန်ပေးကြည့်ရှုမယ်ဆိုရင်ဖြင့်
ဒီလိုစီးရီးတွေက အမည်ကြားရုံ၊ trailer ကြည့်ရုံနဲ့တင် အချိန်ကုန်ရကျိုးနပ်စေမဲ့ စီးရီးမျိုးတွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို
အထွေအထူးပြောပြနေစရာတောင် လိုအပ်မယ်မထင်ပါဘူး။ ဒါကြောင့် ကျည်ဆံ၊ ဗုံးသံ၊ သေနတ်သံ၊ ပေါက်ကွဲသံတွေကြားမှာ
ရဲရဲရင့်ရင့် အသက်ကိုရင်းလို့ ပေးအပ်လာတဲ့ မစ်ရှင်အမျိုးမျိုးကို အထူးတပ်ဖွဲ့တွေက ဘယ်လို၊ဘယ်ပုံ ရင်ဆိုင်ဖြေရှင်းကာ
ပိပိရိရိ ကိုင်တွယ်လှုပ်ရှားသွားကြလဲဆိုတာကို ဒီစီးရီးလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။
##zawgyi
Review – Mablethaw
File Size – 300MB,1GB
Format…mp4
Quality : 1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Mablethaw
Encoded by Arrow
=================================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
====================================================================================
Episode 1
Episode 2
Leave a Reply